အပိုင္း ၃၄/အပိုင်း ၃၄

11.1K 1K 101
                                        

Unicode

နောက်တစ်ခေါက် မင်းကို မတွေ့နိုင်တော့တာ
သေချာတယ် ဘယ်လို‌ဖြစ်ဖြစ် တို့ချစ်ခဲ့တာပဲ
လမ်းတစ်၀က်မရောက်ခုချိန်လေးမှာပဲ
နင်ထားခဲ့တယ်

နောက်တစ်ခေါက်ကို မင်းကို တွေ့ချင်နေပေမဲ့
ဘယ်လိုဖြစ်ဖြစ် မေ့ပစ်ရမှာပဲ အမှတ်တရမျိုးစုံလေးတွေထဲမှာပဲ နေရစ်ခဲ့မယ်
အရင်လိုမျိုး မတွေ့ဖြစ်တော့ပေမဲ့
အရင်လိုမျိုး မင်းမချစ်တော့ပေမဲ့
အရင်လိုမျိုးနောက်တစ်ခေါက်ရရင် လိုချင်မိတယ်

သတိရတယ် အချစ်လေးရယ်
ဘာကြောင့်များ မင်းလေးငါ့ကို မေ့ထားလဲ
ဘယ်လိုမှ မေ့လို့မရတဲ့ အချစ်တွေ
ဘယ်လိုမှ အစားထိုးမရနေ့တွေ
ဘယ်လိုမှ မေ့လို့မရတဲ့ အချစ်တွေ

သတိရတယ် အချစ်လေးရယ်
ဘယ်တော့များမင်းနဲ့နောက်ပြန်ဆုံအုံးမလဲ
ဘယ်လိုမှ အစားထိုးမရတဲ့နေ့တွေ
ဘယ်လိုမှ အစားထိုးမရတဲ့ အချစ်‌တွေ ပြန်လိုချင်သေးတယ်

နောက်တစ်ခေါက် မင်းကို တွေ့ချင်နေပေမဲ့
ဘယ်လိုဖြစ်ဖြစ် လမ်းခွဲရမှာပဲ အမှတ်တရမျိုးစုံ လေးတွေထဲမှာပဲ နေရစ်ခဲ့မယ်
အရင်လိုမျိုး မတွေ့ဖြစ်တော့ပေမဲ့
အရင်လိုမျိုး မင်းမချစ်တော့ပေမဲ့
အရင်လိုမျိုး နောက်တစ်ခေါက်ရရင် ပြန်လို........

ချောက်.....

ရေဒီယို ခလုတ်ကိုပိတ်ပြီး ခေါင်းကို ပက်လက်ကုလားထိုင်ပေါ် လှန်လှဲချလိုက်တော့
မျက်၀န်းထဲက မျက်ရည်တွေက အလိုက်ကန်းဆိုးမသိ
လိမ့်ဆင်းလာသည်။တိုက်ဆိုင်စွာ ထွက်ပေါ်လာတဲ့
ရွှေFMသီချင်းတောင်း အစီအစဉ်က သီချင်းသံက
နှလုံးသားတစ်ခုလုံးကို ဖစ်ညစ်လိုက်သလိုပင်။

လေးနှစ် လေးနှစ်ရှိပြီကိုကို။ကျွန်တော်စောင့်နေခဲ့တာ
ကိုကို ပြန်လာမယ်ဆိုလို့ ကျွန်တော်စောင့်နေခဲ့တာ
ဆိုင်ကယ်မှောက်တဲ့ အရှိန်ကြောင့် ခြေထောက်တစ်ဖက်က သိပ်မသန်တော့ဘူးကိုကို။
ရပ်ကွက်ထဲမှာလဲ ဘောလုံး လိုက်မကန်တော့ဘူး
အင်းးး ကန်လို့မရတော့လို့ဆို ပိုမှန်မယ် ။
ခေါင်းကလည်း ဘယ်နှစ်ချက် မှန်းမသိအောင်
ချုပ်လိုက်ရတယ်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Onde histórias criam vida. Descubra agora