Part-14 (You are My Sunshine)

2.5K 187 0
                                    

(Unicode)

သိမ့် ပုဂံကပြန်လာပြီးကထဲက အပြင်ကို နေ့တိုင်းနီးပါးထွက်နေတော့သည်...
တစ်ခါတစ်လေဆို မြန်မာဝတ်စုံလေးတွေဝတ်ကာ ဘုးရားသွားမလို့ဆိုပြီး ယွန်း ဆိုင်ကယ်ယူသွားတတ်သည်....အိမ်ကလူတွေအတွက်ကတော့ အထူးအဆန်းဖြစ်လို့နေသည်...တစ်ခါမှ မြန်မာဝတ်စုံမဝတ်တတ်တဲ့သူက အိမ်မှာနေရင်းတောင် ထဘီလေးပဲဝတ်နေတော့.. ဒေါ်နန်းရီ က " သမီးလေး အရင်ကမြန်မာဝတ်စုံတွေဆို ကျင်းကြပ်လို့မဝတ်ဘူးဆို အခုမှဘာစိတ်ကူးတွေပေါက်နေတာလဲ " လို့ မေးလိုက်ရင်

"ဒီတိုင်းဝတ်ကြည့်တာပါ မေမေရယ် "
လို့သာပြန်ဖြေတတ်သည်...

""""""""""""""""

"မမ ယွန်းကို စာရေးကိရိယာဆိုင်လေးလိုက်ပို့ပေးဦး "

"အင်းအင်း ယွန်းလေး ဆေးဗူးတွေကုန်နေပြီလား "

"ဟုတ်တယ်မမ ကုန်ခါနီးနေလို့ ပြီးတော့ နောက်လထဲမှာ တောတောင်ရေမြေနဲ့ ပက်သက်တဲ့ ပြိုင်ပွဲလေးတစ်ခုရှိတယ် အဲ့ဒါ ဝင်ပြိုင်မလား စိတ်ကူးနေတာ "

"ကောင်းတာပေါ့ ယွန်းလေးရဲ့
ယွန်းလေးက ဒီတိုင်းအလွတ်ပဲဆွဲနေတာ
ဒီလိုလေးလဲ ကိုယ့်ပန်းချီကားလေးတွေကို ပွဲထုတ်ဦးမှပေါ့ "

"ဟုတ်မမ အ့ဆို ယွန်းဝင်ပြိုင်ဖို့ စရင်းပေးလိုက်မယ် "

"အင်း ကောင်းတယ် ယွန်းလေး
လာသွားကြစို့ ဦးထုပ်ယူခဲ့လိုက်ဦး "

"ဟုတ် မမ "

ညီမနှစ်ယောက် ဆိုင်ကယ်လေးတစ်စီးဖြင့် စာရေးကိရိယာဆိုင်သို့ ထွက်ခဲ့ကြတော့သည်....ယွန်းလေးက ငယ်ငယ်ထဲက ပန်းချီဆွဲဝါသနာပါသည်...ငယ်ငယ်ထဲက နွေရာသီပန်းချီသင်တန်းတွေဆို အကုန်လိုက်တက်သည်....ယွန်းလက်ရာလေးတွေက pro တစ်ယောက်လောက် မဟုတ်ပေမယ့်လည်း သာမန်သူတွေအဖို့ ငေးကြည့်လောက်ရတဲ့လက်ရာပင် ...တစ်ခါတစ်လေဆို လမ်းဘေးပန်ချီဆရာများနှင့်လည်း လမ်းဘေးမှာတင် ပန်းချီကူဆွဲပြီး ရန်ပုံငွေရှာပေးတတ်သေးသည်...ညီမနှစ်ယောက်ကတော့ တစ်ယောက်တစ်မျိုးနဲ့ ဝါသနာမတူကြပေမယ့် အနုပညာချင်းတော့ တူနေကြသည်.....

You are My SunshineWhere stories live. Discover now