Part- 35 (You are My Sunshine)

2.7K 170 25
                                    

(Unicode)

မန္တလေးမြို့စွန် တစ်နေရာတွင် ဆိုင်ကယ်နှစ်စီးကို လမ်းဘေးထိုးရပ်ကာ လူငယ်လေးယောက် စကားပြောနေကြသည်...

"ဟျောင့် သားကြီး.... မင်းများနေပြီနော်
Bar မှာလဲ သောက်ခဲ့ပြီကို တော်လိုက်တော့.."

"ဟုတ်တယ် ဟျောင့်... မိန်းကလေးတစ်ယောက်အတွက်နဲ့ မင်းဒီလောက် အသဲကွဲပြနေစရာမလိုဘူး..."

"ငါ ခံစားရလွန်းလို့ပါကွာ.. ငါနောက်တစ်ယောက်ရှုပ်တာလည်းမဟုတ်ဘဲနဲ့ ဒီတိုင်းသူမကြိုက်တာလေးတစ်ခုကို လုပ်မိတာနဲ့ သူက ငါ့ကို လမ်းခွဲခဲ့တာကွ... ပြီးတော့ကွာ ငါတို့တွဲလာတာလည်း နှစ်နှစ်ကျော်နေပြီ အဲ့ဒီ သံယောဇဥ်လေးတွေကိုတော့ သူထောက်ထားသင့်ပါတယ်ကွာ...."

"မင်းစော်က ဒီတိုင်းလေးပြောလိုက်တာနေမှာပါကွာ... နောက်ရက်စိတ်ဆိုးပြေရင် ပြန်အဆင်ပြေသွားမှာပါ .."

"မဟုတ်ဘူး ဟျောင့်... ငါသိတယ်..
သူငါ့ကိုတစ်ကယ်ကြီး ပြတ်ပြတ်သားသား လမ်းခွဲခဲ့တာ နောက်ထပ် ငါ့ဆီပြန်လာမှာ မဟုတ်တော့ဘူး.. ငါကလည်း သူမကြိုက်မှန်းသိရက်နဲ့ကို သွားလုပ်မိတာ..."

"အေးပါကွာ ဒါဆိုလည်း နောက်ထပ်တစ်ခါလောက် သူခွင့်လွှတ်အောင် ကြိုးစားကြည့်ဦးပေါ့.. အခုတော့အိမ်ပြန်ရအောင် အချိန်လည်းကြည့်လိုက်ဦး ၁၁နာရီကျော်နေပြီ.. သောက်တာလည်းများနေပြီ.. တော်ကြာမင်းအိမ်က ပြန်မလာလို့ စိတ်ပူနေမယ်..."

"ငါ မပြန်ချင်သေးဘူး... သောက်ချင်သေးတယ်.. မင်းတို့ပြန်နှင့်လိုက်တော့.. ငါဒီမှာပဲ ဆက်သောက်ပြီးနေခဲ့မယ်... ဟိုကောင်
ငဇေက အိမ်ပိုင်တာမဟုတ်ဘူး တော်ကြာသူ့အဖေက ထောင်းနေဦးမယ် ပြန်နှင့်လိုက်ကြတော့..."

"မင်းကိုတော့ ဒီမှာတစ်ယောက်ထဲ မထားခဲ့နိုင်ပါဘူး.. ငါတို့နဲ့တစ်ခါထဲလိုက်ခဲ့ မင်းအိမ်ဝင်ပို့ပေးမယ်..."

"ငါ ခနပဲထိုင်မှာပါကွာ.. မင်းတို့ကလည်း ငါမန္တလေးသားစစ်စစ်ပါကွ ဘာမှမကြောက်ဘူး.... "

"အေးပါကွာ... ဒါဆိုလည်း ဆိုင်ကယ်တစ်စီးထားခဲ့မယ်... ငါတို့သုံးယောက်တစ်စီးမောင်းသွားလိုက်တော့မယ်... "

You are My SunshineWhere stories live. Discover now