Part-11 ( You are My Sunshine)

2.9K 219 0
                                    

(Unicode)

ကြယ်စင်တစ်ယောက် အိမ်ပြန်ရောက်ကထဲက ဂဏှာမငြိမ်ပေ...မီးဖိုချောင်တွင် ချက်ပြုတ်နေသော ဒေါ်ဝင်းကိုလည်း ကူလုပ်သလိုလိုနှင့် ဝင်ရှုပ်နေတော့သည်...
ဒေါ်ဝင်းလည်း ထမင်းဟင်းကောင်းကောင်းချက်မရသည့်အပြင် ဘေးကနေ ထိုင် စ နေသော ကြယ်စင်ကြောင့်..
"သမီးလေး ကြယ်စင် ဒီနေ့ဘာဖြစ်နေတာလဲ...ပြီးတော့လဲ ဒေါ်ကြီးနား ရစ်သီရစ်သီနဲ့
စာမေးပွဲပြီးလို့ ပျော်နေတာလား "

"ပျော်နေတာတော့ ဟုတ်တယ် ဒါပေမယ့်
စာမေးပွဲပြီးလို့တော့ မဟုတ်ဘူး😁"

"ပြောပါဦး ဘာတွေဒီလောက်ပျော်နေတာလဲ "

"သဘက်ခါကြ ပုဂံသွားမလို့လေ
ကြယ်စင် ပုဂံကို ငယ်ငယ်တုန်းက နှစ်ခေါက်လားပဲ ရောက်ဖူးတာလေ အဲ့ဒါအခု ပုဂံမရောက်တာလဲ ကြာပြီဆိုတော့ သွားရမှာပျော်နေတာ "

"သမီးလေး သူငယ်ချင်းတွေနဲ့လား "

"မဟုတ်ဘူးဒေါ်ကြီး မမတစ်ယောက်နဲ့သွားမှာ "

"ဘယ်သူလဲ သမီးရဲ့ စိတ်ချရပါ့မလားကွယ် နှစ်ယောက်ထဲ ဆိုတော့ "

"စိတ်ချပါဒေါ်ကြီးရဲ့ သူက ကြယ်စင်သူငယ်ချင်းရဲ့အမ ကြယ်စင်တို့ကျောင်းကပါပဲ.."

"အေးပါကွယ် ဒေါ်ကြီးကစိတ်ပူလို့ပါ"

"ဟုတ်ပါ ဒေါ်ကြီးရဲ့
ဒါနဲ့လေဒေါ်ကြီး ကြယ်စင်သူငယ်ချင်းတွေ မေးခဲ့ရင် ရန်ကုန်ကအဖွားဆီ အလည်သွားတာလို့ ပြောပေးနော် သူတို့မသိအောင်သွားမှာဆိုတော့ သိသွားရင် ကြယ်စင့်ကို စိတ်ဆိုးနေကြမှာမို့..ပြီးတော့လေ ပုဂံသွားဖို့ကို မာမီဆီက ခွင့်တောင်းမို့ ကူပြောပေးဦးနော် ကြယ်စင့်သူငယ်ချင်းတွေရော ပါတယ်လို့ နှစ်ယောက်ထဲဆိုစိတ်မချပြီး မလွှတ်မှာစိုးလို့ "

"သြော်...ဒီလိုကိုး အခုမှပဲ အဖြေထွက်တော့တယ် ဒါကြောင့်ဘေးနားမှာ ရစ်သီရစ်သီလုပ်နေတာ "

"ဟီး..😁.ဒေါ်ကြီးအတွက် ပုဂံပြန်လက်ဆောင်တွေ အများကြီး ဝယ်ခဲ့မယ်လေနော် "

"ဟုတ်ပါပြီ ကြယ်စင်လေးရယ် ...
ထမင်းဟင်းတွေ ရတော့မယ် စားတော့မလားသမီးလေး "

You are My SunshineWhere stories live. Discover now