Part-24

1.7K 136 2
                                    

Zawgyi

~~ကြာဖြူ~~
အပိုင်း(၂၄)
  
    "ခစ်......ခစ်"
    ရယ်သံသဲ့သဲ့လေးက စမ်းရေစီးသံအလား...
    လှေဟုန်နှင့်အတူဝဲခါဆော့ကစားနေသည့် ရှည်လျားနက်မှောင်သည့် ဆံနွယ်တို့ကလည်း အိုး...လှလွန်းပါလား
    အလွန်တော်သော ပန်းပုဆရာထုဆစ်ထားသကဲ့သို့ မှင်သက်ဖွယ်အတိနှင့် ခန္ဓာကိုယ်ကောက်ကြောင်းအလှကာ နတ်သတ်ပင်ကြွေသွားနိုင်သည် ထင်ပါရဲ့.။
    တစ်ချက်တစ်ချက် သင်းပျံ့လာသည်က ကြာပန်းရနံ့လား ကိုယ်သင်းရနံ့လား .. အို မူးမေ့ဖွယ်အတိနှင့်..
    အဖြူရောင်ဝတ်လွှာလေးက လေနှင့်အတူ တစ်ချက်တစ်ချက်ဝဲလွင့်နေသည်မှာ ပန်းချီကားတစ်ချက်ကို ထိုင်ငေးနေရသည့်အလား....
    မင်းကြီးသည် မချင့်မရဲစိတ်တို့ဖြင့် ရှေသို့ခြေအလှမ်းတွင်...
    "ချွတ်...."
    သစ်ရွက်ခြောက်ကို နင်းမိသည့်အသံ။ မိန်းကလေး၏ကိုယ်လေးသည် ဆတ်ခနဲ့တုန်သွားရင်း နောက်သို့  လှည့်အကြည့်တွင်တော့...
    အို......လှရက်လိုက်တာ....
    ရှင်မင်းကြီးသည် ဈာန်လျှောသွားခဲ့မိသည်ထင်သည်။ မှင်သက်စွာပင် ငေးကြည့်နေမိ၏။
    မနက်ခင်းချိန်ခါမှာပင် လမင်းတစ်စင်းဖြာထွက်လာသည်ဟု ထင်မှတ်ရအောင် ကော့ညွှတ်နေသော မျက်တောင်အောက်မှ ဝိုင်းစက်လှပလွန်းသော မျက်ဝန်းတစ်စုံ။ မျက်တောင်တစ်ချက်အခတ်မှာပင် လေညှင်းတို့ပင် ရပ်တန့်သွားသည်ထင်ပါ့.။
     နှာတံစင်းစင်းအောက်တွင်တော့ ပွင့်အာတော့မည့်နှင်းဆီပန်းဖူးလေးအလား အလွန်လှပလွန်းသောနူတ်ခမ်းလေး....
    အံ့သြသင့်ဟန်ဖြင့် နူတ်ခမ်းတစ်ချက်အလူပ်တွင် အို.. ပန်းတွေပင် မမွှေးနိုင်တော့ပါ။ ကျေးဌက်သံတွေပင် တိတ်သွား၏။
     ဖြူနုလှပသောအသားအရည်က နှင်းစက်လေးတွေပင် ထိုင်ငိုသွားစေမည် ထင်ပါရဲ့....
     နတ်ပန်းချီးကားတစ်ချပ်ကို ထိုင်ငေးနေရသည့်အလား လှပသက်ဝင်လွန်းသောမိန်းကလေး...
   အို ... ရေပြင်သည်ပင် ငြိမ်သက်လို့ပါလား
   ကျေးဌက်သံတွေတိတ်သွားသကဲ့သို့ လေညှင်းလည်း မတိုးနိုင်ရှာပါ။ ပန်းတွေလည်း မသင်းနိုင်တော့ပါ...။
   ဥယျာဉ်တော်တွင်းမှအရာအားလုံးသည် သူမ၏အလှတရားအောက်တွင် ငြိမ်သက်တိတ်ဆိတ်သွားခဲ့လေ၏။
    ရှင်ဘုရင်ကိုယ်တော်သည်ပင် အရာရာကိုမေ့လျောကာ သတိလက်လွတ်ငေးမောနေမိစဉ်...
