Part-6 (You are My Sunshine)

3.1K 235 0
                                    


(Unicode)

အရင်က ရည်းစားဆိုတာ ပျင်းရင်တစ်မျိုး မပျင်းရင်တစ်မျိုး မှိုလိုပေါက်အောင်ကိုထားခဲ့တဲ့သူ..ရင်ခုန်လို့လား? ချစ်လို့လား?လို့ မေးရင်. ဟင့်အင်း..လို့ပဲဖြေရမှာ....
မချစ်တတ် ရင်မခုန်တတ်ဘဲနဲ့ အပျော်သဘော တွဲခဲ့တာကြည့်ပဲ....
အခုတစ်ယောက်ကိုတော့ အရင်ကတစ်ခါမှ မခံစားဖူးခဲ့တဲ့ ခံစားချက်မျိုးနဲ့ တွေ့တွေ့ချင်း ရင်ခုန်ခဲ့မိတယ်....ကိုရင်ခုန်မိတဲ့သူက ယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးတစ်ယောက်ဖြစ်နေတော့ ကိုယ့်ကိုကိုယ်လည်း အံ့သြရပြန်တယ်.... လူတွေက အချစ်ရဲ့အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဆိုကြတယ်...
အချစ်ဆိုတာ...ရယူခြင်း..ပေးဆပ်ခြင်း.
. ပိုင်ဆိုင်လိုခြင်း......တစ်ချို့ကြတော့လည်း မပိုင်ဆိုင်ရရင်နေပါစေ မနီးစပ်ရရင် နေပါစေ ဒီတိုင်းလေး အဝေးကပဲ ချစ်နေရရင်ကို ကျေနပ်နေတာမျိုး....ကြယ်စင်ဆိုတဲ့ကောင်မလေးကရော်......ကြယ်စင်ကတော့ အချစ်ကို အဝေးတစ်နေရာကနေပဲ ထိုင်ကြည့်မနေနိုင်ဘူး ချစ်မိပြီ​ဆိုတာနဲ့ သူ့အချစ်ကိုလည်းရယူချင်လာတယ် သူ့ကိုလည်း ကိုယ်တစ်ယောက်ထဲပဲ ပိုင်ဆိုင်ချင်တယ်....
အတ္တကြီးတယ်ပဲပြောပြော...လောဘကြီးတယ်ပဲပြောပြော...ပြောသမျှကိုကောင်းကောင်းကြီးခံလိုက်မယ်...သူနဲ့တွေ့မှ အချစ်ကိုခံစားတတ်လာခဲ့တဲ့ ကို့အချစ်တွေကို သူတစ်ယောက်ထဲကိုပဲ ပေးဆပ်ချင်တော့တယ်.....သူ့အချစ်တွေကိုလည်း ကိုတစ်ယောက်ထဲပဲ ပိုင်ဆိုင်ချင်တယ် အဲ့အတွက်ကြိုးစားရဦးမှာပေါ့.... တို့အချစ်တွေကို တစ်ဝကြီးလက်ခံဖို့သာ ပြင်ထားပါ ရှင်ရယ်.......

^^^ ကြယ်စင်ချို ^^^

တစ်သက်မှာတစ်ယောက်ထဲကိုပဲ ချစ်ခဲ့ဖူးတယ်....ကို့အတွက်ပထမဆုံးအချစ်က ဇာတ်လမ်းမလှခဲ့တော့ နောက်ထပ် ထပ်ချစ်ရမှာ ကြောက်ခဲ့တယ် နောက်ထပ်ဘယ်သူ့ကိုမှလဲ မချစ်မိအောင် နေတယ်  သူငယ်ချင်း အပေါင်းသင်းများရင်တောင် အချစ်တွေပေါ်လာမှာစိုးလို့ ကို့အကြောင်းကို ကကြီးကနေအ အကုန်သိတဲ့ ပိုးသံစဥ်နဲ့ပဲ အပေါင်းသင်းလုပ်ခဲ့တယ်...တက္ကသိုလ်ပထမနှစ်မှာ အချစ်ဆိုတာကြီးကို စတင်ခံစားခဲ့တယ် အဲ့အချစ်ကြောင့် ပျော်ရွှင်ခဲ့ရတယ် ဝမ်းနည်းခဲ့ရတယ်...မစားနိုင်မသောက်နိုင်နဲ့ သေမတက်လည်းခံစားခဲ့ရတယ်.....ပထမနှစ် တစ်နှစ်လေးအတွင်းမှာ  အချစ်ကြောင့် ခံစားချက်ပေါင်းစုံကို ခံစားလိုက်ရတယ်....အဲ့ကတည်းက အချစ်ကိုကြောက်လို့ ကို့နှလုံးသား သော့ခတ်ထားခဲ့တာ အခုဆို Final yearတောင်ရောက်လာပြီ...ဒါပေမယ့် အခုကို့နှလုံးသားတံခါးကို လာခေါက်နေတဲ့ချာတိတ်မလေး တစ်ယောက်ရှိနေပြီ...မချစ်မိအောင် ထိန်းနေတဲ့ကြားထဲမှာ တစ်ခါတစ်ခါ ကို့စိတ်ကိုလွှတ်ပေးမိနေသည်...ဟိုတစ်နေ့ကလည်းcanteen မှာတောင်
သူ့ကိုစိတ်ပူပြီး ဂရုတစိုက်နဲ့လုပ်ပေးမိခဲ့သေးသည်....သူ့လို straight တစ်ယောက်က ကို့လို့မိန်းကလေးတစ်ယောက်ကို ပြန်ချစ်နိုင်ပါ့မလား ချစ်ခဲ့မိရင်ရော် မိန်းကလေးချင်းချစ်မိတဲ့အတွက် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင်ပြောဆိုသံတွေကို သူလိုချာတိတ်မလေးက ခံနိုင်ရည်ရှိပါ့မလား..ကိုယ်ကိုတိုင်ကလည်း ချစ်မိနေပေမယ့် နောက်ထပ်အချစ်နဲ့ပက်သက်ပြီး ထပ်ခံစားရဦးမယ်ဆိုရင် ခံနိုင်ရည်ရှိပါ့မလား .....အဲ့တော့ တတ်နိုင်သလောက် အချစ်ကိုရှောင်ရှားနေရပေဦးမည်...မတတ်နိုင်တဲ့နေ့ကို ရောက်လာခဲ့ရင်ရော် ဘာတွေဆက်ဖြစ်လာမှာလဲ?.......

You are My SunshineWhere stories live. Discover now