Part- 18 (You are My Sunshine )

2.3K 172 26
                                    

(Unicode )

ဒီနေ့က ရတနာပုံတက္ကသိုလ်ရဲ့ ကျောင်းသင်္ကြန်ဆိုတော့ ကျောင်းဝန်းထဲမှာ လူအတော်စည်နေတော့သည်...ခါတိုင်းအတန်းချိန်မတက်တဲ့သူတွေ ကျောင်းလစ်နေတဲ့သူတွေအကုန်လုံး ဒီလိုနေ့မျိုးတော့ မပျက်မကွက် လာကြသည်...ဒါကလည်း ကျောင်းသားတွေရဲ့ အထာပဲလေ...
Major ပေါင်းစုံကလည်း အပြိုင်အဆိုင်ပင် စတုဒီသာတွေ ကျွေးနေတော့သည်...ကြယ်စင်တို့အုပ်စုကတော့ ဖြူမဲဆင်တူလေးတွေနှင့် အားလုံးထဲမှာ ပေါ်လွင်နေတော့သည်...
အဖြူရောင်အင်္ကျီလေးတွေကလည်း color မှုန့်တွေကြောင့် အဖြူရောင်မပေါက်ဘဲ အရောင်စပ်ကြားတွေ ဖြစ်နေတော့သည်....လေးထပ်ဆောင်ရှေ့က ကွင်းပြင်ကြီးထဲမှာတော့ လူအနည်းငယ်သာရှိသေးသည်...ဘာလို့ဆိုတော့ stageစင်မှာ ဆရာ ဆရာမတွေ မိန့်ခွန်းပြောနေတာကိုး ဒါမျိုးတော့ဘယ်သူမှ စိတ်မဝင်စားကြပေ...ဆရာ ဆရာမတွေ မိန့်ခွန်းပြောပြီးတော့ majorပေါင်းစုံက အကတွေနဲ့ ကပြဖျော်ဖြေပြီး ဆုတွေဘာတွေပေးနေကြတော့သည်...အကတီးလုံးတွေ နည်းနည်းပါလာတော့ လူတွေလည်းရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်.....

"ဟဲ့ ကြယ်စင် ခနနေDJ တွေ လာတော့မယ်ထင်တယ် သွားရအောင် တော်ကြာရှေ့ထိ တိုးမရဖြစ်နေမယ် "

"နေပါဦး အာကာရယ် ငါကိုနဲ့တွေ့ချင်သေးလို့ပါဟ ခလေးပဲစောင့် လာနေပြီတဲ့ ".

"ဟုတ်သားပဲ အာကာကလည်း
ပွဲက မစသေးပါဘူးဟ "

"အေးပါ အရွှန်းရယ် "

"ကို Toilet သွားချင်လာလို့ "

"အင်းအင်း..ညီ ကိုနဲ့သွားမယ်လေ..
ဟဲ့ ငါ့သဲလေးနဲ့ Toilet သွားလိုက်ဦးမယ်
ဒီနားကနေပဲ စောင့်နော် "

"အမလေး ကြွ ကြွ
ခုနကကြ ရွချင်တာ ဖင်တကြွကြွနဲ့
အခုကျ ဟိုက ကိုလို့ ခေါ်လိုက်တာရှိသေးတယ် တစ်ခါထဲ ခြေထိုးပြီးလိုက်တည်မယ့်အတိုင်း...တကယ်ပါပဲ ကိုတွေရော ညီတွေရော သဲတွေရော တစ်ခါတစ်လေ မိန်မိန်းတွေ ကျားကျားတွေက ပါသေး....
ကြယ်စင်တို့တောင် အဲ့လောက်မဟုတ်ဘူး ဒင်းတို့က ပိုကိုပိုတယ် "

"ပိုတော့ဘာဖြစ်လဲ ချစ်သူရှိလို့ ပိုတာ
တစ်ချို့များတော့ မူးလို့ရှုစရာတောင် ရျှိရဲ့လား မသိဘူး "

You are My SunshineWhere stories live. Discover now