Part- 2 (You are My Sunshine)

3.8K 271 3
                                    

(Unicode)

သိမ့်တစ်ယောက် လမ်းတွင်အသွားအလာအနည်းငယ် ရှင်းနေသဖြင့် အရှိန်လေးနည်းနည်းတင်ကာ ဆိုင်ကယ်မောင်းလာသည်
အမရပူရ လမ်းသုံးခွမီးပွိုင့်တွင် မီးစိမ်းလေး secondပြည့်တော့မည်ဖြစ်သဖြင့် မီးနီမမိချင်သောကြောင့် အမြန်ဖြတ်မောင်းမယ် အလုပ်တွင်
"မမ မီးနီစောင့်လိုက်တော့ ဖြတ်ကူးမနေနဲ့တော့"

ယွန်းလေးအပြောကြောင့် ဆိုင်ကယ်ကိုတုံ့ကနဲ ရပ်လိုက်သည် မီးနီစောင့်ဖို့ပြင်နေတုန်းရှိသေး အနောက်မှ ရုတ်တရက် ကို့ဆိုင်ကယ်ကို ဝင်တိုက်တာခံလိုက်ရသဖြင့် ဆိုင်ကယ်တောင် အနည်းငယ်ရှေ့တိုးသွားသည်
ကိုနဲ့ ယွန်းလေးလည်း အနောက်သို့ ဒေါသဖြင့်လှည့်ကြည့်မိချိန်တွင် Scoopyi မဲလုံးလေးနှင့်မိန်းကလေးနှစ်ယောက်..
အနောက်ကထိုင်လိုက်သူမျက်နှာမှာ စိုးရိမ်မူအပြည့်ဖြင့် ရှိနေသော်လည်း ရှေ့ကမောင်းသည့် မိန်းကလေးကတော့

"ဒီမှာ..ဆိုင်ကယ်ကို ရှင်ဘယ်လိုမောင်းနေတာလဲ မောင်းနေရင်းနဲ့ တုံ့ကနဲရပ်လိုက်တော့ အနောက်ကတိုက်မိပြီပေါ့ "

ကိုတောင်အနည်းငယ်အံ့သြသွားတယ် ကို့ဘက်ကအမှန် သူ့ဘက်ကမှားနေတာကို မတောင်းပန်ပဲ ပြန်ပြီးရန်တွေ့နေသော မိန်းကလေး...

"ဒီမယ် ချာတိတ် ကိုကမီးပွိုင့်မှာ မီးနီနေတာကို ရပ်မနေဘဲ မောင်းရမှာလား မင်းသာမိုးမမြင် လေမမြင်မောင်းလာပြီး မီးနီနေတာမမြင်ဘဲ အနောက်ကနေ ဝင်ကျုံးတာနော်"

ကိုလည်းကို့ကို ပြန်ပြီးရန်တွေ့နေသော ချာတိတ်မလေးအား မခံနိိုင်ဘဲ ပြန်ပြောမိလိုက်တယ်

" ဟင်..မိန်းကလေးပါလား ငါကယောက်ျားလေးမှတ်နေတာ " ကြယ်စင် စိတ်ထဲမှာပဲ ရေရွတ်မိလိုက်တယ်....

ကြယ်စင် တွေးနေတုန်းမှာပဲ အနောက်က ဆုပြည့်က ခါးကိုလက်နဲ့တို့လိုက် ဆိတ်လိုက်လုပ်ပြီး
" ကြယ်စင် နင်မှားတာ ဘာမှမပြောနဲ့
ဟိုဘက်ကို အားနာစရာကြီး "

ဆုပြည့်မှာ ပြသနာဖြစ်မှာကြောက်နေမိသည်..
အနောက်က အာကာတို့ကို အားကိုးတကြီးလှမ်းကြည့်မိတော့လည်း သူတို့ဆိုင်ကယ်နဲ့ ဆုပြည့်တို့ ဆိုင်ကယ်ကြားမှာ ကားတစ်စီးခံနေလေသည်... ကြယ်စင်ကိုကြည့်တော့လည်း ဘာမှမပြောပဲ ကြောင်အမ်းအမ်းနဲ့ပင်..ဒါနဲ့ ဆုပြည့်ကပင်
" ဟိုလေ.. ညီမတို့ တောင်းပန်ပါတယ်နော် သူကအဲ့လိုပဲ နမော်နမဲ့နိုင်တယ် "

You are My SunshineWhere stories live. Discover now