Part- 30 (You are My Sunshine)

3K 172 11
                                    

(Unicode)

Warning 🔞🔞 နည်းနည်း 😁

သာယာလှတဲ့ ညနေဆည်းဆာလေး တစ်ခုမှာ Wedding dress လေးတွေဖြင့် အလှကိုယ်စီနဲ့ ချစ်စရာကောင်းနေသော သတို့သမီးနှစ်ယောက်.....👰👰
မြန်မာနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်မရှိတာမို့ သိမ့်ဖေကြီးရဲ့ ခြံထဲမှာပဲ ရင်းနှီးသူအချို့ကိုသာ ဖိတ်ကြားပြီး မင်္ဂလာပွဲကျင်းပလိုက်ကြသည်... ဒီတစ်ခါတော့ သိမ့်တို့အဖွဲ့တွေ အကုန်စုံလင်နေကြသည်... ယွန်းကိုလည်း တောင်ကြီးကနေ ပြန်လာခိုင်းထားသလို ပိုးကိုလည်း အိမ်အထိဖိတ်စာသွားပို့ပြီး မရောက်ရောက်အောင် လာခဲ့ဖို့ဖိတ်ထားလိုက်သည်.... အားလုံးကတော့ သိမ့်တို့အတွဲကိုကြည့်ပြီး ပြုံးပန်းဆင်နေကြသည်... အပြင်အဆင်နဲ့ ပန်းတွေကိုလည်း အဖြူရောင်သုံးထားသည့်အပြင် သတို့သမီးနှစ်ယောက်ကလည်း ဂါဝန်အဖြူလေးတွေနဲ့ဆိုတော့ သိမ့်တို့ မင်္ဂလာပွဲက မြင်ရသူတိုင်းအဖို့ ရင်ထဲအေးချမ်းစေပြီး အပျော်တွေပင် ကူးစက်စေသည်... မင်္ဂလာပွဲရဲ့ Presenter တွေကတော့ အာကာနဲ့သူရိန်တို့နှစ်ယောက်ပင်...

"ကဲ... ကဲ...  သတို့သမီးတွေ အကြင်နာပေးရမယ့် အချိန်ခါသမယသို့ ရောက်ရှိလို့လာပါပြီ... အခုပဲ သတို့သမီးနှစ်ယောက် kiss ပေးဖို့ ကျွန်တော်ဇွဲသူရိန်မှ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား.... "

" kiss ပေးပါ... Kiss ပေးပါ... "

အာကာတို့ဆော်သြပေးလိုက်တော့ အောက်ကလူတွေကပါ ဝိုင်းပြီးတောင်းဆိုကြတော့သည်.. သိမ့်လည်း တုံ့ဆိုင်းမနေဘဲ ကြယ်စင့်ရဲ့ နှုတ်ခမ်းသားများကို စုပ်ယူအနမ်းခြွေလိုက်တော့သည်.. အားလုံးကလည်း 'ဟေး...ဟား...' နဲ့ လက်ခုပ်တွေတီးနေကြသည်...

"သတို့သမီးတွေ အကြင်နာပေးပြီးပြီဆိုတော့ အခုနောက်ဆုံး သတို့သမီးကြယ်စင်မှ လက်ကိုင်ပန်းပစ်ရမယ့်အချိန် ရောက်လာပါပြီ... အားလုံးပဲ ရှေ့တိုးကြပါ.. ဟိုfaမ..ဆုပြည့် အရှေ့ဆုံးကနေပါ ပန်းရရင်နင်လည်း faဘဝက ကျွတ်ပြီ..."

"အာကာ... နင်နော်.. ငါဆိုဖဲ့ဖို့ပဲ.."

အာကာနဲ့ဆုပြည့်ကိုကြည့်ပြီး အားလုံးကတော့ သဘောကျနေကြတော့သည်..
ကြယ်စင်လည်း stageစင်လေးရဲ့ နောက်ကျောဘက်ကို မျက်နှာမူကာ အားလုံးကို ကျောပေးလိုက်ပြီး လက်ထဲမှ ပန်းစီးကို နောက်ပြန် ပစ်လိုက်တော့သည်...

You are My SunshineWhere stories live. Discover now