အပိုင္း ၁၆/အပိုင်း ၁၆

14.4K 1.4K 34
                                        

Unicode

"ဟင့်အင်း မရဘူး တခြားမှာသွားအိပ်"

မအိပ်နိုင်ပါဘူး မင်းနဲ့အတူရှိချင်လို့ ကြိုးစားထားရတာ။ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် မင်းနဲ့
အတူအိပ်ရမှာကို ဖြစ်မှာ။

"အရင်ကလည်း အတူတူအိပ်နေကျပဲကို"

"အရင်ကမသိခဲ့လို့လေ အခုကသိပြီမို့ မအိပ်နိုင်ဘူး "

"ရပါတယ် ကိုယ် ဒီအောက်လေးမှာပဲ ဖျာခင်းပြီး အိပ်မယ်လေ ကုတင်ပေါ်တက်မအိပ်ပါဘူး။
ကိုယ်က တစ်ယောက်ထဲ သူများအိမ် အိပ်ဖို့ကျတော့
မအိပ်ရဲလို့"

"ရတယ် အောက်မှာဆိုအိပ် အဓိကက ကုတင်ပေါ်တက်မလာဖို့ပဲ"

အခန်းထောင့်က သင်ဖြူးဖျာလေးသွားယူပြီး ခင်းကာ
ခေါင်းအုံးနဲ့စောင်နဲ့ဆို အဆင်ပြေပြီ။မှိုင်ပျပျ ညအိပ် အခန်းမီးလေးဖွင့်ပြီး နှစ်ယောက်သား ငြိမ်သက်နေမိသည်။

"ဒီရေ"

"ဟင်"

ငြိမ်သက်ခြင်းကို ဖြိုခွင်းလိုက်သည်က အာကာရဲ့ အသံနွေးနွေး။

"ကိုယ်တို့က ဒီလိုပဲ နေသွားကျမှာလား"

"ဒီလိုမနေလို့ ခင်များက ဘယ်လိုနေချင်လို့လဲ"

ကုတင်ပေါ် ပက်လက်အိပ်နေရာကနေ တစောင်း‌လှဲပြီး
အောက်ကလူကို ကြည့်တော့ မော့ကြည်နေတဲ့ မျက်၀န်းကြည်ကြည်တွေနဲ့ အကြည့်ချင်ဆုံမိသည်။လှလိုက်တဲ့ မျက်၀န်းလေးတွေ။
ယောကျာ်းတစ်ယောက်က မျက်၀န်းတွေက ဒီလောက်ထိ လှစရာလိုလို့လား။

ချီးပဲ ငါအခုလှတယ်လို့တွေးလိုက်တာလား။

"ကိုယ်ကတော့ မင်းအပေါ်တာ၀န်ယူသင့်တယ်လို့ ထင်တာပဲ ဘာဖြစ်လို့လဲဆိုတော့ မင်းက ကိုယ့်..."

"တော်ပြီး မင်းက ကိုယ့်မိန်းမဖြစ်သွားပြီလို့ ပြောမို့မလား။မပြောနဲ့တော့ ဒီမိန်းမ မိန်းမဆိုတဲ့စကား
ကိုခဏခဏ မသုံးပါနဲ့လားကြားရတာ ကျောချမ်းလို့ပါ"

"တကယ်လည်း မင်းက ကိုယ့်မိန်းမပဲလေ"

ခေါင်းအုံးပိတ်ပေါက်လိုက်တော့ အသာအယာဖမ်းပြီး
အူတက်အောင်ရယ်နေတော့သည်။လူကို လာလှောင်နေတယ် စောက်အသေးလေး။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now