Part- 24 (You are My Sunshine)

2.7K 188 20
                                    

(Unicode)

တဖြည်းဖြည်းနဲ့ ရာသီတွေအလီလီ ပြောင်းလဲလာခဲ့လိုက်တာ..အခုဆို ကလေးနဲ့ မတွေ့ရတာ ၃နှစ်တောင်ကျော်လာခဲ့ပြီလေ... ဒီနှစ်တွေအတွင်းမှာ သိမ့်မန္တလေးကို နှစ်ခေါက်သာ ပြန်ဖြစ်သည်.. ဘွဲ့ကိုလည်းအဝေးရောက်ပဲ ယူဖြစ်ခဲ့သည်..... အခုဆိုသိမ့်က ​နိုင်ငံကျော်အဆိုရှင်ကြီးတစ်ဦးဖြစ်နေပြီလေ... ပထမဆုံးစီးရီးနဲ့တင်ကို ပရိတ်သတ်တွေရဲ့ အခိုင်အမာအားပေးမူတို့ကို တစ်ခဲနက်ရရှိခဲ့တယ်... ယခုနောက်ဆုံးထွက်ခဲ့တဲ့ စီးရီးနဲ့ဆိုရင် စုစုပေါင်း စီးရီး၃ ခုတောင် ထွက်ရှိခဲ့ပြီးဖြစ်သည်... နောက်ဆုံးစီးရီးထဲက titleဖြစ်တဲ့ 'ကြယ်စင် ' ဆိုတဲ့ သီချင်းကတော့ ပရိတ်သတ်တွေရဲ့ အကြိုက်ဆုံးတစ်ပုဒ်ဆိုလျှင် မမှားပေ... အခုဆိုရင် We Love Hanker Group လေးက 10k ကနေ 100k ထိ ရှိလာခဲ့ပြီဖြစ်သည်.....ဒါတွေကတော့ ဒီနှစ်တွေအတွင်း သိမ့်ရဲ့ ပြောင်းလဲမူလေးတွေပေါ့....
သိမ့် ဝိုင်ခွက်​လေးကိုကိုင်ကာ အခန်းရဲ့မှန်ကနေတစ်ဆင့် အပြင်ဘက်သို့ အဓိပ္ပါယ်မဲ့စွာ ကြည့်မိနေတော့သည်...

"ကလေးရယ် ဒီချိန်မှာ ဘာတွေများလုပ်နေပြီး ဘယ်တွေများ ရောက်နေမလဲကွယ်...
ကလေးရဲ့ပုံစံလေးကရော် အရင်တိုင်းပဲ မပြောင်းလဲပဲ ရှိနေဆဲပဲလား... ကို ကလေးကို သိပ်သတိရတာပဲကွာ.. တစ်ရက်လေးမှကို မေ့လို့မရခဲ့ပါဘူး... အထူးသဖြင့် ကလေးရဲ့အပြုံးလေးတွေကိုပိုပြီးအသက်ဝင်စေတဲ့ ကလေးရဲ့ပါးချိုင့်လေးနှစ်ဖက်ကိုလည်း ကိုသိပ်လွမ်းတာပဲကွာ...."

သိမ့်တစ်ယောက် နှုတ်ကနေသာ တီးတိုးရေရွတ်မိနေတော့သည်.....

""""""""""""""""""""""""""""""""""""""

"ဒေါက်.... ဒေါက်... "

"ဝင်ခဲ့ပါ..."

"ဟေး.......ကြယ်စင် အစုတ်ပလုတ်"

"ဟဲ့ နင်တို့လေးကောင် ငါ့ရုံးခန်းထိ ဘာလာလုပ်ကြတာလဲ.."

"သြော် နင့်ကငါတို့ကို အဆက်သွယ်ဖြတ်ထားတော့ ငါတို့ကလည်း နင်ရှိတဲ့နေရာကို မရောက် ရောက်အောင် လာရတော့မှာပေါ့ဟ.."

"အေးပါဟယ်... လာ.ထိုင်ကြဦး...
ဘာစားမလဲ.. ဘာသောက်မလဲ ပြောကြ..."

You are My SunshineWhere stories live. Discover now