~~ကြာဖြူ~~
အပိုင်း(၃၅)လပြည့်နေ့...
ပဒုမ္မာရီမြို့တော်တံခါးကား ပွင့်ခဲ့ချေပြီ။ သူတို့ခြေလှမ်းတွေက မြို့ပြင်သို့ဦးတည်လျှောက်လာကြသည်။
သူတို့ဆိုသည်က... စေတန် ကောင်းကင် ကမ္ဘာ ဈာန် နက်ရှိုင်းနှင့်စိမ်း။ ဦးလုံထန်းက နေမကောင်းသည့်ခရာ့ကို စောင့်ဖို့ကျန်ခဲ့သလို ရာဇကလည်းရှိမနေပြန်ပါ။
မြို့အပြင်ထွက်လိုက်သည်နှင့်ဆီးကြိုနေသည်က စိမ်းလက်သောကန်ရေပြင်ကြီး...
ဘာရယ်မဟုတ်မို့ကိုဖျတ်ခနဲ့သတိရမိပြီး စိမ်းအတော်စိတ်မကောင်းဖြစ်သွားမိသည်။ ဤနေရာမှာမို့၏ဖြစ်တည်မူတွေ အဆိုးဝါးဆုံးဇာတ်သိမ်းခဲ့သည်မဟုတ်လား...
"ဟိုမှာ..."
ဈာန်က အံ့သြသင့်စွာဆိုလိုက်ပြီး တစ်နေရာသို့လက်ညှိုးထိုးပြလိုက်သည်။ သူတို့အားလုံးအကြည့်က ဈာန်ညွှန်ပြရာဆီသို့ ရောက်သွားတော့..
"ဟင်...."
ကြီးမားသော သစ်ပင်ကြီးတစ်ပင်အောက်တွင် ငြိမ်သက်စွာ တရားထိုင်နေသည့်သူတော်စင်ပုဂ္ဂိုလ်။ ဘယ်ချိန်ကတည်းက ရောက်နှင့်နေပြီမသိသော သူတော်စင်သည် ဆိတ်ငြိမ်စွာပင်တရားမှတ်နေ၏။
"သူရောက်နေခဲ့ပြီပဲ.."
စေတန်ကတိုးတိတ်စွာဆိုလိုက်သည်။ ထို့နောက်သူတို့အားလုံး သူတော်စင်ပုဂ္ဂိုလ်ရှိရာ လျှောက်လာလိုက်သည်။ အနားရောက်တော့ ခြေသံကြောင့်ထင်သည်။ သူတော်စင်၏မျက်လုံးတွေ ပွင့်လာသည်။
သူတို့ကိုမြင်တော့ အံ့သြသွားဟန်မရှိပါ။ သူတို့ရောက်လာမည်မှန်း ကြိုသိနေပုံရသည်။ ဈာန်က သူတော်စင်ကို အရင်ဦးချလိုက်ပြီးနောက်..
"ကျွန်တော်တို့အဘကိုစောင့်နေတာပါ.."
သူတော်စင်ကား မည်သို့မျှမတုန့်ပြန်ပါ။ တိတ်ဆိတ်စွာရှိနေဆဲဖြစ်ရာ စေတန်က..
"ဘာဖြစ်လို့စောင့်နေသလဲဆိုတာ အဘသိနေမယ် ထင်ပါတယ်.."
စေတန်စကားအဆုံးသူတော်စင်ကား ခေါင်းတစ်ချက်ညိတ်လိုက်ရင်း..
"အဘဆပ်ရမယ့်ကြွေးကျန်သေးတဲ့ ဝဋ်ကြွေးအတွက် ဒီကိုလာဖို့အချိန်တန်လို့ ရောက်လာခဲ့တာပါ လူလေးတို့မှာ မေးခွန်းတွေအများကြီးရှိနေမယ်ထင်တယ်"
"ဟုတ်ပါတယ်ခင်ဗျာ.."
"အဘနဲ့သက်ဆိုင်မယ့် အရေးကြီးတဲ့မေးခွန်းပဲမေးပါ..လူလေး"
"အဘကအတိတ်ဘဝမှာ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့သိခဲ့ပြီးပါပြီ.."
