Part- 29 (You are My Sunshine)

2.8K 178 8
                                    

(Unicode)

ဒီနေ့က အောင်ရတနာ Company ပိုင်ရှင် ဥက္ကဌကြီးရဲ့ Birthday Party ဆိုတော့ ပွဲက လုံးဝကို စည်ကားနေတော့သည်... ဖိတ်ကြားထားခြင်းခံရတဲ့ အနုပညာရှင်တွေကလည်း သူ့ထက်ငါ အပြိုင်လှနေကြတော့သည်... သိမ့်တစ်ယောက်ကတော့ ဝတ်နေကြမဟုတ်တဲ့ dinner dress ဂါဝန်ရှည်ကြီးကို ဝတ်ပြီးတော့ ဟိုသွားလိုက် ဒီသွားလိုက်ဖြင့် အလုပ်ရှုပ်နေတော့သည်...
Partyကို ခြံထဲမှာပဲ လုပ်ထားသဖြင့် ဆောင်းလေတဖြူးဖြူးနှင့် နေရထိုင်ရတာ အေးချမ်းလွန်းလှသည်.. သိမ့်တစ်ယောက် သူရဲ့ကလေး ဆင်းမလာသေးသဖြင့် သွားခေါ်ရန် အိမ်အပေါ်ထပ်သို့ တက်ခဲ့တော့သည်....

"ကလေး.... မပြီးသေးဘူးလား...."

"ကို တံခါးဂျက်ချမထားဘူး ဝင်ခဲ့လိုက်"

သိမ့်လည်း ချက်ချင်းပင် တံခါးဖွင့်လိုက်တော့ သူ့ကို ကျောပေးကာ ရပ်နေတဲ့
ကြယ်စင့်ကိုကြောင်ပြီးကြည့်နေတော့သည်....

"ကို.. ကလေးကို နောက်ဇစ်လေး ဆွဲပေးဦး ဒီမှာမမှီလို့ ..."

"အော်... အင်း..."

သနပ်ခါးရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဇစ်တပ်မရတာကြောင့် နောက်ကျောဗလာနဲ့ ရပ်နေသောသူမ....

"ကို.... ဘာကြောင်ကြည့်နေတာလဲ
ဒီမှာ ကူလုပ်ပေးပါဦးဆို..."

"အင်းအင်း... လာပြီ... "

ခါးအောက်နားထိ ကွဲနေတဲ့ဇစ်ကို တုန်ရီနေသောလက်ဖြင့် မနည်းစိတ်ထိန်းကာ အပေါ်ထိဆွဲပေးလိုက်တော့သည်...

"ကိုရယ်... ဒါလေးလုပ်တာကို ကြာတာ.."

"သြော်... ကလေးက ဆွဲဆောင်မူရှိတော့ ကို့စိတ်တွေမခိုင်တော့ဘူးလေ...."

"ရှင်နော်... တစ်ချိန်လုံး ဒါပဲတွေးနေ..
ဘယ်လိုနှာဘူးမှန်း မသိဘူး..."

"ဟီး..ဟီး. 😁 လာအောက်သွားကြစို့..
ကလေးကို အားလုံးနဲ့ မိတ်ဆက်ပေးရမယ်"

"ဟာ... ဘယ်သူနဲ့မိတ်ဆက်ပေးမှာလဲ.."

"အကုန်လုံးပဲ တစ်နိုင်ငံလုံးနဲ့😁😁
ကိုနဲ့ ကလေးကို interview လုပ်ဖို့ အောက်မှာစောင့်နေတယ်...."

"အဲ့ဒါဆို tv ထဲပါလာမှာပေါ့... ရှက်စရာကြီး ပြီးတော့ ကလေးက တစ်ခါမှလည်း အဲ့လိုinterview တာ မခံရဖူးဘူး..."

You are My SunshineWhere stories live. Discover now