Part-4 (You are My Sunshine)

3.2K 242 10
                                    


(Unicode)

"တီး...တောင် "
ဒေါ်နန်းရီ ခြံရှေ့မှ ဘဲတီးသံကြားသဖြင့် အိမ်ထဲမှ ထွက်ကာ ခြံတံခါးဆီသို့ သွားတော့
" ဘယ်သူများလဲလို့ သားလေး သူရိန်ကိုး လာလေ သားသူငယ်ချင်းဆီ လာတာလား"

"ဟုတ်တယ်အန်တီနန်း မနက်ဖြန် ကျောင်းဖွင့်မှာလေ အဲ့ဒါအခြေနေလေး လာမေးတာ ဘယ်လိုလုပ်မှာလဲလို့ "

"သြော် အေးအေး အထဲဝင်သွားလိုက် ဧည့်ခန်းမှာ tv ကြည့်နေတယ် "

"ဟုတ်ကဲ့ အန်တီနန်း"
သူရိန်တစ်ယောက် အိမ်ထဲဝင်သွားတော့ ဒေါ်နန်းရီလည်း ခြံတံခါးပြန်ပိတ်ကာ အထဲသို့ဝင်ခဲ့တော့သည်... ဒေါ်နန်းရီတို့နှင့် သူရိန်မိဘတွေက မိတ်ဆွေအရင်းခြာများပင်...
အခုလက်ရှိအိမ်ဆောက်ထားသောနေရာမှာ အရင်က သူရိန့်မိဘများရဲ့ ခြံပင်..ဒေါ်နန်းရီတို့မှ တစ်ဝက်ခွဲ၍ ပြန်ဝယ်ထားခြင်းဖြစ်သည်...အိမ်ဆောက်ကြတော့လည်း ဟိုဘက် ဒီဘက် အတူတူဆောက်ဖြစ်ကြသည်... မိဘတွေချင်းရင်းနှီးသည့်အပြင် အိမ်နီးချင်းတွေလည်းဖြစ်နေတော့ ကလေးတွေ တရင်းတနှီးဖြစ်နေကြတာ မဆန်းပေ..
ဒါ့အပြင် သူရိန်က နည်းနည်းလေးနွဲ့သလိုလိုရှိတော့ ဒေါ်နန်းရီ ယွန်းလေးကိုလည်း တကူးတက စိတ်ပူနေစရာမလိုပေ...

"ဟေ့..မိယွန်း "

"ဟာ.. လန့်လိုက်တာ လာတာကို အသံလေးဘာလေး မပေးဘူး သူရိန်အစုတ်ပလုတ်"

"တမင်လန့်အောင်လုပ်ပါတယ်ဆိုမှ အသံပေးရဦးမှာလား "

"ထားပါ..လာရင်းကိစ္စက "

"ဟဲ့ မနက်ဖြန် ကျောင်းဖွင့်ပြီလေ
နင်ကဘာမှလည်းမပြောတော့ ငါက လာမေးရတာပေါ့ဟ "

"သြော်..အဲ့ဒါလား
ငါမနက်ဖြန်မတက်ချင်သေးဘူး နောက်၂ရက်လောက်နေမှပဲ သွားရအောင်
ကျောင်းစစဖွင့်တဲ့နေ့ဆိုတော့ စာသင်မှာလည်း မဟုတ်သေးဘူးလေ"

"အေးပါ နင့်သဘော ဒါနဲ့ ကျောင်းတက်ရင် ငါနဲ့ဆိုင်ကယ်အတူတူစီးမယ်နော် "

"ငါက မမနဲ့အတူတူစီးမှာဟ မမဆိုင်ကယ်နဲ့ ကျောင်းသွားလို့အဆင်မပြေဘူးလေ ငါ့ဆိုင်ကယ်နဲ့ပဲ အတူတူစီးရမှာ "

You are My SunshineWhere stories live. Discover now