Part- 25 (You are My Sunshine)

3.4K 194 24
                                    

(Unicode )

Warning 🔞🔞🔞
18+ သဘောမကျတဲ့သူတွေ အဲ့စာပိုဒ်လေးကို ချန်ပြီးဖတ်လိုက်ကြပါနော်... တစ်ချို့က ဘုရားတရားသမားတွေမို့ပါ😁😁

ဒီနေ့တော့ ကြယ်စင်တစ်ယောက် အစောကြီးနိူးနေတော့သည်... ညကလည်းအတော်နဲ့အိပ်မပျော်ခဲ့တာတောင်မှ ဒီနေ့စောစောနိူးနေတော့သည်.... မနေ့က ယွန်းရဲ့ကောင်းမူကြောင့် တောင်ကြီးမြို့အနှံ့လည်ပတ်ခဲ့ရသေးသည်.. လူကသာ နေရာစုံရောက်နေပေမယ့် စိတ်ကတော့ တစ်နေကုန် သိမ့်ဆီကိုပဲ ရောက်နေခဲ့သည်. ယွန်းကိုလည်း စိတ်ဆိုးချင်ပေမယ့် အကုန်ဖွင့်ပြောခဲ့သည်မို့ စိတ်မဆိုးရက်နိုင်တော့ပေ.. ပြီးတော့လဲ အနာဂတ်ရဲ့ယောင်းမလေးလေ ဘယ်စိတ်ဆိုးလို့ရပါ့မလဲ....
ကြယ်စင် ဒီနေ့အတွက် စိတ်လှုပ်ရှားနေခဲ့တယ်.. ညနေပွဲရောက်ရင် stage စင်ရှေ့ထိသွားပြီး သူ့ကိုကို ကို သွားငမ်းမယ်... ပြီးရင် သူ့ဆီအရောက်သွားပြီး အရင်လို ချစ်သေးလားဆိုပြီး မေးပစ်မယ်... နောက်ထပ်လည်း ထားသွားလို့မရအောင် ဆွဲထားတော့မယ်ပေါ့... ဒါလေးကတော့ ကြယ်စင့်ရဲ့ စိတ်ကူးလေးပါ....
စိတ်ကူးလေးနဲ့တင်ကို ကြယ်စင်တစ်ယောက် ပြုံးပျော်နေပြီး အိပ်ယာထဲ လူးလိမ့်နေတော့သည်.... ဖြစ်နိုင်ရင် အခုချက်ချင်းကို ပွဲထဲမှာ ထိုင်စောင့်နေချင်တော့တယ်... ယွန်းဆီကနေ သိမ့်ရဲ့ ဖုန်းနံပါတ်အသစ်လေးကို ယူခဲ့ပေမယ့်.. ဖုန်းကိုင်မအားမှာစိုးလို့ မဆက်တော့ပေ...
တော်ကြာ ဟိုဘက်ကနေ ဘယ်သူလဲမေးရင် ဖြေရခက်နေပေဦးမည်... ကို့ရဲ့ရည်းစားဟောင်းလို့ဖြေရမှာလား.. ကို့ရဲ့ ကလေးပါဆိုပြီး ဖြေရမလား.. ကြယ်စင်ချို ပါဆိုပြီး မိတ်ဆက်ပြနေရမှာလား ဝေခွဲမရတော့... အဲ့တော့ လူချင်းတွေ့ပြီး မေးချင်တာတွေကိုပဲ အကုန်မေးပစ်ရတော့မည်....

"""""""""""""""""""""""""""""""""""""

ကြယ်စင်တစ်ယောက် ပွဲချိန်နီးနေပြီမို့ အတော်လေး ဂဏှာမငြိမ်ဖြစ်နေတာ့သည်..
ဒီနေ့ သိမ့်ကို တွေ့ချင်ပါတယ်ဆိုပါမှ ဆုပြည့်က ဗိုက်ရစ်နေလို့ ထိုင်စောင့်နေရတော့သည် ...

"ဆုပြည့် နင်တော်တော် ဇာတ်ရှုပ်ထုတ်တာပဲ.. နေ့လည်ကကျတော့ ပါးဖြဲနဖြဲ အကင်တွေ မျိုနေပြီးတော့ အခု သွားခါနီးမှ ပန်းကမ္ဘာထဲ ရောက်နေတယ်..."

You are My SunshineWhere stories live. Discover now