Part-19 (You are My Sunshine)

2.3K 174 14
                                    

(Unicode)

"ယွန်း ကိုရောကျောင်းလာလား
မနေ့ထဲက ဖုန်းဆက်တာ ဆက်မရလို့ "

ယွန်းအတန်းထဲဝင်လာတာနဲ့ ကြယ်စင် တန်းမေးလိုက်​ခြင်းဖြစ်သည်....

"မနေ့က မမက အိမ်ပြန်မအိပ်ဘူး ချိုရဲ့ "

"ဟင် အဲ့ဒါဆို ကိုကဘယ်မှာအိပ်တာလဲအခုရော် ဘယ်မှာရှိလဲ ဖုန်းကရော်ဘာလို့ဆက်မရတာလဲ တစ်ခုခုဖြစ်နေလို့လားဟင် "

"အဲ့လောက်လည်း စိတ်မပူပါနဲ့ မမက ဘာမှမဖြစ်ပါဘူး မနေ့ကမေမေ့ဆီကို မပိုးတို့အိမ်မှာ အိပ်မယ်ဆိုပြီး ဖုန်းတော့ဆက်တယ် "

"ကိုက ဘာလို့မပိုးတို့အိမ်သွားအိပ်တာလဲ
မနေ့ကလည်း သီချင်းတက်ဆိုပြီးကထဲက မတွေ့ဖြစ်ဘူး ဖုန်းကလဲဆက်မရဘူး...
ဒါနဲ့..ယွန်း. မပိုးတို့အိမ်သိလား ကြယ်စင်လိုက်သွားချင်လို့ "

"ယွန်းလည်း တစ်ခါမှ မရောက်ဖူးတော့ မသိဘူးချိုရဲ့ "

"အင်းပါ ကိုဒီနေ့ အိမ်ပြန်အိပ်ရင်တော့
ကြယ်စင်ဆီကိုဖုန်းဆက်ဖို့ ပြောပေးဦးနော်"

"အင်းပါ ယွန်းပြောပေးပါ့မယ်"

ကြယ်စင့်စိတ်ထဲ တစ်ခုခုအလိုမကျသလို ခိုးလိုးခုလုဖြစ်နေသည်...တကယ်ဆိုရင် ကိုနဲ့ ကြယ်စင်က တစ်ခါမှဒီလိုမျိုး အဆက်သွယ်မရဘဲ မနေဖူးပါ...စိတ်ဆိုးလို့ဖုန်းမကိုင်ရင်တောင်မှ ၅ခါလောက်ဆက်တိုက်ဆက်ရင် ကိုင်စမြဲ...အခုက ကြယ်စင်ခေါ်နေတာ အကြိမ်ပေါင်းမနည်းတော့ဘူးလေ
ကိုရယ်...ကလေးကိုစိတ်ပူအောင် မလုပ်ပါနဲ့.......

""""""""""""""""""""""""""""""""""""""""

"သီရိ အိပ်ပဲ အိပ်မနေနဲ့လေ မနက်စာ ထစားလိုက်ဦး အစာမရှိရင် ရင်တွေတုန်နေလိမ့်မယ် မနေ့ကထဲက ဘာမှမစားဘဲ ငိုပဲငိုနေတာ "

"ငါ စားချင်စိတ်မရှိသေးလို့ပါ ပိုးရယ်..
ငါလေ အခုထိမယုံနိုင်သေးဘူးဟာ
ငါ...ကလေးကိုမခွဲနိုင်ဘူး ကလေးနဲ့ခွဲပြီးနေရရင် ငါသေသွားလိမ့်မယ် "

သိမ့်ပြောရင်း မျက်ရည်များနောက်ထပ်စီးကျလာတော့သည်...မနေ့ကလဲ ပိုးအိမ်ရောက်ကထဲက ပိုးကိုပြောပြောပြီး ငိုနေလိုက်တာများ တက်မတက်ပင်....အခုလဲမကုန်နိုင် မခမ်းနိုင် မျက်ရည်တွေထပ်ကျလာပြန်ပြီ.......

You are My SunshineWhere stories live. Discover now