Part- 22 ( You are My Sunshine)

2.3K 167 8
                                    

(Unicode)

ဒေါ်ခင်စိန်တစ်ယောက် ဒီနေ့ သူ့သားကြီးတို့ မိသားစုလာမည်ဆို၍ အိမ်ပေါက်ဝတွင် ရှေ့လျှောက်လိုက် နောက်လျှောာက်လိုက် လုပ်နေတော့သည်...

"မေကြီးရေ မနက်ထဲက ဖင်တကြွကြွနဲ့ ဂဏှာမငြိမ်ဘူးနော်"

"အဲ့လိုဖြစ်အောင် ရှင်ပဲလုပ်ထားတာလေ
ကျွန်မသားလေးနဲ့ မတွေ့ရတာကြာပြီရှင့်
ရှင်ကသာ မာနတွေထောင်လွှားပြီး နေနိုင်ခဲ့တာ.. ကျွန်မက နေနိုင်ခဲ့တာမဟုတ်ဘူး.."

"ဟုတ်ပါတယ် မေကြီးရယ်...အခုလည်း ကို့အမှားကိုသိလို့ သားကြီးတို့ကိုပြန်ခေါ်နေပြီပဲ အဲ့အကြောင်းတွေ မပြောပါနဲ့တော့.."

"ရှင်လာပြောလို့ ပြောနေရတာလေဖေကြီးရဲ့"

"အဖေနဲ့အမေရယ် စကားများမနေပါနဲ့တော့ ခနနေရင် ကိုကြီးတော့လည်း လာတော့မှာကို... "

ဦးဇင်မင်းကို ဝင်ပြောလိုက်မှ ဒေါ်ခင်စိန်တို့နှစ်ယောက်သား ငြိမ်သွားကြသည်....
(ဖေကြီး မေကြီးဆိုပြီး Ro ကြတာနော်😁)

""""""""""""""""""""""""""""""""""

ဦးဇော်ဇော်ကိုတို့ မိသားစု.. မနက်စောစော
မန္တလေးမှထွက်လာခဲ့ကြသည်... အားလုံးကလည်း ပြုံးလို့ရွှင်လို့ပေါ့..

"ဖူးစာများ အံ့သြပါ့နော် တောင်ပေါ်သူနဲ့ မြေပြန့်သားနဲ့ကို ညားအောင်လည်း ဖန်တီးပေးတတ်တာပဲ... "

"ဟဲ့ ယွန်းလေး လူကြီးတွေနဲ့ကို ဘာတွေပြောနေတာလဲ.."

"မဟုတ်ပါဘူး မမရယ် ဖေဖေနဲ့မေမေနဲ့ကို အားကျလို့ပါ... ဖေဖေနဲ့မေမေက အရမ်းချစ်ကြတာပဲနော် တစ်ခါမှလဲ စကားများတာမမြင်ဖူးဘူး"

"အဲ့ဒါကတော့ နားလည်မူပေါ့သမီးရယ်..
တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပြီး နားလည်မူအပြည့်ဝပေးနိုင်ရင် ပြသနာဆိုတာ ဖြစ်လာစရာမရှိဘူးလေ... အဓိကကတော့ တစ်ယောက်အခက်ခဲနဲ့သဘောထားကို ကျန်တစ်ယောက်က နားလည်ပေးဖို့ပဲ... "

"ယွန်းကတော့ မေမေတို့ကို အားကျတယ်...
ဟီး..ဟီး..😁"

"ဒီကလေးကတော့ မိဘတွေကို စနေတယ်"

ယွန်းလေးပြောလိုက်တော့ ဒေါ်နန်းရီတို့ လင်မယားနှစ်ယောက်လဲ ကိုယ့်အကြောင်းကိုတွေးပြီး ရှက်ပြုံးလေးတွေ ပြုံးနေကြတော့သည်.....
ရန်ကုန်မြို့ထဲသို့ စ ရောက်တာနဲ့ တစ်လမ်းလုံး ကားတွေ busတွေနဲ့သာ ရှုပ်ယှက်ခပ်နေတော့သည်....

You are My SunshineWhere stories live. Discover now