စေတန်စကားကို သူတော်စင်ကာဘာမှမတုန့်ပြန်ပါ။ ဆိတ်ဆိတ်ငြိမ်ခြင်းသည်လည်း ဝန်ခံခြင်းပင် မဟုတ်လား။
"အဘစိတ်အနှောင့်အယှက်မဖြစ်အောင် ကျွန်တော်မေးခွန်းတွေအများကြီးမမေးပါဘူး ကျွန်တော်တို့ကို မျိုးနွယ်စုခေါင်းဆောင်ရဲ့သား သိင်္ခါစဝ်ဆီခေါ်သွားပေးပါ သူဘယ်သူလဲဆိုတာ အဘသိမယ်လို့ယုံကြည်ပါတယ်"
"ဟုတ်ပါတယ် စိမ်းတို့နည်းလမ်းမျိုးစုံနဲ့ သိင်္ခါစဝ်ကိုရှာခဲ့ပြီးပါပြီ သူပျောက်နေတုန်းပါ ဒါကြောင့်စိမ်းတို့ကိုကူညီပေးဖို့ မေတ္တာရပ်ခံပါရစေ.."
သူတို့စကားအဆုံး သူတော်စင်ကာ အေးချမ်းစွာပြုံးလိုက်သည်။ ထို့နောက် တည်ငြိမ်စွာဆိုလိုက်သည်က...
"သိင်္ခါစဝ်ဆီအဘခေါ်ဆောင်သွားဖို့မလိုပါဘူး သူကပျောက်မနေတဲ့အတွက် သူ့ကိုအဝေးကြီးရှာဖွေဖို့ မလိုအပ်ဘူး သူဟာလူလေးတို့နဲ့အမြဲတမ်းရှိနေခဲ့တာပါ"
"ဗျာ..."
"ရှင်..."
ဘာပြောရမှန်းမသိအောင် သူတို့အံ့သြသင့်သွားတော့ သူတော်စင်ကားခေါင်းတညိတ်ညိတ်နှင့်
"ပြန်လည်မွေးဖွားခဲ့တဲ့သိင်္ခါစဝ်ဟာ လူလေးတို့တွေထဲက တစ်ယောက်အဖြစ်ရှိနေခဲ့ပြီးသားပါ.."
"ဗျာ...."
သူတို့ရူပ်ထွေးစွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိ၏။ အထူးသဖြင့် ဈာန် ကောင်းကင် ကမ္ဘာနှင့် နက်ရှိုင်း....
စေတန်ကတော့ ဘယ်သူဆိုတာသိသာနေခဲ့ပြီးသား မဟုတ်လား။ ကောင်းကင်ကမယုံကြည်ဟန်ဖြင့်
"ကျွန်တော့်တို့လေးယောက်ထဲမှာ တစ်ယောက်ကသိင်္ခါစဝ်လို့ အဘဆိုလိုက်သလား ဘယ်လိုဖြစ်နိုင်မှာလဲဗျာ.."
"ဒါအမှန်တရားပဲလူလေး ဖြစ်နိုင်မဖြစ်နိုင်ထက် ဖြစ်နေခဲ့ပြီးပြီ"
"ဒါပေမယ့် ကျောက်စာကအသက်မဝင်ခဲ့ဘူးအဘ ကျွန်တော်တို့အားလုံးကြိုးစားခဲ့ပြီးပါပြီ.."
ဈာန်နားမလည်စွာဝင်ပြောလိုက်သည်။ သူတော်စင်ကတစ်ချက်ပြုံးလိုက်ရင်းနှင့်..
"လူလေးတို့ထဲမှာ သိင်္ခါစဝ်ရှိနေပါတယ် ဒါတောင်ကျောက်စာက ဘာဖြစ်လို့အသက်မဝင်ခဲ့သလဲဆိုတော့ ကိုယ့်ကိုကိုယ်သိင်္ခါစဝ်မှန်း ကာယရှင်ကိုယ်တိုင်ကမသိသေးလို့ပါ ကျောက်စာဟာ သိင်္ခါစဝ်ပြန်လည်မွေးဖွားခဲ့တဲ့ ခန္ဓာကိုယ်ရှေ့မှာအသက်ဝင်လာမှာမဟုတ်ဘူး သိင်္ခါစဝ်နှလုံးသားနဲ့မှ အသက်ဝင်လာမှာပါ.."
"ဗျာ.."
ထင်မှတ်မထားသောစကားကြောင့် သူတို့အံ့သြသွားရပြန်၏။ သူတော်စင်ကသူတို့ကိုမကြည့်ဘဲ မျက်စိရှေ့ကကန်ရေပြင်ကြီးကို စူးစိုက်ကြည့်နေရင်း..
