Part-16 ( You are My Sunshine)

2.7K 223 12
                                    


(Unicode)

ကျောင်းCantenn........

"ကို စားနှင့်နေပြီလား ကလေးကိုတောင် မစောင့်ဘူး "

ကြယ်စင် Canteen ရောက်ရောက်ချင်း
သိမ့်ဘေးဝင်ထိုင်ရင်း ပြောလိုက်သည်..

"ကလေးကို စောင့်ရင်း စားနေတာပါ တစ်ဝက်တောင်မကျိုးသေးပါဘူး
ဒီမှာ ကလေးအတွက်က မှာထားပြီးသား စားရုံပဲ "

"ဟီး..😁 အာ့ကြောင့် ချစ်နေရတာ "

"ဒါနဲ့ ကလေးတို့ ၃ယောက်ပဲလား "

"ဟုတ်တယ် ယွန်းကကျောင်းမလာဘူးလေ
ဟိုနှစ်ကောင်ကတော့ tutoနဲ့ practical အချိန်ပဲတက်တယ် ကျန်တဲ့အချိန်ဆို ထန်းတောပဲ သွားကြတာ..ထန်းတောသွားပြီး ဘာလုပ်ကြတာလဲကို မသိဘူး "

"ဟဲ့ ကြယ်စင် နင်သိချင်ရင် လိုက်ချောင်းပါ့လား "

"အောင်မာ....ဆုပြည့်မ ငါကနင့်လိုမျိုး ချောင်းကြည့်တွေ ချောင်းရိုက်တွေ ဝါသနာမပါဘူး....နော် "

"နင်ပြောမှပဲ ငါက တဏှာကောင်ကြီးကြလို့

"ဟားးးဟားးး ဟုတ်နေတာပဲကို ဝန်ခံလိုက်စမ်းပါ "

"အရွှန်း နင်နော် လာမစနဲ့ "

"ဟား😂😂 အေးပါ မစတော့ဘူး...
ဒါနဲ့ မသိမ့် ယွန်းက အခုတလော ကျောင်းခနခနပျက်တယ်နော် "

"ဟုတ်တယ် ညီမလေး
ယွန်းက ဟိုတစ်ခါ ပန်းချီပြိုင်ပွဲမှာ ပထမဆုရကထဲက အဲ့ဒီကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ "

"ဟင်...ယွန်းက ပန်းချီလည်းဆွဲတာပဲလား ညီမလေးတို့ကိုလည်း တစ်ခါမှ မပြောပြဖူးဘူး "

"ဟုတ်ပါ့ ယွန်းက အရမ်းလျိုတာပဲ "

"လျိုတာမဟုတ်ဘူး .သူ့စရိုက်ကိုက အဲ့လိုမျိုးပဲ ညီမလေးရေ.. ဘာနေနေသူ့ဘာသာကြိတ်လုပ်တတ်တာ တခြားလူတွေသိပ်မပြောပြဘူး...အခုပန်းချီ ဝင်ပြိုင်တာတောင်မှ အမကိုပဲအသိပေးတာ အိမ်ကဖေဖေနဲ့မေမေတောင်မသိဘူး "

"ယွန်းက အမြဲအဲ့လိုပဲလား "

"အင်း ဟုတ်တယ် ကလေးရဲ့"

..
"သီရိရေ ငါtoilet သွားချင်လာလို့ ခနလိုက်ခဲ့ပါဦး "

"အေးအေး သွားမယ်လေ "

You are My SunshineWhere stories live. Discover now