အပိုင္း ၂၃/အပိုင်း ၂၃

12.7K 1.1K 17
                                        

Unicode

ကားဂိတ်ကနေ တက္ကစီငှားပြီး အိမ်ပြန်ရောက်တော့
မနက်ခြောက်နာရီခွဲပြီ။ထမင်းချိုင့်ထည့်နေတဲ့ အမေ့နောက်ကျောကိုကြည့်ပြီး ၀မ်းနည်းစိတ်က
လှိုက်ခနဲ။အမေ အဖေ့ပေါ် ဘယ်လောက်ထိ ချစ်လဲဆို
တာကို သိနေတော့ အမေ့အတွက်ပါ ပိုပြီး ပူဆွေး
သောကရောက်မိသည်။

"အမေ"

"ဟင် သား"

အမေလို့ခေါ်သံအဆုံး ၀မ်းသာအားရ လှည့်ကြည့်ပြီး
မှ ပျက်ယွင်းသွားသော အမေ့မျက်နှာနွမ်းနွမ်းကြောင့်
မျက်နှာနုနုပေါ်က‌ဒဏ်ရာနဲ့အတူ ဒီဒဏ်ရာတွေပေးခဲ့
တဲ့ချစ်ရသူကိုသတိရမိသည်။အိမ်ပြန်လာတဲ့အကြောင်းတောင် မပြောခဲ့ရဘူး။စိတ်များပူနေမလားလို့ မတွေး
ရဲတွေးရဲ အတွေးကို တွေးလိုက်မိသည်။

"ဘယ်လိုဖြစ်လာတာလဲ သားရယ် မျက်နှာ တစ်ခုလုံး
ညိုမဲနေတာပဲ သားပြောတော့ ဟိုမှာ အစစအရာရာ
အဆင်ပြေပါတယ်ဆို အခု ဘယ်လိုဖြစ်ရတာလဲ
သားသာ တစ်ခုခုဖြစ်ရင် မေမေရင်ကျိုးမှာသားရဲ့"

သားဖြစ်သူရဲ့ မျက်နှာနုနုပေါ်က အညိုအမဲတွေကို
လက်ကလေးနဲ့ မထိရဲထိရဲနဲ့ ကိုင်ကြည့်ပြီး တတွတ်တွတ်ပြောနေတဲ့ မေမေကြောင့် ရင်ထဲမှာ
အနွေးဓာတ်‌ကလေး လွမ်းခြုံသွားသည်။

"ဘာမှဖြစ်တာမဟုတ်ပါဘူး မေမေရယ် သားဆိုင်ကယ်မှောက်တာပါ"

"အမလေး ဘုရားဘုရား မသေကောင်းမပျောက်ကောင်းသားရယ်
အမေတို့မိသားစု ကံများနိမ့်နေတာလား သားဖေကြီး
ကလည်း ဗိုက်ခွဲရတယ်"

ဗိုက်ခွဲရတယ်ဆိုမှ ဖေဖေကောသက်သာရဲ့လားလို့မေးပြီး စကားလမ်း
ကြောင်း လွဲရသည်။တစ်ပူပေါ် နှစ်ပူ မဆင့်စေချင်ပါ။

"အခု ထမင်းချိုင့်သွားပို့မလို့
သားပါ လိုက်ခဲ့ ဆေးလည်းထည့်ရမယ်။ ပြီးတော့
သားမမကို အိမ်တလှည့်ပြန်ခိုင်းပြီး နားခိုင်းရမယ်"

အမေနဲ့အတူ ဆေးရုံကို လိုက်သွားတော့ ကုတင်ပေါ်
ပက်လက်လှဲနေတဲ့ ဖေဖေ့ပုံရိပ်ကိုကြည့်ပြီး ဖေဖေ
သာ မတော်တဆ သူတို့ကို တစ်သက်လုံး ထားသွားရင်
သူရင်ကွဲရမှာ။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now