Part- 1(You are My Sunshine)

13.1K 380 10
                                    

Note * ပထမဆုံး fic လေးမို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါ ဝေဖန်ပေးကြပါဦးနော်
အရေးသားညံ့ရင်လည်း သည်းခံပေးကြပါနော်______________

လှိုင်းလေတွေတိတ်ဆိတ်ငြိမ်သက်နေကြတယ် ကောင်းကင်ကြီးကလည်း တိမ်စိုင်တွေမရှိသလောက်ပင် ပြာလဲ့လို့နေတယ် ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ ကြာပန်းလေးတွေနဲ့ပြည့်နေတယ် 'သြော်..ငါ ဝါးဖောင်လေးတစ်ခုပေါ်ရောက်နေပါလား' လို့စိတ်ထဲမှာပဲ ရေရွတ်မိတယ်...
ပတ်ဝန်းကျင်ကိုအကဲခတ်နေရင်း ခပ်လှမ်းလှမ်းမှ ရေသံတစ်ချို့ကြားလိုက်ရတယ် ရေသံလာရာကိုကြည့်မိတော့ ကောင်မလေးတစ်ယောက် လှေငယ်လေးတစ်စီးဖြင့် သူ့ဆီကိုလာနေတယ် တစ်ဖြည်းဖြည်းနီးလာလေ ထိုကောင်မလေးရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရလာတယ် လက်ထဲမှာလည်း ကြာပန်းလေးတစ်ပွင့်ကို ကိုင်ထားလျက်ပင်...'ဟင်..နတ်သမီးလေးများလား အသားရေကလည်းဝင်းဝါတောက်ပနေတာပဲ သူအပြုံးလေးကလည်းအရမ်းကို အေးချမ်းနေတာပဲ' စိတ်ထဲအတွေးပေါင်းစုံ ဝင်နေတုန်းမှာပဲ သူမလက်ထဲကကြာပန်းလေးကို ကို့ဆီလှမ်းပေးနေသည်...ကိုလည်းကြောင်အမ်းအမ်းဖြင့် လှမ်းယူမည့်အချိန်
ဒုန်းးးဒုန်းးး
"မမ ရေ ထေတာ့ နိုးနေပီလား ညီမေလးကို ဒီနေ့အပြင်မှာ ဓာတ်ပုံလိုက်ရိုက်ပေးမယ် ပြောထားတာလေ မမေရ ထပီလား"

အငယ္မတံခါးကို တအုန်းအုန်းထုပီး အပြင်ကနေအော်နှိုးနေသံပင်ဖြစ်သည်
သူ့ကြောင့်ကို့ရဲ့ အိမ်မက်ကောင်းခန်းလေးကို မရောက်လိုက် နည်းနည်းတော့ဒေါသဖြစ်ချင်သွားသည် သို့သော်လည်း ပြန်မထူးမချင်း ဆက်တိုက်အော်နေမည့်ညီမဖြစ်သူကြောင့် ထ၍တံခါးဖွင့်ရင်း
'ဘာလဲဟာ ယွန်းလေး ဒီမှာအိပ်ကောင်းနေတုန်းရှိသေးတယ် '

"ဟာ မမ နာရီကိုလည်းကြည့်လိုက်ဦး ၇နာရီ ထိုးနေပီ "

"ထိုးတော့ဘာဖြစ်လဲ အစောကြီးရှိသေးတာကို"

"ညီမေလးကို အင်းဝ လိုက်ပို့မယ်ပြောထားတယ်လေ ညီမေလးကေတာ့ ၆ နာရီလောက်ထဲက ထပြီး ရေမိုးချိုးပြင်ဆင်ထားရတာ မမကေတာ့ အိပ်ကောင်းနေတုန်း"
ပြောပီး နှုတ်ခမ်းလေးဆူပြီး စိတ်ကောက်ဖို့ပြင်နေသော ညီမဖစ်သူ၏နဖူးကိုလက်ဖြင့် သာသာလေးထုကာ

You are My SunshineWhere stories live. Discover now