အပိုင္း၃/အပိုင်း ၃

20K 1.8K 65
                                        

Unicode

ဒီရေ ခြံထဲပြန်၀င်လာတော့ အိမ်ထဲက ပြန်ထွက်လာတဲ့ လူတစ်စုကြောင့် မတ်တပ်ရပ်ပြီး ပြန်ကြည့်နေလိုက်သည်။သူ့ကိုကြည့်သွားပေမဲ့ ဘာမှမပြောပဲ ခပ်သွသွက်ပြန်သွားကြသည်။
အိမ်ရှေ့ရောက်တော့ အမေနဲ့စကားပြောနေတဲ့ ဟိုဘက်ခြံက စာရေးဆရာကြောင့် အလိုမကျဖြစ်သွားရသည်။

"ဘာလာပြောပြန်ပြီလဲ မင်း"

"ဗျာ"

"ဗျာမနေနဲ့ မနက်က မဆူဖို့ တစ်ခါ လာပြောတယ်
ခုတစ်ခါလာပြန်ပြီ ပြောစမ်းပါအုံး ခုကဘာကိစ္စလည်း"

ခါးထောက်ပြီး ဒေါနဲ့မောနဲ့ဆိုလာတဲ့ ဒီရေကြောင့် ခုနက ထားမိတဲ့စိတ်ကောင်းလေးတောင် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရသည်။ ဘယ်လောက်စိတ်တိုတို ခပ်အေးအေး‌နဲ့ အလိမ္မာဆိုတတ်တဲ့ ဗီဇအတိုင်း။

"အခုက ဒီရေဆိုတဲ့ကောင်လေး ဘုမသိဘမသိနဲ့ မိန်းမတစ်ယောက် ရသွားမှာဆိုးလို့ လာကူညီတာပါ ခင်ဗျာ အခုတော့ပြန်လိုက်ပါအုံးမယ်"

"ဟုတ်တယ်သားရဲ့ မင်းမလဲ ဒေါသကြီးပဲ ဒီကကလေးကို အားနာစရာ"

"ရပါတယ် အန်တီရဲ့ ဒါနဲ့ မင်းက ကိုယ့်ထက်ငယ်မယ်ထင်တယ် ကိုယ့်အသက်က နှစ်ဆယ့်လေး နောက်ဆို မင်းလို့မပြောနဲ့ ကိုကိုလို့ပဲပြော"

"ဘာကိုကိုလဲ ဘောကို ကိုကိုလိုက်"

အမြဲရန်လို‌ေနတတ်သည့် ကောင်‌လေးကို အမြီးသွားဆွဲတော့ မာန်ဖီပြီးပေါ့။အာကာပြုံးမိသည်
ဒီကောင်လေးက တကယ့်အရိုင်းတုံးလေး ။အချိန်ရရင်
ပြုပြင်ပြောင်းလဲပေးအုံးမှပါ။

ဒီနေ့တစ်နေ့ထဲ ဒီရေခံရသည်မှာ နှစ်ခါရှိပြီ။အမေပြောပြလို့ အကြောင်းစုံ သိရပေမဲ့လည်း ကျေးဇူးမတင်နိုင်ဘူး။ကိုကိုလို့တောင်ခေါ်ရအုံးမယ်
သူကြည့်တော့ အရပ်က ခါးလောက်ပဲရှိတယ်။အမေ့ကိုလည်း မကျေနပ်ပါ
ဒီစာရေးဆရာစုတ်ထက် နောက်ကျပြီးမှ မွေးလို့။

"ဒီရေ ညနေ ဟိုဘက်ခြံက ကလေးကို ထမင်းစားသွားခေါ် ငါဖိတ်ထားပြီးပြီး"

"ဘာ အမေ သူ့ကို ထမင်းစားဖိတ်ထားတယ် အမေဘာလို့ သူမှသူ ဖြစ်နေတာလည်း"

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now