#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ••••••••••••••••••••••••••••••••••••••••••••
အခန်း(၁)
•••••••••"ဟူး............"
"ဟူး............"
"ဟူး............"
သက်ပြင်းချသံ တစ်ခုက တိုက်တစ်တိုက်လုံးပင် လွှမ်းခြုံသွားရလောက်အောင် ကျယ်လွန်းလှသည်။ နေ့လည်ဘက်ဆိုတော့ နေကလည်း ကျစ်ကျစ်တောက် ပူနေတော့သည်။ တစ်ယောက်ထဲ နေတဲ့သူအဖို့ အလွန် ပျင်းစရာ ကောင်းလှသည်။ ပူနေတဲ့ ကြားထဲကနေ အင်္ကျီလောင်းကုတ်ကို ၀တ်လျက် အလုပ်စားပွဲမှာ ထိုင်နေတဲ့ ကိုဒေါင်း တစ်ယောက် လက်ကို ထောက်ကာ တံခါးပေါက်ကို စိုက်ကြည့်နေလေတော့သည်။
"ဒီနေ့လည်း တံခါးပေါက်ကနေ ၀င်လာမယ့်သူ မရှိပါလား" ဆိုကာ ငြီးတွားနေပြန်သည်။
ကိုဒေါင်း တစ်ယောက် ထိုင်ရာကနေ ရုတ်တရက် ထလိုက်သည်။ ပြီးနောက် စာအုပ်ပုံတွေ ပြန့်ကြဲနေတဲ့ ကြမ်းပြင်ကြီးကို တစ်ချက် ကြည့်လိုက်တော့သည်။ သက်ပြင်းချကာ စာအုပ်ပုံတွေကို ကျော်ခွပြီး တံခါးနားကို တစ်လှမ်းချင်း သွားလိုက်သည်။ တံခါးကို လှပ်လိုက်ပြီး အပြင်ဘက်ကို ခေါင်းပြူထွက်ကာ ဟိုကြည့် ဒီကြည့် လုပ်နေတော့သည်။ ပြီးနောက် အပေါ်ကို မော့ကြည့်လိုက်ကာ ဖုန်တလူးလူးတက်နေတဲ့ ဆိုင်းဘုတ်ကို တွေ့လိုက်ရလေသည်။
"Mr.Daung ပုဂ္ဂလိကစုံထောက်" ဆိုသည့် ဆိုင်းဘုတ်မှာ ပင့်ကူမျှင်တွေနဲ့ ကြည့်လို့ လှနေတော့သည်။ ကိုဒေါင်း တစ်ယောက် ဆိုင်းဘုတ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်လေသည်။
"အဟန်း....အဟန်း" ချောင်းဟန့်ကာ တံခါးပြန်ပိတ်လိုက်တော့၏။
ကိုဒေါင်း စိတ်ပျက်လက်ပျက်ဖြင့် စားပွဲနား ပြန်လာလိုက်သည်။ ထိုင်ခုံမှာ ထိုင်လိုက်ပြီး စားပွဲပေါ်က စာရွက်တွေကို ကြည့်နေပြန်တော့သည်။ ပြီးတော့ စာရွက် တစ်ရွက်ကို ယူကြည့်လိုက်တာပေါ့။ စာရွက်ကို ကြည့်ပြီး ကိုဒေါင်း တစ်ယောက် လုံးချေလိုက်သည်။ ပြီးနောက် အဝေးကို ပစ်လိုက် လေသည်။ စာထဲမှာက ဒီလိုကိုး။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။