"ကျောက်စာကိုဖွင့်လို့ရတဲ့ တစ်ခုတည်းသောသော့က သိင်္ခါစဝ်ရဲ့နှလုံးသားပါ"
"ဒါဆို.. ကျွန်တော်တို့ထဲမှာသိင်္ခါစဝ်ဘယ်သူလဲဆိုတာ အဘသိရင်ပြောပြပေးပါလားဗျာ.."
စေတန့်စကားကြောင့် သူတော်စင်သည်ဖြေးညှင်းစွာ ခေါင်းခါရမ်းလိုက်ပြီးနောက်..
"အဘသိလို့ပြောပြခဲ့ရင်လည်း သိင်္ခါစဝ်ရဲ့နှလုံးသားအစစ်က အသက်မဝင်လာရင် ဘာမှမထူးဘူးလူလေး လူလေးတို့ကိုယ်တိုင် ကိုယ့်ကိုကိုယ်ပြန်ရှာဖွေရမယ် အခုလက်ရှိရှင်သန်နေတဲ့ သက်ဆိုင်ရာနာမည်နဲ့နှလုံးသားမဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်သုံးရာက သိင်္ခါစဝ်နှလုံးသားဖြစ်နေရမယ်.."
"ကျွန်တော်တို့ဒါကိုဘယ်လိုရှာဖွေရမှာလဲ.."
ကောင်းကင်ကနားမလည်နိုင်ဟန်ဖြင့် မေးလိုက်တော့ သူတော်စင်ကာ အေးချမ်းစွာပင်ဆိုလိုက်၏။
"နှစ်ပေါင်းရာချီအတိတ်ဘဝက မရှိတော့တဲ့လူသားတစ်ယောက်နှလုံးသား အသက်ဝင်လာဖို့ဆိုတာ ကိုယ်တိုင်စစ်မှန်တဲ့ခံစားချက်နဲ့ရှာဖွေမှရမယ် "
"စစ်မှန်တဲ့ခံစားချက်..."
"သိင်္ခါစဝ်နဲ့သက်ဆိုင်ခဲ့တဲ့နေရာတွေ အားလုံးကိုလူလေးတို့သွားပါ အတိတ်ကအရိပ်ကိုဖမ်းဆုပ်ဖို့ ကြိုးစားကြည့်ပါ စစ်မှန်တဲ့နှလုံးသားနဲ့သိင်္ခါစဝ်ကို လိုလားစွာရှာဖွေပါ အချိန်ကျလာရင် သက်ဆိုင်သူရဲ့နှလုံးသားထဲကို သိင်္ခါစဝ်ဟာပြန်ရှင်သန်လာလိမ့်မယ်.."
"အကယ်၍ ကျွန်တော်တို့ကြိုးစားတာမအောင်မြင်ခဲ့ရင်ရော"
ဈာန်အမေးက သူတော်စင်ကို ခေတ္တာတိတ်ဆိတ်သွားစေသည်။ ထို့နောက် ဘာကြောင့်မှန်းမသိ သူတော်စင်ကာ သက်ပြင်းချလိုက်ရင်း...
"အရာအားလုံးဟာ ကျိန်စာအတိုင်း ဇတ်သိမ်းသွားပါလိမ့်မယ်.. "
"အဘကျွန်တော်တို့ကို မကူညီနိုင်ဘူးလာဗျာ.."
သူတော်စင်ကာ ဈာန့်ကိုစူးစိုက်ကြည့်လိုက်ရင်း..
"သိင်္ခါစဝ်ကိုယ်တိုင် သူ့ကိုသူရှာမတွေ့သေးရင် အဘဘာမှကူညီပေးလို့မရဘူး လူလေးတို့ကိုယ်တိုင်ကိုယ့်နှလုံးသားကို ပြန်ရှာဖွေရမယ် "
"ကျွန်တော်တို့အားလုံးက သိင်္ခါစဝ်အသတ်ခံရတဲ့နေရာလည်းသွားခဲ့ဖူးပါပြီအဘ ဒါပေမယ့်ဘာမှထူးခြားမလာဘူး.."
ကမ္ဘာကမတင်မကျဖြစ်သွားကာ ဝင်မေးလိုက်၏။ သူတော်စင်ပုဂ္ဂိုလ်သည် အဓိပ္ပာယ်လေးနက်သော အပြုံးဖြင့်..
"လူလေးတို့ကသဲလွန်စရမလားလို့ သွားရှာခဲ့တာပါ စစ်မှန်တဲ့နှလုံးသားခံစားချက်နဲ့ရှာခဲ့လို့လား.."
