Part- 33 (You are My Sunshine)

2.8K 164 19
                                    

(Unicode)

## အောင်ရတနာ ရုပ်ရှင်နှင့် ဗီဒီယိုရိုက်ကူးရေး ဥက္ကဌ၏ ဆက်ခံသူ မြေးအကြီးဆုံး Hanker ရဲ့ အောင်မြင်မူ ##

နေ့စဥ်ထုတ် ဂျာနယ်တစ်ခု၏ မျက်နှာဖုံးတစ်ခုလုံးကို ထိုခေါင်းစဥ်က နေရာအပြည့်ယူထားတော့သည်.. ထိုခေါင်းစဥ်ရဲ့ အောက်မှာတော့ showပွဲတုန်းက သိမ့်ရဲ့ပုံရိပ်တို့ကို ထည့်ထားသည်.. ဒါ့အပြင် ကိုယ်ရေးရာဇဝင်အချို့နဲ့ အောင်မြင်မူလမ်းကြောင်းများကိုပါ ရေးသားထားသည်

ထိုဂျာနယ်ကို လက်ထဲတွင်ကျစ်ကျစ်ပါအောင် လုံးစုတ်ချေပစ်ပြီး ဘေးတစ်နေရာသို့ လွှင့်ပစ်လိုက်တော့သည်..ထိုသတင်းကို ဖတ်ပြီးတာနဲ့ ဒေါသတွေ.. မကျေနပ်မူတွေက ငယ်ထိပ်သို့ စောင့်တက်လာတော့သည်.. ကိုယ်ပိုင်ဆိုင်ရမယ်လို့ အပိုင်တွက်ထားတဲ့အရာကို တခြားလူက ဖြတ်ခုတ်လုယူသွားတယ်ဆိုတော့ သုတကိုတို့ ခံပြင်းပြီလေ...
ဘီယာတစ်ခွက်လုံးကို အသက်တောင်မရှုဘဲ တစ်ကျိုက်ထဲ မော့သောက်ပစ်လိုက်သည်.. ဘေးက သူ့သူငယ်ချင်း ၃ယောက်ကတော့ သုတကို ဘာပြောမလဲဆိုတာသာ နားစွင့်နေကြသည်.. ဘာတစ်ခုမှ ဝင်မမေးကြသေးပေ...

"ဟာ...ကွာ.. ခံပြင်းလိုက်တာ...
နောက်မှ ဘယ်ချောင်က ပေါ်လာမှန်းမသိ ပေါ်လာပြီး ငါရမယ့်ပိုင်ဆိုင်မူတွေကို ဖြတ်ခုတ်ယူရတယ်လို့... အစကတော့ သူ့ဘာသာ သူ့သီချင်းအေးဆေးဆိုနေတာပါဆိုပြီး ကြည်ဖြူခဲ့တာ.. လက်စသတ်တော့ သူကအကြံနဲ့ကိုးဟ.. ဖေကြီးကိုလည်း ဘယ်လောက်တောင် ကပ်ဖားထားလဲမသိဘူး ဖေကြီးက သူ့မြေးကြီးမှ မြေးကြီး ဖြစ်နေတာ.. သူရောက်လာကထဲက ငါ့ကိုတောင် ဖေကြီးက သိပ်ဂရုစိုက်တာ မဟုတ်တော့ဘူး..."

"ဒါဆို မင်းအခု ဘာဆက်လုပ်မှာလဲ..
အရင်တုန်းကတော့ မင်းက မင်းဖေကြီးရဲ့ Company က အချိန်တန်ရင် ငါ့လက်ထဲရောက်လာမှာပါဆိုပြီး ကြွေးကြော်ထားတာနော်.. အခု ဘယ်နှယ့်ရှိစ..? "

"စိတ်ချ ဟိတ်ကောင်တွေ ငါ့စကားအတိုင်း ဖြစ်စေရမယ်.. ငါရဲ့လမ်းမှာပိတ်ရပ်တဲ့သူတွေကို ငါဆိုတဲ့ကောင်က ညှာတာနေမှာမဟုတ်ဘူး.."

"ဒါဆို မင်းကဘယ်လိုလုပ်မှာလဲ...
မင်းအမကို အပြတ်ရှင်းမလို့လား..."

You are My SunshineWhere stories live. Discover now