Part-8 (You are My Sunshine)

3K 230 7
                                    


(Unicode)

သိမ့်ဒီနေ့တစ်နေကုန် အတန်းချိန်အပြည့်ရှိနေတာမို့ လိုင်းတောင်မတက်ဖြစ်...
တစ်နေကုန်စာသင်ခန်းထဲမှာပဲ အချိန်ပြည့်ရှိနေတာမို့ စိတ်ထဲလည်းသိပ်မလန်းမဆန်းဖြစ်နေတာမို့ သိမ့်အိမ်ရောက်တာနဲ့ ရေတန်းချိုးလိုက်သည်....ရေချိုးပြီးတာနဲ့ အောက်ထပ်သို့ ထမင်းစားရန် ဆင်းခဲ့သည်

"ဟာ..ဖေဖေနဲ့ မေမေတောင် ထမင်းစားဖို့
readyဖြစ်နေပြီပေါ့ "

"ဟုတ်ပါ့ သမီးကိုစောင့်နေတာ "

"ဒါနဲ့ ယွန််းလေးက ဆင်းမလာသေးဘူးလား "

"ယွန်လေးက ဒီနေ့နေလို့သိပ်မကောင်းလို့ ထမင်းမစားတော့ဘူးတဲ့ "

"ဟုတ်သားပဲ ယွန်းလေးနေ့လည်ကထဲ အိမ်ပြန်သွားတာပဲ သမီးသွားကြည့်လိုက်ဦးမယ် မေမေ သက်သာရဲ့လားမသိဘူး"

"မသွားနဲ့တော့သမီး ခုနကမှ အိပ်ပျော်သွားတာ ကိုယ်လည်းသိပ်မပူတော့ပါဘူး ''

"ဟုတ်မေမေ "

ထိုနေ့ကတော့ သိမ့်တို့မိသားစု၃ယောက်သာ ထမင်းအတူတူစားဖြစ်ခဲ့ကြသည်...
ယွန်းကတော့ ကျောင်းမှာလည်းငိုခဲ့သည့်အပြင် အိမ်ရောက်တော့လည်း အခန်းထဲမှာထပ်ပြီးငိုနေသဖြင့် ပင်ပန်းပြီးအဖျားဝင်သွားတာ ဖြစ်သည်....ယွန်းရဲ့တစ်ဖက်သက်ခံစားချက်တွေကို ဘယ်သူ့မှလည်း ပြောပြလို့မရသလို ဘယ်သူမှလည်း နားလည်ခံစားပေးနိုင်မှာမဟုတ်ဘူးလေ ယွန်းတစ်ယောက်ထဲပဲ ကြိတ်ခံစားနေရတာ နှလုံးသားတွေ နာကျင်ရပါတယ်....ကိုချစ်ရတဲ့သူကို ဆုံးရှုံးရရင်ဆိုတဲ့ အတွေးတွေကလည်း ခနခနနှိပ်စက်လွန်းတယ်..............
ယွန်းခံစားရတာတွေကို ယွန်းတစ်ယောက်ပဲ နားလည်ပေးနိုင်တော့တယ်........

""""""""""""""""""""""""""""""""""""""

သိမ့်ထမင်းစားပြီးတာနဲ့ အခန်းထဲပဲ တက်လာခဲ့တယ်...ဒီနေ့တစ်နေကုန် လိုင်းမတက်ရသေးတာမို့ မနေ့ကGpထဲမှာတင်ထားတဲ့ post မှာ Comment လေးတွေဝင်ဖတ်ချင်တာနဲ့ လိုင်းဖွင့်လိုက်တယ်... friend requestမှာ ၆ယောက်addထားတာတွေ့တော့ ဝင်ကြည့်လိုက်သည်.. ထိုထဲကတစ်ယောက်နာမည်က ''Kyal Sin Cho '' အဲ့နာမည်လေးမြင်တာနဲ့ ချက်ချင်းacc ထဲဝင်လိုက်တယ်...
Profile မှာတင်ထားတဲ့ပုံလေးကပင် အတော်ဆွဲဆောင်မူရှိလှသည်...ဆံပင်လေးတွေကိုစုစည်းထားပြီး ရှေ့ဆံပင်လေးတွေကိုချထားသည်..ဒါက ကိုမြင်နေကြသူ့styleလေးပင် ...မြန်မာဝတ်စုံလေးဝတ်ထားပြီး သဘာဝကျကျရယ်နေတဲ့ပုံလေးက လူကိုမှင်သက်စေသည်...ထို့ထက် သူမရဲ့ပါးချိုင့်လေးနှစ်ဖက်က လူကိုပို၍ဆွဲဆောင်နေသလိုပင်...ချက်ချင်း Confirmလုပ်လိုက်ပြီး သူမwallထဲဝင်ကြည့်နေမိတော့သည်....ကိုနဲ့တွေ့ရင်တော့ စကားသိပ်မပြောပေမယ့် သူ့သူငယ်ချင်းတွေနဲ့တော့ အမြဲရယ်နေသလားအောက်မေ့ရသည်... သူမရဲ့ post တော်တော်များများက သူ့သူငယ်ချင်းတွေနှင့် ရယ်မောနောက်ပြောင်နေသည်က ခပ်များများ......
သိမ့်..သူမaccထဲ အချိန်တော်တော်ကြာအောင် ဝင်ကြည့်နေပြီးမှ Gp ထဲဝင်ကာ
Post အောက်က Commentလေးတွေ ဝင်ဖတ်နေတော့သည်....အားလုံးက သိမ့်ကိုချစ်ကြတဲ့သူတွေမို့ မန့်တွေ့မှာ... အပြင်မှာတွေ့ဖူးချင်လိုက်တာ...သူလေးဓာတ်ပုံရိုက်ပေးတာလေးခံချင်လိုက်တာ....အပြင်မှာတွေ့လို့ကတော့ ဆွဲဖက်ပစ်မှာ......စသည်ဖြင့် ချစ်စရာကောင်းတဲ့မန့်လေးတွေဖတ်ရင်း တော်တော်များများကို reply လိုက်ပြန်နေတော့သည်....ထိုညကတော့ သိမ့် ၁၂ ကျော်မှ အိပ်ယာဝင်ခဲ့တော့သည်......

You are My SunshineWhere stories live. Discover now