    "ရှင်...ရှင်ဘယ်သူလဲ.."
    အထိတ်တလန့် ရေရွတ်လိုက်သည့်အသံလေး။
    ကြည့်စမ်း.... ဘယ်လောက်တောင် ဆုတောင်းကောင်းခဲ့လေခြင်းလဲ....
    အသံလေးကအစ သာယာငြိမ့်ညောင်းလွန်းလှပါလား….
    "ရှင်ဘယ်သူလဲမေးနေတယ်လေ ဒီနေရာကကန့်သတ်နယ်မြေဆိုတာ ရှင်မသိဘူးလား ရှင်တော့သေဒဏ်ကျတော့မယ်"
     ဒုတိယစကားအဆုံးတွင်မှ ရှင်ဘုရင်သည် သတိဝင်လာတော့၏။ မိန်းကလေးငယ်၏အလှတွင် သူကိုယ်တော်ပင် ငြိမ်သက်တိတ်ဆိတ်သွားရပါလား...
   ရှင်ဘုရင်သည် မိမိအဖြစ်ကိုသဘောကျစွာ ပြုံးတော်မူလိုက်ပြီး..
   "ဟုတ်တယ် ဒီနေရာကကန့်သတ်နယ်မြေ ငါကိုယ်တော်ကိုယ်တိုင်ထုတ်ခဲ့တဲ့အမိန့်ပဲ ဘယ်သူကများငါ့ကိုသေဒဏ်ချမှာလဲ..."
   "ရှင်..."
   "ငါက ဤပဒုမ္မာရီမြို့တော်ကိုအစိုးရသော ရှင်ဘုရင်သိဒ္ဓနက္ခတ်မင်းပဲ မိန်းကလေ..."
    "ဟင်...."
     မိန်းကလေးငယ်သည် ရှင်ဘုရင်ဟုဆိုသော စကားကြောင့် အံ့သြတုန်လူပ်သွားမိသည်။
     ရုတ်တရက်ဥယျာဉ်တော်ထဲရောက်လာသည့် ဤယောကျာင်္းပျိုသည် ဤနိုင်ငံကိုအစိုးရသော ရှင်ဘုရင်တဲ့လား...
    မြင့်မားသောအရပ်အမောင်းနှင့် နုပျိုချောမောသောမျက်နှာရှိသည့် ယောကျာင်္းပျိုအား သူမမှင်သက်စွာ ငေးကြည့်နေမိတော့၏။
   ထူထဲနက်မှောင်သောမျက်ခုံးတွေအောက်မှ စူးရဲတောက်ပသောမျက်ဝန်းတို့က သိန်းဌက်ပမာ ရဲ့ရင့်လှ၏။ ရက်စက်ပြတ်သားဟန်ရှိသော ပိရိသေသပ်သည့်နူတ်ခမ်းတို့ကလည်း တိမ်းညွှတ်ဖွယ်ကောင်းပြန်သည်။
    ရွှေဝါရောင်ဝင်းနေသောအသားအရည်သည် နေခြည်လဲ့လဲ့အောက်မှ တလက်လက်နှင့်....
    တောင့်တင်းသောကိုယ်ဟန်နှင့် အလွန်နုပျိုချောမောသောဤယောကျာင်္းသည်...
    ရက်စက်ပြတ်သားရာတွင် နာမည်ကျော်ကြားလှပြီ နယ်ချဲ့ကျွန်ပြုစစ်တိုက်ရာတွင် ပျော်မွေ့နေတတ်သော..
