Unicode
"ကောင်လေး အခြေအနေ"
ဘေးဘီကိုဝဲကြည့်ပြီး ကောင်လေးက
"ကိုကြီးဒီရေ ဒီညဝိုင်းမရှိဘူး အခြေအနေသိပ်မဟန်လို့တဲ့ မနေ့ညတုန်းကတောင်
အစောကြီး သိမ်းသွားကြတာ"
မရှိတော့လည်း ဘယ်တတ်နိုင်မလဲ။ထုံးစံအတိုင်း ဘီယာသောက်ပြီးပြန်တာပေါ့။ဘောင်းဘီအိတ်ထဲက
ငါးထောင်တစ်ရွက်ဆွဲထုတ်ပြီး ကောင်လေးကို
ကမ်းပေးတော့ မယူဖူးဆိုပြီး ငြင်းရှာသည်။
"ယူထားလိုက် ဒီညဝိုင်းမရှိတော့ မင်းမုန့်ဖိုးရှိမှာမဟုတ်ဘူး မငြင်းနဲ့ ငါကပေးရင်
ယူမှကြိုက်တာ"
မုန့်ဖိုးပေးတဲ့သူကလည်း ဟောက်ဟမ်းနေတာပဲ။
အဆိုးအပေလေးက စိတ်ကောင်းတော့ရှိသား။အတွင်းကျကျပေါင်းကြည့်မှ
အဖြူထည်လေးမှန်း သိရတာ။
"ဘယ်သွားအုံးမှာလဲ"
"သွားနေကျနေရာရှိတယ် အရင်ကတော့ တစ်ယောက်တည်းသောက်ေနကျ ခုတော့နှစ်ယောက်ပေါ့"
အိတ်အမဲထဲ ဘီယာဘူးတွေ ငါးမုန့်ထုတ်တွေ၀ယ်ထည့်ပြီး
ဆိုင်ကယ်အကြမ်းကြီးမောင်းလို့ ခါးကိုဖက်ထားရေသးသည်။မတော်တဆ ပြုတ်ကျကျန်နေခဲ့မှ ခက်မယ်။
"လူရှင်းသားပဲ"
"ဒီအချိန် လူသိပ်မရှိတော့ဘူး ဝိုင်းမရှိတိုင်း လာလာသောက်နေကျ"
မျက်မှန်မပါပဲ အမှောင်ထဲလျှောက်ေနရတော့ စမ်းတဝါးဝါးနဲ့ မမြင်မစမ်းဖြစ်လိုက်တာ။ရုတ်တရက်
လာဆွဲကိုင်တဲ့ လက်တစ်စုံ။အနွေးဓာတ်တစ်ခုက
လက်ဖဝါးတစ်စုံကနေ ရင်ထဲထိ ခပ်နွေးနွေးစီးဆင်းသွားပြီး ပတ်၀န်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသလိုပင်။
ပုစဉ်းရင်ကွဲသံတွေက ငြိမ့်ငြောင်းစွာ တီးခတ်နေတဲ့
တယောသံအလား သာယာနာပျော်လိုက်တာ။အချိန်ခဏလေး
အတောအတွင်း လက်ဖဝါးတစ်စုံကလွဲပြီး ခေတ္တခဏ
လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားရသည်။
"ဒီနားက အမှောင်နဲနဲကျတယ် လာ ဒါမှ ဘယ်သူမှမမြင်မှ"
"ဟင်"
"အရက်ဘီယာ သောက်နေတာ ကင်းလှည့်နေတဲ့ရဲေတွမြင်ရင် နှစ်ယောက်လုံး
အချုပ်ထဲရောက်သွားလိမ့်မယ်"
ВЫ ЧИТАЕТЕ
မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)