Part- 3 (You are My Sunshine)

3.4K 249 2
                                    

(Unicode)

သိမ့်တစ်ယောက် အိမ်ကိုရောက်ရောက်ချင်းပင် ခနနားကာ ရေချိုးရန်ပြင်တော့သည် တစ်နေကုန်ဖှုန်မှုန့်တွေ ချွေးတွေနဲ့ မို့ ရေစိမ်ချိုးရန် bath tub ထဲ ရေဖြည့်လိုက်သည် ရေစိမ်နေရင်းပင် အတွေးများက မနက်ကချာတိတ်မလေး ဆီသို့...
"မနက်က မီးပွိုင့်မှာ ကို့ဆိုင်ကယ်ကို ဝင်တိုက်တော့ အစကတော့ကိုလဲ ရန်ရှာမလို့ပေါ့ ဒါပေမယ့်မောင်းတဲ့သူက ကို့ညီမအရွယ်မိန်းကလေးဖြစ်နေတော့ ဘာမှမပြောတော့ဘူးဆိုပြီးနေမလို့ရှိသေးတယ် သူ့ဘက်က စ ရန်ထောင်ပါလေရော ကိုပြန်ပြောလိုက်တော့ သူဘာဖြစ်သွားလဲတော့မသိဘူး ကို့ကိုကြောင်ကြည့်ပြီး ဘာတစ်ခွန်းမှမပြောတော့ဘူး ခံတပ်ကဆိုင်မှာတုန်းကလည်း အကြည့်ချင်းဆုံတော့ ကို့ဘက်ကစပြီးမျက်နှာမလွှဲရင် သူ့ဘက်ကလည်းလွှဲမယ့်ပုံ မပေါ်တာနဲ့ ကို့ဘက်ကပဲ စပြီး မျက်နှာလွှဲခဲ့ရတယ် သေချာလေး စဥ်းစားကြည့်မှ ကိုမနက်ကမက်တဲ့ အိမ်မက်ထဲက မင်းသမီးလေးနဲ့တောင် ခပ်ဆင်ဆင် နဖူးထက်မှာ ဆံပင်လေးတွေချထားပြီး အနောက်မှာတော့ ခပ်မြင့်မြင့်လေး စည်းထားသည် ဆံပင်အောက်ဖျားလေးတွေကိုလည်း အနည်းငယ်ကောက်ထားသေးသည်
မျက်လုံးဝိုင်းဝိုင်းနှင့် ရှည်ပြီးကော့နေသောမျက်တောင်မွေးလေးတွေကလည်း လူကိုဆွဲဆောင်နေသလို ရှိလှသည် စကားပြောနေရင်းနဲ့တောင်မှ သူမရဲ့ပါးချိုင့်လေးနှစ်ဖက်ကိုလည်း အထင်းသားမြင်နေရသည် ရယ်များရယ်လိုက်ရင် ဘယ်လောက်တောင်လှပနေမလဲ Angel လေးရယ်...
ဟင်..ငါ့ကိုယ်ငါတောင်မသိလိုက်ပဲ သူ့ကိုနာမည်ပေးလိုက်မိပါလား"
" ဟက်ချိုး...."

"ဟာ..ငါသူ့အကြောင်းတွေးနေတာနဲ့ ရေစိမ်တာတောင်ကြာသွားပီ မြန်မြန်လုပ်မှ"
ကို့ဘာသာ တစ်ယောက်ထဲပြောပြီး bath-tub ထဲမှ အမြန်ထကာ အဝတ်စားများဝတ်ရတော့သည်

"""""""""""""""""""""""""""""""""""""""""""

ဒေါ်ဝင်းတစ်ယောက် အိမ်ရှေ့မှ ဆိုင်ကယ်ဟွန်းသံ ကြားသဖြင့် ခြံတံခါးဆီသို့ ခပ်သွက်သွက်လာကာ တံခါးဖွင့်ပေးရင်း

"သမီးလေး ကြယ်စင် ပြန်လာပြီလား သမီးသူငယ်ချင်းတွေကရော် "

You are My SunshineWhere stories live. Discover now