   သူမတူသောရဲ့ရင်မူနှင့်ဘုန်းကံကြီးမားလှသော
   ပြိုင်ဘက်ကင်းအောင်ကျွမ်းကျင်သည့် စက်ယန္တာရားအတတ်ပညာနှင့် အရူံးမရှိသောစစ်ပွဲသာဆင်ခဲ့သည်ဆိုသော စစ်ဘုရင်ငယ်အရှင်သိဒ္ဓနက္ခတ်မင်းတဲ့လား.. 
    "မင်းဘယ်သူလဲ...မိန်းကလေး"
    အာဏာပြင်းသော အမိန့်ဆန်ဆန်စကားကြားမှ သူမသည်သတိဝင်လာပြီး တစ်စုံတစ်ရာပြောရင် နူတ်ခမ်းအလှုပ်တွင်တော့.....
    "မင်းသမီးလေး..."
    အသံနှင့်အတူရောက်လာသူက သူမလေး၏အထိန်းတော် ခစာဥ။ ခစာဥသည် မင်းသမီးလေးနားတွင် မထင်မှတ်ဘဲ ရှင်ဘုရင်ကြီးကိုတွေ့လိုက်သောအခါ အလွန်အံ့သြတုန်လူပ်သွားကာ ချက်ချင်းပင် ဒူးထောက်ခစားလိုက် ပြီး...
    "အရှင်မင်းမြတ် ဥယျာဉ်တော်တွင်းကြွလာပါလား သတင်းမကြားမိ၍ ကောင်းမွန်စွာ မကြိုဆိုလိုက်ရသည့်အတွက် ခွင့်လွတ်ပေးတော်မူပါအရှင်.."
    "အိမ်း.... ငါကိုယ်တော်လည်း အခန့်မသင့်ဘဲရောက်လာခဲ့တာပါ ဒီမိန်းကလေးက ဘယ်သူများပါလိမ့်"
   "ကြာဖြူမင်းသမီးလေးပါ အရှင်မင်းကြီး.."
   "ကြာဖြူ...."
   "မှန်လှကြောင်းပါ မင်းသမီးလေး ရှင်ဘုရင်ကိုခစားတော်မူပါဦး..."
    အထိန်းတော်စကားကြောင့် ကြာဖြူမင်းသမီးသည် ရှင်ဘုရင်ကို မျက်လုံးဝံ့ရုံလေးကြည့်လိုက်ရင်း..
   "ဒီကျွန်း ဒီမြေ ဒီရေဟာ ကြာဖြူအပိုင်ပါ အထိန်းတော်  ကြာဖြူအပိုင်ကျွန်းကို မတရားကျွန်ပြုသိမ်းပိုက်ပြီး နိုင်ငံတည်ထားတဲ့ဘုရင်ထံ ခစားဖို့လိုသေးလို့လား.."
    "အို... မင်းသမီးလေး ဘယ်လိုများပြောလိုက်ပါလိမ့် မသင့်လျော်ပါဘူး..."
     မကျေမနပ်ဟန်ဖြင့်ဆိုလိုက်သော မင်းသမီးစကားကြောင့် အထိန်းတော်ခစာဥသည် အလွန်ထိတ်လန့်သွားရရှာသည်။
     သို့သော် ရှင်ဘုရင်သည်အမျက်ရှသွားခြင်းမရှိဘဲ ထူးခြားစွာပင် ပြုံးလိုက်ရင်း..
