(Unicode)
မျက်လုံးနှစ်လုံး ဖွင့်လိုက်တာနဲ့ လေဟာပြင်ထဲရောက်နေသလို ခံစားလိုက်ရသည်.. ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့လည်း အဆုံးအစမရှိအောင် အမှောင်တိဖုံးလွှမ်းနေတော့သည်....
ထိုစဉ် အဖြူရောင်အလင်းတန်းတစ်ခု ဖြတ်သွားတာကြောင့် ထိုအလင်းရှိရာသို့ ကြယ်စင်လိုက်သွားမိတော့သည်...."ဟင်.... ကိုလား.. ကိုကဘာလို့ဒီမှာရှိနေတာလဲ..."
"ကိုက ကလေးဆီ လာတာလေ..."
"ဒါဆို... ကလေးနားလေးမှာပဲ နေတော့နော် နောက်ထပ် ကလေးကိုခွဲပြီး ဘယ်မှမသွားနဲ့တော့... ကိုသွားရင်လည်း ကလေးက ကို့နောက်လိုက်နေတော့မှာ...."
"မရဘူးလေ ကလေးရဲ့...
ကလေးက ကို့နောက်လိုက်လို့မရဘူး..
ဟိုမှာ ကြည့်လိုက်..."သိမ့် ညွှန်ပြရာသို့ ကြယ်စင် လိုက်ကြည့်တော့ နှီးဖြင့်ထုတ်ထားတဲ့ မွေးကင်းစ ကလေးငယ်နှစ်ဦးကို တွေ့လိုက်ရသည်...
"ဒါက.......?"
"ဒါက ကိုတို့ရဲ့ ကလေးလေးတွေလေ..
သူတို့လေးတွေက ကလေးကိုမျှော်နေလိမ့်မယ်..ဒီတော့ ကိုတို့ရဲ့ ကလေးလေးတွေဆီပဲသွားရမယ်..ကို့နောက်ကို မလိုက်ခဲ့နဲ့....""ဟင့်အင်း... ကိုမပါဘဲ ဘယ်မှမသွားချင်ဘူး... ကိုနဲ့ပဲအတူတူနေချင်တယ်... ကို ကလေးနဲ့အတူတူ လိုက်ခဲ့လို့မရဘူးလား..
သူတို့လေးတွေကလည်း ကို့ကိုမျှော်နေမှာလေ... ကိုလိုက်ခဲ့ပါနော်....""ကိုက........."
"ဟင့်အင်း .... မငြင်းလိုက်ပါနဲ့...
ကျေးဇူးပြုပြီး ကလေးနဲ့အတူတူလိုက်ခဲ့ပါ. ကိုမပါရင် ကလေးလဲ ဘယ်မှမသွားဘူး..""ဒီလို လုပ်လို့ မရဘူးလေ ကလေးရဲ့..
ကလေးသွားမှကို ဖြစ်မယ်.... ""ဒါဆို ကိုပါလိုက်ခဲ့လေ....
နော်ကို... လိုက်ခဲ့ပါ..""ကောင်းပြီ... ကိုလိုက်ခဲ့မယ်...
ကလေးအရှေ့ကသွားနှင့် ကိုနောက်က လိုက်ခဲ့မယ်..ဟုတ်ပြီလား.... ""တကယ်လား....ကို
ကတိနော်.....""အင်း.... ကို ကတိပေးတယ်... "
"ဒါဆို ကလေးသွားနှင့်မယ်နော်..."
ထို့နောက်တော့ လက်ပြနှုတ်ဆက်ကာ အခြားတစ်ဖက်ဆီသို့ ထွက်သွားသော ကြယ်စင်ရဲ့ကျောပြင်အား ငေးကြည့်ရင်းသာ သိမ့်တစ်ယောက် ကျန်ခဲ့တော့သည်....
YOU ARE READING
You are My Sunshine
General FictionYuri Fiction လေးပါဗျ ပထမဆုံးမလို့ ဝေဖန်ပေးကြပါဦးနော် (Unicode + Zawgyi)