(Unicode)
လွန်ခဲ့သော ၂၃နှစ်ခန့်...........
At Yangon Universtry.....
"ကလျာ ငါတို့ နင့်ကို ပြောစရာရှိတယ်"
"ပြောလေကိုဇော် "
"ငါနဲ့နန်းနဲ့ ချစ်သူတွေ ဖြစ်သွားကြပြီ"
"ဘယ်လို..ဘယ်လို "
"ဟုတ်တယ်ကလျာရဲ့ ငါ ကိုဇော့်ကို မနေ့ကမှ အဖြေပေးလိုက်တာ...ကိုဇော်လေ ကျောင်းတွေလည်းပြီးတော့မှာဆိုပြီး အဖြေကို ဇွတ်တောင်းနေတာ...ငါလည်းစာမေးပွဲပြီးတာနဲ့ တောင်ကြီးကိုတန်းပြန်မှာဆိုတော့ မပြန်ခင်လေး အဖြေပေးလိုက်တာ "
"အော်...ဟုတ်လား...အေးပါ
နင်တို့နှစ်ယောက်အတွက်တော့ Congratulation ပါ ""ဒီနေ့ ငါတို့နှစ်ယောက်က နင့်ကို ရှယ်တစ်ဝိုင်းလိုက်ကျွေးမှာနော် နင်ဘယ်သွားမလဲပြောလိုက် "
"တော်ပါပြီဟာ နင်တို့ဘာသာပဲ လွတ်လွတ်လပ်လပ်ကဲကြပါ..တော်ကြာငါပါနေလို့ နေရခက်နေကြလိမ့်မယ်."
"ဟာ...ကလျာ.. နင်ကတော့လုပ်ပြီ
ရှိတာမှ ဒီ၃ယောက်လေးရှိတာကို နင့်ကိုတော့တစ်ဝိုင်းလောက်လိုက်ကျွေးပါရစေ ငါအပျော်လွန်နေလို့ပါဟ ""အင်းပါ... အာ့ဆိုလည်း ညနေသွားတာပေါ့''
"ဟဲ..ဟဲ..ဒီလိုမှပေါ့...
အခုတော့ငါတို့သွားလိုက်ဦးမယ် အတန်းမတက်တော့ဘူး...အတန်းပြီးလောက်မဲ့အချိန်ကျ နင့်ကိုလာခေါ်မယ် ""အေးပါ "..
ကိုဇော်နဲ့ နန်းတို့ထွက်သွားတာနဲ့ ကလျာထိန်းထားတဲ့မျက်ရည်တွေက ဆည်မြောင်းကြီးကျိုးကျသလို ဒလဟောစီးကျတော့သည်...တကယ်ဆို ကလျာမိဘတွေနဲ့ ကိုဇော်မိဘတွေက ရင်းနှီးနေတာမို့ ငယ်ငယ်ထဲက ကလျာက ကိုဇော်တို့ ညီကိုနှစ်ယောက်နဲ့ အမြဲသွားသွားဆော့နေကြဖြစ်သည်......ကိုဇော့်ကို ငယ်ငယ်ထဲကကြိတ်ပြီးရင်ခုန်ခဲ့ရသူ...အခုချိန်ထိလည်း ရင်ခုန်နေရတုန်းပဲ..ဒါပေမယ့် ကိုဇော့်ဘက်ကတော့ ညီမလေးတစ်ယောက်ထက်ပိုပြီး သံယောဇဥ်မဖြစ်ခဲ့...ကလျာကငယ်ငယ်ထဲက ချစ်လာရသူ.. ဒါပေမယ့်ကိုဇော်ကတော့ အခုမှတက္ကသိုလ်တက်မှ ဆုံတဲ့နန်းကို အသဲသန်ချစ်ပြနေတော့ ကလျာအတွက်မအိုခေတော့ဘူးလေ...တကယ်ဆို ကလျာရဲ့အချစ်တွေကို မြင်ခဲ့သင့်တယ်လေ....
အခုလည်းကြည့်ပါဦး ကလျာကို ရှေ့မှာထားပြီး နန်းကိုချစ်ပြနေလိုက်တာ...ကိုဇော်အတင်းလိုက်ကျွေးမယ်ဆိုလို့သာ ကလျာမတတ်သာလို့ လိုက်ခဲ့ရတာ.. ဒီလိုတွေဖြစ်ပျက်နေကြတာကို ကလျာတစ်ယောက် ဒေါသတွေဖုံးကွယ်ပြီး ဟန်ဆောင်အပြုံးနဲ့သာ နေနေခဲ့ရတယ်....
YOU ARE READING
You are My Sunshine
General FictionYuri Fiction လေးပါဗျ ပထမဆုံးမလို့ ဝေဖန်ပေးကြပါဦးနော် (Unicode + Zawgyi)