    "ကြာဖြူမင်းသမီးလေး ဒီအရွယ်တောင်ရောက်လာပြီပဲ သက်တော်ဘယ်လောက်ရှိပြီလဲ အထိန်းတော်"
   "အရှင့်၏ကြီးမြတ်သောဘုန်းကံအောက်တွင် ကျွန်တော်မျိုးမ၏အသက်တမျှ ချစ်ခင်စောင့်ရှောက်ခဲ့သော မင်းသမီးငယ်သည် လာမယ့်ခုနှစ်ရက်နေ့လပြည့်နေ့တွင် သက်တော်(၁၆)နှစ်ပြည့်ပါပြီ အရှင်မင်ကြီး"
   "အော်... အချိန်တွေလည်းတယ်မြန်ပါလား"
   "မှန်လှပါဘုရား... များမကြာမီမှာပင် မင်းသမီးအားအရှင့်ပါရမီဖြည့်ပေးရန်အတွက် နန်းတော်တွင်းသို့ ပို့ဆောင်ဆက်သရတော့မှာပါအရှင်"
     အထိန်းတော်ကြီးစကားကြောင့် ရှင်ဘုရင်သည်သူ၏အမိန့်စကားကို ပြန်သတိရလာပြီး နှစ်ခြိုက်စွာပင် ပြုံးလိုက်ရင်းနှင့်...
    "ငါကိုယ်တော်မင်းသမီးနဲ့စကားပြောဦးမည်မို့ အသင် သင့်ရာနေသို့ခေတ္တာသွားနေပါ သင်၏မင်းသမီးအား ငါ့ထံစိတ်ချစွာထားခဲ့ပါ"
   "အမိန့်တော်အတိုင်းပါအရှင်... ဤဇဗ္ဗူမြေတွင် မင်းသမီးအတွက်အထိုက်တန်ဆုံးနှင့် အကောင်းဆုံးလူမှာ ကြီးမြတ်သောအရှင်မင်းကြီးသာလျှင် ဖြစ်ပါသည် အရှင်မှတစ်ပါးမင်းသမီးအား စိတ်ချရမည့်သူမရှိသည့်အတွက် ကျွန်တော်မျိုးမ၏သွေးသားကဲ့သို့ တယုတယပြုစုခဲ့သောမင်းသမီးအား အရှင့်လက်တွင်ယုံကြည်စွာပင် အပ်နှံခဲ့ပါတယ် "
     "အို အထိန်းတော် ဘာတွေပြောနေသလဲ..."
     "မင်းသမီးလေး မင်္ဂလာယူရမည့်အချိန်အခါသင့်ပြီမို့ ရှင်ဘုရင်နှင့်ရင်းနှီးစွာစကားပြောခဲ့ပါ မင်္ဂလာရှိတဲ့အချိန်မင်္ဂလာယူပါတော့..."
    မင်းသမီးလေးသည် ရှက်ရွံ့စွာဟန့်တားလိုက်သည့်တိုင် အထိန်းတော်ခစာဥကတော့ ပြောလိုရာပြောပြီး ထွက်သွားတော့၏။ အထိန်းတော်ကြီးပြောသွားသော စကားများကြောင့် မင်းသမီးသည် ရှင်ဘုရင်ရှေ့ပင်ဆက်မနေရဲတော့ဘဲ ရှက်ရွံ့တုန်ယင်စွာ လှည့်ထွက်သွားရန် ပြင်လိုက်စဉ်
    "မင်းသမီးကို ငါဘုရင်သွားခွင့်ပေးလို့လား..."
    "ဟင်...."
    "ငါကိုယ်တော်အမိန့်မပါဘဲ သွားရဲတယ်လား"
    သြဇာအာဏာပြင်းလွန်းသော ဘုရင်၏အမိန့်စကားကြောင့် ကြာဖြူမင်းသမီး၏ခြေလှမ်းသည် အထိတ်တလန့်နှင့် တုန့်ခနဲ့ရပ်သွားတော့သည်။ 
   နောက်သို့ချက်ချင်းပြန်အလှည့်မှာပင် အခန့်မသင့်ဘဲ ခြေခေါက်သွားရာ..
   "အမေ့...."
   ယိုင်နဲ့ကာဟန်ချက်ပျက်သွားသော မင်းသမီး၏နူးညံ့သောကိုယ်လေးအား လျှင်မြန်စွာဖေးမလိုက်သူက အရှင်သိဒ္ဓနက္ခတ်မင်း ....
