(Unicode)"သီရိ ဆရာမစာသင်နေတာကို နင်ဘယ်လိုဖြစ်လို့ ဂဏှာမငြိမ်ဖြစ်နေတာလဲ...
နင်ကြည့်လွန်းလို့လဲ နာရီမှန်တောင် ကွဲတော့မယ်ထင်တယ် ""၁၁ခွဲနေပြီလေ ဆရာမက မထွက်သေးဘူး
"ခနနေ အတန်း ပြီးတော့မှာပါဟ ဒီနေ့ နင်ရောက်ကထဲက ငါကြည့်လို့မရဘူးနော်"
ထိုစဉ် ဆရာမက စာသင်တာရပ်ပြီး အတန်းကို နှုတ်ဆက်ကာ ထွက်သွားတော့သည်
"အမလေး စောင့်လိုက်ရတာ အခုမှပဲ ထွက်တော့တယ် "
"ဟဲ့ ဆရာမကို ဘယ်ချိန်ထဲက နှင်ထုတ်ချင်နေတာလဲ "
"😁😁မဟုတ်ပါဘူးဟ..
လာ Canteen သွားကြစို့ ""ဟဲ့ စာအုပ်လေးတော့ သိမ်းပါရစေဦး
နင့်canteen က ထွက်မပြေးပါဘူးဟ ""တော်ကြာ ယွန်းလေးတို့နဲ့ လွဲနေမှာစိုးလို့ပါ....ဟိုကောင်မလေးကိုလည်း ပုံတွေပေးရဦးမှာလေ အဲ့ဒါကြောင့် လောနေရတာပါဟာ "
"ပြီးပါပြီရှင် ရှေ့ကနေကြွတော်မူပါ ဒေါ်သီရိ 😏"
"မျက်စောင်းကြီး ထိုးမနေပါနဲ့ဟ "
ထို့နောက် သိမ့်တို့နှစ်ယောက် Canteen သို့ ဆင်းလာခဲ့ကြသည်....Canteen ရောက်တော့ ထိုင်နေကြဝိုင်းတွင် ကလေးတို့လေးယောက်ကို မြင်တော့ ခပ်သွက်သွက်လေး လျှောက်သွားလိုက်သည်...
"ဒီနေ့ မမတို့ နောက်ကျတယ်နော် "
"ဟုတ်တယ် ယွန်းလေးရေ ဒီနေ့မှ ဆရာမက အတန်းချိန်အကြာကြီးဝင်နေလို့ "
"မမတို့နှစ်ယောက်အတွက် မှာထားပြီးပြီ
မမတို့လာမှဆိုရင် ကြာနေမှာစိုးလို့""အင်းအင်း ယွန်းလေး "
"ဟို...ညီမလေးကြယ်စင်..ပုံတွေရပြီနော်
အခုကူးမှာမလား Zapya ဖွင့်လိုက်လေ "ကြယ်စင်လည်း ပုံတွေယူရန် အိတ်ထဲမှ ဖုန်းထုတ်နေတုန်း
"မမက ဘာတွေကူးပေးမှာလဲ "
"ဟင်...ယွန်းလေးမသိဘူးလား
မနေ့ကမမတို့ အပြင်ထွက်ဓာတ်ပုံရိုက်ကြတာလေ အတူတူထိုင်နေပြီးတော့ မသိဘူးလား"
YOU ARE READING
You are My Sunshine
General FictionYuri Fiction လေးပါဗျ ပထမဆုံးမလို့ ဝေဖန်ပေးကြပါဦးနော် (Unicode + Zawgyi)