Part- 20 (You are My Sunshine)

2.3K 168 15
                                    

(Unicode)

နောက်ကိုတစ်ချက်မှ လှည့်မကြည့်ပဲ ထွက်သွားတဲ့ ကြယ်စင့်ရဲ့ကျောပြင်ကိုသာ ကြည့်ပြီး သိမ့်တစ်ယောက် ခြေတောင်မခိုင်တော့ဘဲ ထိုနေရာမှာတင် ခွေလှဲကျသွား​ေတာ့သည်.... စောစောက မနည်းထိန်းထားခဲ့ရတဲ့ မျက်ရည်တွေကလည်း ဒီချိန်မှာ မြစ်သဖွယ် စီးဆင်းကုန်ပြီလေ...သိမ့်ရဲ့ကမ္ဘာကြီးတစ်ခုလုံးကလည်း နောက်တစ်ကြိမ်ထပ်ပြီး အမှောင်ထုကြီး ကြီးစိုးသွားပြန်ပြီ.
သိမ့်မြေပြင်ပေါ် ထိုင်ချမိသွားတော့ ပိုးလည်းဘေးကနေအလိုက်သင့် ထိုင်ပေးကာ  သိမ့်ရဲ့ကျောပြင်ကို လက်နဲ့သာသာလေးပွတ်ကာ နှစ်သိမ့်ပေးနေမိသည်....ချော့တဲ့ကလေးကပိုငို..ဆိုသလိုပဲ သိမ့်..
ရှိုက်ကြီးတငင်ငိုကာ ပိုးကိုသာ ဖက်ထားမိလိုက်သည်  ... .

"ပိုး...ငါဘယ်လိုလုပ်ရမှာလဲ....
အခု ကလေးက ငါ့ကိုသိပ်မုန်းသွားပြီ...
ကလေးအမုန်းတွေကို ငါ့နှလုံးသားက
ဒဏ်မခံနိုင်ဘူးဟ... ငါ ကလေးမုန်းနေတဲ့ လူသားတစ်ယောက်အဖြစ်နဲ့ ရှိမနေချင်ဘူး.. ငါသေသာ သေလိုက်ချင်တယ်ဟာ...
ငါ့ကြမှ ဘာလို့ ကံကြမ္မာက ဒီလောက်ရက်စက်ရတာလဲဟာ....  ငါဘယ်လိုနေရမလဲ... ငါဒီစိတ်ကြီးနဲ့ရူးရလိမ့်မယ်....."

"သီရိရယ် စိတ်ထိန်းပါဦးဟာ..."

"ငါ့ရင်တွေ ပူလွန်းလို့ပါဟာ...
ရင်တွေပူလွန်းလို့ ပေါက်ထွက်တော့မယ်..
ငါလေ ကလေးကို ချစ်လွန်းလို့ နေ့စဥ်နေ့တိုင်း ဘုရားမှာ အကြိမ်ကြိမ်ဆုတောင်းတယ် ကလေးနဲ့ ပေါင်းရဖို့ကို..ဒါပေမယ့်ဟာ ကံကြမ္မာကငါတို့နှစ်ယောက်ကို ဆုံစည်းခွင့်မပေးဘူး.... ငါ့ဆုတောင်းတွေမပြည့်တော့ဘူး.... ငါအသက်ဆက်ရှင်ချင်စိတ်တောင် မရှိတော့ဘူး"

"ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ သီရိရယ်... နင် သူ့ကိုချစ်ရင် နောက်ထပ်တစ်ကြိမ်ထပ်ကြိုးစားလို့ ရသေးတာပဲ သူ့အမေကြည်ဖြူအောင် သဘောကျလာအောင် နင်လုပ်နိုင်ရင် နောက်ထပ် အခွင့်အရေးဆိုတာ ရှိလာမှာပါ.."

"ဖြစ်နိုင်ပါ့မလား ပိုးရယ်...
သူ့အမေပုံစံက သေသေချာချာဆုံးဖြတ်ထားတာမျိုးကြီးဟ..."

"နင် ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ပေါ့
ဒီလိုမျိုး ပြိုလဲနေမယ့်အစား ထပ်ကြိုးစားကြည့်တော့ နင့်အတွက် အရှုံးမရှိပါဘူးဟာ"

You are My SunshineWhere stories live. Discover now