    "အို....."
    ရှင်ဘုရင်၏ကျယ်ပြန့်သောရင်ခွင်တော်တွင်းမှ မင်းသမီးသည်ရှက်ရွံ့တုန်လူပ်စွာနှင့် ဘုရင့်မျက်နှာတော်အား မော့ဖူးနေရှာသည်။
    အဖြူရောင်နှင်းစက်များအပေါ် အနီရောင်သွေးစက်လေးစွန်းထင်နေသကဲ့သို့ ရှက်ရွံ့မူကြောင့် မင်းသမီးငယ်၏မျက်နှာမှာ သွေးရောင်လွှမ်းကာရဲဖြာနေသည်မှာ အို... အဘယ်မျှလှလိုက်လေခြင်းလဲ....
    ရှင်ဘုရင်သည် မြတ်နိုးစွာပင်စိုက်ကြည့်ပြီးနောက် မိန့်ဆိုလိုက်လေသည်။
    "အသင်မင်းသမီးသည် မျိုးနွယ်စုခေါင်းဆောင်ဆိုထားသကဲ့သို့ ပင်လယ်နတ်မင်းကြီး၏သမီးတော် ဧကန်ဖြစ်ပါလိမ့်မယ် အဘယ့်ကြောင့်ဆိုရသော် အသင်မင်းသမီးလောက်လှသောရတနာ ပင်လယ်တွင် ငါကိုယ်တော်တသက်မတွေ့ခဲ့ဖူးပါ ဤပင်လယ်ပြင်၏အလှတရားအားလုံးသည် မင်းသမီးထံဖြစ်တည်နေလိမ့်မည်ထင်တယ်"
    "အို....."
    "ငါကိုယ်တော်သည်မိန့်ကြားခဲ့သော အမိန့်စကားတစ်ခုကြောင့်မဟုတ်ဘဲ ပင်လယ်၏အလှဆုံးသော ရတနာတစ်ပါးအား ငါ၏နန်းဆောင်တွင် အခမ်းနားဆုံးထားရှိရန်အတွက် အသင်မင်းသမီးအား မြတ်နိုးခြင်းများစွာဖြင့် ငါသိမ်းပိုက်ချေမည်..."
     ဘုရင်၏အမိန့်စကားတွင် ပြင်းရှသောအာဏာတို့အပြင် လေးနက်တည်ကြည်သော ချစ်ခင်မြတ်နိုးခြင်းတို့သည်လည်း ကိန်းဝပ်နေခဲ့၏။
    မင်းသမီးငယ်သည် ရှက်ရွံ့တုန်လူပ်နေရင်းမှ သူမတစ်သက်သာတွင် မခံစားခဲ့ဖူးသော ထူးခြားသောခံစားချက်များက ရင်ထဲတလိုက်လိုက် ဖြစ်တည်လာရာ...
   အို....မင်းသမီးငယ်ရင်ခုန်နေမိခြင်းလား.. 
   ယောကျာင်္းဟူသည်ထိတွေ့ဖို့ရန်မဆိုထားနှင့် ငယ်စဉ်ကတည်းကပင် နီးကပ်စွာမြင်တွေ့ခွင့်မရခဲ့သော ကြာဖြူမင်းသမီးသည် ပထမဆုံးထိတွေ့ရသော နုပျိုချောမောလွန်းသော ရှင်ဘုရင်၏ရင်ခွင်တွင် တလှပ်လှပ်ရင်ခုန်နေမိခြင်းမှာ မဆန်းကြယ်လှချေ။
   အထူးသဖြင့်သူမမြင်တွေ့ခွင့်မရခဲ့သည့်တိုင် ငယ်စဉ်ကတည်းက ရှင်ဘုရင်အားမကျေနပ်ခြင်းများစွာဖြင့် ရင်နှီးခဲ့ပါသည်။
     အဖေလိုပြုစုပျိုးထောင်ခဲ့သော မျိုးနွယ်စုခေါင်းဆောင်နှင့်ပင် တွေ့ခွင့်မပေးခဲ့သဖြင့် မကျေနပ်ခြင်းများစွာ ကိန်းဝှပ်ခဲ့ရသောဘုရင်.....
