Unicode
"ဟား......ဟား......ဟား"
ရယ်ရတာ အူတွေပါနာတယ်။ အဟုတ် လိုက်အော်ဆဲမဲ့ရုပ်ပါ သူ့ငဂျစ်လေးက။ဒီကလေးအကြောင်းက သိလေ ပိုတိုးလို့ ချစ်မိလေပဲ။
မျက်မှန်ကိုင်း သွားလဲတဲ့နေ့က သီရိမေရဲ့ ဒီရေကို
သဘောကျနေတာလားဆိုတဲ့ စကားကို အတော်ကို
တုန်လှုပ်သွားမိသည်။သူအဲ့လောက်တောင် သိသားနေလားပေါ့။အစိုးရိမ်မလွန်ဖို့ သူက fujoshiဖြစ်နေလို့သာရိပ်မိတာ ဘယ်သူမှ မသိတဲ့အကြောင်း ပြောပြမှသာ သက်ပြင်းချနိုင်သည်။
ဘယ်လောက်ပဲ fujoshiဖြစ်နေပါစေ ယောကျာ်းတစ်ယောက်က တခြားမျိုးတူ အမျိုးသားတစ်ယောက်ကို သဘောကျနေသည်ဆို
တာက နည်းနည်းတော့ ရှက်ဖို့ကောင်းတယ်မဟုတ်လား။"ညီမကနင်ဒီတစ်သက်ယောကျာ်းမယူတော့ဘူးလားဆိုတော့ အေးတဲ့ သူ့ကို မိန်းမမယူတော့ဘူးလားလို့
မေးတယ်ထင်နေတာ ယောကျာ်းယူခိုင်းတာမှန်းသိရင်
သေချာပေါက် သူ့အဆဲကိုခံရအုံးမှာ""သွားမစပါနဲ့ ညီမရာ တော်ကြာ အကုန်လုံးကို ပတ်ရမ်းနေပါအုံးမယ်"
ဒီရေကို ပထမဆုံး ထိုးစစ်ဆင်တဲ့အကြောင်းကို
စစ်သူကြီးမ သီရိမေက ရှင်ဘုရင်လေးထံ လာရောက်လျှောက်တင်ခြင်းပင်။အိုးကမပူ စလောင်းက ပူဆိုတဲ့အတိုင်း ချစ်ပါတယ်ဆိုတဲ့လူက
ဘာမှမလှုပ်ရှားပဲ သူကချည်းပဲဦးဆောင်နေရသည်။
အေးလေ ကိုယ့်ဝါသနာနဲ့ ကိုယ်ဆိုတော့လည်း
ဒီလောက်တော့ရှိမှာပေါ့။"အကို အာကာက ဘာလို့ သူ့လိုအရိုင်းအစိုင်းကို
သဘောကျရတာလဲဆိုတာ နားမလည်နိုင်ဘူး"ဘာမှ ပြန်မပြောပဲ ပြုံရုံသာ ပြုံးနေတော့.......
"အကို သူ့ကို ဘယ်လိုစပြီး သဘောကျတာလည်း
ဥပမာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာလား စိတ်ပိုင်းဆိုင်ရာလား
တကယ်သိချင်တယ်""အင်း အကိုလည်းမသိဘူး အကို့စိတ်ထင် ဘုရားပေါ်မှာထင်တယ် ကလေးတွေကြားမှာ ပြုံးရွှင်နေတဲ့သူ့မျက်နှာက အရင်လို အမြဲရန်လိုနေတတ်တဲ့
ကျားရိုင်းတစ်ကောင်မဟုတ်တော့ပဲ ကြောင်ပေါက်လေးတစ်ကောင်လို ဖြစ်နေတယ်"
BẠN ĐANG ĐỌC
မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)