Part-7 (You are My Sunshine)

3K 237 3
                                    

(Unicode)

"ဟဲ့ ကြယ်စင် ဘာတွေတွေးနေတာလဲ "

"ဟင်..ဘာမှမတွေးပါဘူး ဒီတိုင်းပဲအပြင်ကို ကြည့်နေတာပါ "

"မိန်းမနော် ဘာမှမတွေးဘူးသာပြောတယ်
ငါတို့လာတာကို သိတောင်မသိဘူး "

ဆုပြည့်အပြောကို ကြယ်စင်ဘာမှပြန်မဖြေဘဲ  မျက်နှာလေးသာ ဖြီးပြလိုက်သည်...
ထို့နောက် အရွှန်းကပင်

"ကဲ ဆိုစမ်းပါဦး ဒီမနက် ဘယ်လိုဖြစ်လို့ တစ်ယောက်ထဲ လာရတာလဲ ပြီးတော့လည်း အစောကြီးရောက်နေတာ "

"ဟုတ်ပါ့ဟာ မနက်ကနင်ဖုန်းဆက်တော့ ငါက မသက်သာလို့မှန်း ကျောင်းမလာတာပြောမလို့ ထင်နေတာ ပြီးမှနင်က ကျောင်းအရင်သွားနှင့်မယ်ပြောတော့ အံ့တောင်သြသွားတယ် "

တကယ်တော့ ကြယ်စင် သူ့သူငယ်ချင်းတွေကို ဘယ်ကဘယ်လို စပြောရမှန်းမသိတာနဲ့ ဆိုင်ကယ်မောင်းရင်း စဥ်းစားမယ်ဆိုပြီး အစောကြီးထွက်ခဲ့တာဖြစ်သည်...

"ငါကမနေ့ထဲက အိမ်ရောက်တာနဲ့ အိပ်လိုက်တာ တစ်ခါထဲ သက်သာသွားတာပါ..
အခုက ငါဆိုင်ကယ်မစီးရတာကြာလို့ပါဟ အခုတလောနင့်ကားနဲ့ပဲ အသွားပြန်လုပ်နေတော့ ဆိုင်ကယ်လေးစီးချင်လာလို့ပါ...
ဆိုင်ကယ်မောင်းရင်း လတ်ဆတ်တဲ့လေကို မရှုရှိုက်ရတာကြာနေလို့😁😁"

"ဟုတ်ပါပြီ မန္တလေးသူစစ်စစ်ကြီးရယ်.."

အားလုံး အာကာရဲ့အပြောကို သဘောကျကာ ရယ်မိကြသည်...
"ဟိတ်...ဘာတွေရယ်နေကြလဲ"

"ငါတို့လည်း ပေးရယ်ကြပါဦးဟ''

ယွန်းနဲ့သူရိန် ရောက်လာခြင်းပင်

"လာပြီလား နင်တို့နှစ်ကောင်ကို စောင့်နေတာ လာcanteen သွားကြစို့ "

"ဟဲ့အတန်းချိန်က နာရီဝက်ပဲလိုတော့တာ
အနောက်canteenပဲ ထိုင်ကြစို့ "

ဆုပြည့်ပြောလိုက်တော့ ကြယ်စင်မျက်နှာလေး ဆူပုတ်သွားသည်...ဒါကိုမြင်လိုက်တဲ့ အရွှန်းက
" မျက်နှာကြီးဆူပုတ်မနေပါနဲ့ဟ နေ့လည်ကျမှ အရှေ့canteen ထိုင်မယ် အခုကအတန်းချိန်နီးနေပြီ"

"ငါဘာပြောနေလို့လဲ အရွှန်းရာ "

"ဟဲ့ဘာမှသာမပြောတာ နင့်မျက်နှာလည်း မှန်ကြည့်လိုက်ဦး အီးမှန်ထားတဲ့အတိုင်းပဲ"

You are My SunshineWhere stories live. Discover now