     မိမိနယ်မြေအားကျွန်ပြုသိမ်းပိုက်ကာ နန်းစိုက်ထားသည့်ပြင် မိမိအားနန်းဆောင်တစ်ခုထဲတွင် အကျယ်ချုပ်ချကာ ဘယ်မှသွားလာခွင့်မပေးသော ရှင်ဘုရင် .
    မိမိအပိုင်မြေအပြင် မိမိကိုယ်ပင်သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် လှောင်အိမ်ထဲပိတ် အကြံကြီးစွာမွေးမြူခဲ့သောဘုရင်...
   ထိုကဲ့သို့သောမကျေနပ်ခြင်းများဖြင့် မင်းသမီးငယ်၏နုနယ်သောနှလုံးသားထဲတွင် အမုန်းတရားများဖြင့် ရှင်ဘုရင်အားတည်ထားခဲ့လေပြီ ဖြစ်သည်။
   သို့သော်ယခုချိန်ဝယ်တွင်တော့ အမုန်းဟူသည် နေရောင်ထိသောနှင်းမူန်လေးတွေအလား ပျယ်လွင့်ပျောက်ကွယ်သွားရင်း...
   လိုက်မောသောရင်ခုန်သံအဆုံးတွင်တော့ ချစ်ခြင်းတစ်ခုဖြစ်တည်သွားခဲ့ပြီလား...
   အမုန်းသည်နံရံပါပါးတစ်ခုသာဆိုလျှင် ထိုနံရံသည်အရှင့်ရင်ခွင်၌ ပြိုကျပျက်ဆီးသွားခဲ့လေပြီ။
   အချိန်ကာလကြာမြင့်ခြင်းသည် ချစ်ခြင်းတစ်ခုပေါက်ဖွားရန် မရည်ညွှန်းခဲ့ပါ။ တဒင်္ဂအတွင်းမှာပင် အချစ်ဟူသည် ပေါက်ဖွားလာနိုင်သည်ထင်ပါ့။
    ဟုတ်သည်.... ထိုနေ့က ကြာဖြူဥယျာဉ်တော်သည် ချစ်ခြင်းတို့ဖြင့် ပို၍လှပနေခဲ့၏။
    လေပြေသည် သူတို့နှစ်ဦးကြားပင် တိုးမပေါက်နိုင်ခဲ့ပါ။ ကန်ရေပြင်သည် ထူးခြားစွာ ငြိမ်သက်နေရင်း....
    ကြာပန်းရနံ့သည် အရင်နေ့တွေထက်ပို၍သင်းပျံ့နေရင်း ကျေးဌက်သံသည် ပို၍သာယာနေပြီး ကောင်းကင်သည် ပိုလှပနေခဲ့၏။ တိမ်တွေပါကင်းစင်ရင်းနှင့်...။
   ချစ်ခြင်းသည် ဆန်းကြယ်လှပါ၏။ ထိတွေ့လိုက်ရုံနှင့် ထာဝရအတွက် နှောင်ကြိုးတွေရစ်ပတ်သွားခဲ့လေသည်။
    ထို့နေ့ကရှင်ဘုရင်နှင့်ကြာဖြူမင်းသမီးတို့၏ ပထမဆုံးသော ချစ်ခြင်းပုံပြင်လေးသည် ဥယျာဉ်တော်တွင် လှပစွာစတင်တည်ရှိလာခဲ့ပြီးနောက်  ..............

ကြာဖြူ(ကြာဖြူ) Where stories live. Discover now