အပိုင္း ၁၈/အပိုင်း ၁၈

13.8K 1.3K 44
                                        

Unicode

"ကဲပါ မျက်နှာသစ် ဆူပုတ်မနေနဲ့ မနက်စာသွား၀ယ်မယ်"

ဆူပုတ်နေတဲ့ ကလေးဆိုးကို မျက်နှာသစ်ဖို့တိုက်တွန်းရသည်။ဒါတောင် တွန့်ဆုတ်
တွန့်ဆုတ်နဲ့ ဂျီကျချင်သေးတာ ။

မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးမှန်ကြည့်နေတုန်း
ဟိုဘွားတော် မျက်နှာက အ‌တွေးထဲပေါ်လာရသည်။
အခုလောက်ဆို တစ်အိမ်တက်ဆင်း အသေးလေးအကြောင်း ဖောက်သည်ချနေလောက်ပြီ။
သူ့သမီးအကြောင်းကို ပြောပြသွားသေးတယ်။
တော်တော်ဆိုးတဲ့ အဘွားကြီး။

"ဒီရေ မပြီးသေးဘူးလား"

"ပြီးပြီ"

အိမ်ရှေ့က အော်ခေါ်နေတဲ့သူကြောင့် မှန်ကြည့်ခြင်းကို လက်စသတ်လိုက်ရသည်။ဆိုင်ကယ်ယူထုတ် ဦးထုပ်ဆောင်းပြီ စားနေကျ မြို့ထဲက ဆိုင်ကို မောင်းရသည်။

"ဘာစားမှာလဲ ဒီရေ"

"မုန့်ဟင်းခါး ကြိုက်တယ်မလား"

"မကြိုက်ဘူးဆိုရင် မင်းမစားပဲနေမှာလား"

"သေချာပေါက် စားမှာပေါ့ ဟား....ဟားးး"

သူ့ကိုလှောင်ရယ်နေတဲ့ ကောင်ငယ်လေးရဲ့ ခါးကို
အားနဲ့ ဖစ်ညစ်လိုက်သည်။အချစ်နဲ့အတူ ဆိုင်ကယ်စီးရတဲ့ ဖီလင်က ပေါ့ပါးပြီး လန်းဆန်းလှသည်။ တစ်လောကလုံးမှာ နှစ်ယောက်တည်း ရှိသလိုပင်။

"အာကာ ဆိုင်ကယ်‌ေမာင်း သင်မလား"

"ဟမ် မကြားရဘူး ဘာပြောတာလဲ"

လေတိုးသံ တဝီဝီနဲ့ ဘာဆိုဘာမှ မကြားရလို့ ပြန်အော်မေးရသည်။

"ဆိုင်ကယ်မောင်းသင်မလားလို့ မေးတာ ကြားရပြီလား"

အသံနှုန်းကို မြှင့်ပြီးအော်တော့ ပေါင်ကို ဖြတ်ခနဲ လာရိုက်သည်။ဒီအသေးလေးဟာလေး ခြေမြန်လက်မြန်ရှိလိုက်တာ။

"ကြားတယ် ဖြေးဖြေး အော် သင်မယ် မင်းသင်ပေးရင်"

"ငါမသင်လို့ မင်းကိုဘယ်သူသင်ပေးမှာလဲ"

ရန်ဆက်ဖြစ်ဖို့ အရှိန်ယူစဉ် ထိုးရပ်လိုက်တဲ့ ဆိုင်ကယ်ကြောင့် ဆိုင်ရောက်ပြီမှန်း သိလိုက်ရသည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Место, где живут истории. Откройте их для себя