Unicode
"ဒီရေ ကိုယ်မောင်းရမလား"
မျက်လုံးလှန်ကြည့်ပြီး မသိမသာ မျက်စောင်းထိုးသည်လို့ပဲ ပြောရမလားမသိ။
"တော်ပါပြီ မမှတ်သေးဘူးလား ပြုတ်ကျထားတာကို"
"ဒီတစ်ခါ မဖြစ်စေရဘူး"
"တော်ပါတော့ ကျွန်တော့်ဘာသာ ဦးဆောင်ပါ့မယ်"
ဆိုင်ကယ်ပေါ် လှမ်းခွပြီး ဆိုင်ကယ်စီးဦထုပ်ဆောင်း
အာကာကိုလည်း တစ်လုံးလှမ်းပေးသည်။ဒီရေနောက်က ထိုင်လိုက်ပြီး
လက်တွေကို ခါးပေါ်မှာ နေရာယူတော့ ငုံ့ကြည့်သည်။
"ပြုတ်ကျမှာစိုးလို့ ဖက်ထားမယ်နော်"
"ခင်များ ကျွန်တော်နဲ့ ဆိုင်ကယ်စစီးထဲက ဖက်ထားနေ
ကျပဲမဟုတ်ဘူးလား"
"ဟီးဟီး ဟုတ်လား"
ချစ်တယ်လို့မပြောသေးပေမဲ့ ဒီကောင်ငယ်လေးဟာ
သူ့ရဲ့ရည်းစားမကျ ရည်းစားမကျမဟုတ်လား။ရည်းစားမကျ သူငယ်ချင်းမကျ မဟုတ်ဘူး။ဘာလို့လဲဆိုတော့ ဘယ်
သူငယ်ချင်းမှ အချင်းချင်း နှုတ်ခမ်းချင်းထိတွေ့ပြီး
မနမ်းသလို အိပ်ယာပေါ်က ကိစ္စတွေလည်း မလုပ်ကြဘူးလေ။
"ဒီရေ"
"ဘာလဲ"
"မင်းခုနက ပြောတာလေ မင်းဦးဆောင်မယ်ဆိုတာလေ"
"အင်းး ဘာဖြစ်လို့လဲ"
"အဲ့တာ အိပ်ယာပေါ်မှာတော့ မရဘူးနော် ကျန်တာပဲရမယ်"
အိပ်ယာပေါ်မှာ ဦးဆောင်တာ.....။ချီးပဲ လုပ်ပြန်ပြီ
ဘာလို့ ဒီလောက်တောင်အမြဲတမ်း အသားယူနေရတာလဲ။စားနေကျ မုန့်ဟင်းခါးဆိုင်ရှေ့ရောက်တော့ ဆိုင်တောင်သိမ်းတော့မယ်။
"ဟဲ့ ဒီရေ မတွေ့တာတောင်ကြာပြီ လာ လာ နင့်မလဲ
သေပြီတောင်ထင်ရတယ် ဘာလို့နှစ်ယောက်လုံး အတူတူပျောက်သွားရတာလဲ"
ဒီရေကော အာကာကိုကော ပြစ်တင်စကားပြောပြီး
ထုံးစံအတိုင်း သွက်သွက်လက်လက်နဲ့ မုန့်ဟင်းခါးကို
ဒီရေအကြိုက် အရည်များများနဲ့ အာကာအကြိုက်
အရည်နည်းနည်း ထည်ပေးသည်။
"အန်တီတိုး ယောကျာ်းမယူတော့ဘူးလား"
"ဒီအသက်အရွယ်မှ ယူစရာလားဟယ် ကြီးမှ ၀က်သတ်မပေါက်ချင်ပါဘူး"
ESTÁS LEYENDO
မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)