Part- 32 (You are My Sunshine )

2.8K 178 8
                                    

(Unicode)

"တီ...တီ..."

ကား ဟွန်းတီးသံကြောင့် ဦးသာရင်တစ်ယောက် ခြံတံခါးကို ကပျာကယာဖြင့်သွားဖွင့်ပေးလိုက်သည်...

"တူမကြီး မိုးချုပ်လှချည်လားကွဲ့..."

"ဟုတ်တယ် ဦးသာရင်ရေ့ ပွဲကနီးလာလေ ပိုပြီးအလုပ်ရှုပ်လာလေပဲ..."

"အေးပါကွယ်.. အသွားအလာလေးတော့ ဂရုစိုက်ပေးပေါ့.. ဦးသာရင်က တူမကြီးကို driverနဲ့တောင် သွားစေချင်တယ်ကွယ်.. တူမကြီးက သဘောမကျလို့သာ..."

"သမီးက ကိုယ်ကိုတိုင်ပဲ ကားမောင်းရတာကြိုက်လို့ပါ.. ပြီးတော့ driverတွေနဲ့ကျ ပို​ပြီးအလုပ်ရှုပ်တယ်ထင်လို့ ..."

"အေးပါကွယ် တစ်ယောက်ထဲဆိုတော့ သတိလေးပိုကပ်ထားပေါ့.. ဘုရားတရား မမေ့နဲ့..  "

"ဟုတ်ပါ.. ဦးသာရင်ရဲ့.. စိတ်ချပါ..
ဒါဆို သမီးအထဲဝင်တော့မယ်နော်.. "

"ကောင်းပါပြီကွယ်.... "

သိမ့်လည်း ခြံစောင့်ဦးလေးကို နှုတ်ဆက်ပြီးတာနဲ့ အိမ်ထဲသို့ တန်းဝင်ခဲ့တော့သည်..

"သမီး မာမီ့ဆီလာဦး..."

"ဟုတ်..  မာမီ.. "

သိမ့် အိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းတွင် စာရင်းထိုင်လုပ်နေသော ဒေါ်ကလျာမှ လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်...

"သမီး ဘာလို့နောက်ကျနေတာလဲ..
၉နာရီတောင် ထိုးတော့မယ်.."

"ဒီနေ့ သီချင်းတစ်ပုဒ်တိုက်တာ အဆင်မပြေဖြစ်နေတာနဲ့ ကြာသွားတာ..
အဲ့ဒါ အခုမှပြီးလို့လေ မာမီရဲ့..."

"ညနေစာကစားပြီးပြီလား.."

"ဟိုမှာပဲ အဖွဲ့တွေနဲ့အတူ ပါဆယ်ဆွဲစားခဲ့ပြီ မာမီ.."

"အေး... အဲ့ဒါကို ဘာလို့ သမီးက ကြယ်စင်လေးဆီ ဖုန်းဆက်မပြောတာလဲ..နောက်ကျမယ်ဆိုရင်လည်း နောက်ကျမယ်ဆိုတဲ့အ​ကြောင်းလေးတော့ ပြောမှပေါ့.. ကြယ်စင်လေးက သမီးနဲ့ ညနေစာအတူစားမယ်ဆိုပြီး ၇နာရီ ထဲက စောင့်နေတာ..  ၈ နာရီကျော်တဲ့ထိ သမီးကပေါ်မလာတော့ အဲ့ဒါစိတ်ဆိုးပြီး ထမင်းမစားဘဲ အပေါ်ထပ်တက်သွားတော့တာပဲ... မာမီ တံခါးဖွင့်ခိုင်းတာတောင် မဖွင့်ပေးဘူး...."

You are My SunshineWhere stories live. Discover now