"ဗျာ..."
"ဒီနေ့ကစပြီး ကိုယ့်စိတ်ထဲကသိင်္ခါစဝ်ကိုရှာဖွေပါ ကိုယ့်ကိုကိုယ်သိင်္ခါစဝ်ဖြစ်နေတယ်ဆိုတဲ့ ဖိအားမျိုးနဲ့မဟုတ်ဘဲ စိတ်ကိုလွတ်ထားပါ စိတ်ခံစားချက်တွေရှင်းလင်းပါစေ စိတ်ရင်းအမှန်နဲ့အာရုံပြုပါ သူ့နှလုံးသားပြန်နိုးထလာလိမ့်မယ် သိင်္ခါစဝ်စိတ်ဝိညာဉ်ကို ပိုင်ရှင်အစစ်ပြန်ဆုပ်ကိုင်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်တိုင်ရှာဖွေဖို့ပဲပါ.."
သူတော်စင်စကားကာ ရိုးစင်းနေသယောင်နှင့် ရူပ်ထွေးနေ၏။ နက်ရှိုင်းကာသူနှင့်မသက်ဆိုင်သကဲ့သို့ ငြိမ်သက်နေတော့သည်။ ဒါမှမဟုတ် တစ်ခုခုကိုစဉ်းစားနေသလားဆိုတာ သူကိုယ်တိုင်ပဲသိပါလိမ့်မည်။
သူတော်စင်ကာ ထိုင်ရာမှဖြေးညှင်းစွာ ထရပ်လိုက်ပြီးနောက်...
"မင်းသမီးအမိန့်ကြောင့် သိင်္ခါစဝ်ဟာကျိန်စာထဲကနေလွတ်မြောက်နေခဲ့တယ် သူ့မှာကြာဖြူဒဏ္ဍာရီရဲ့အတိတ်တွေ ပျက်ဆီးသွားခဲ့တယ် ဒါကြောင့်တခြားသက်ဆိုင်ရာလူတွေလို ထူးခြားတဲ့ဆက်နွယ်မူတွေမရှိဘူး ဒဏ္ဍာရီနဲ့ပတ်သတ်တဲ့အိပ်မက်တွေ ခံစားချက်တွေပျောက်ဆုံးနေတယ် မောင်ရင်တို့ထဲကသိင်္ခါစဝ်ကို အဘအနေနဲ့မြင်အောင်မကြည့်နိုင်ဘူး ကြည့်နိုင်ခဲ့ရင်လည်း အဘပြောခဲ့သလိုသူ့နှလုံးသားက သိင်္ခါစဝ်ဖြစ်မလာခဲ့ရင် ဘာမှမထူးခြားဘူး ဒါကြောင့်ကိုယ်တိုင်ကိုယ့်နှလုံးသားကိုရှာဖွေဖို့ပဲ ကြိုးစားပါလို့မှာချင်တယ်"
ထို့နောက်သူတော်စင်ကာ ထွက်ခွာသွားဟန်ပြုတော့ စိမ်းကပျာကယာဖြင့်
"အဘ.. ဘယ်သွားမှာလို့လဲရှင် မြို့တော်ထဲမဝင်ဘူးလား"
"အဘမှာလုပ်ရမယ့်ကိစ္စတွေရှိတယ် သမီး"
"ဒါပေမယ့်.."
"မြို့တော်ဟာအဘနဲ့မသက်ဆိုင်ဘူး မလိုအပ်တဲ့ကိစ္စတွေမှာ ဝင်စွပ်ဖက်တာဟာ အဘကျင့်စဉ်နဲ့ သွေဖယ်နေတယ်. "
"ဒါဆိုအဘကိုကျွန်တော်တို့ ထပ်တွေ့ရဦးမှာလားဗျာ "
ဈာန်ကစိုးရိမ်စွာမေးလိုက်သည်။ သူတော်စင်သည်အဝေးတစ်နေရာသို့ ငေးစိုက်ကြည့်နေရင်းနှင့်...
"ရေစက်ရှိသေးရင်အဘတို့ထပ်ဆုံရမှာပါ"
"အဘနဲ့တွေ့ချင်တဲ့အခါဆိုရင်ရော ဘယ်လိုရှာဖွေရမလဲခင်ဗျား.."
"အဘကိုလူလေးတို့ရှာဖို့မလိုပါဘူး တွေ့ဖို့ကံဆုံတဲ့အခါတွေ့ရမှာပါ ချည်နှောင်ထားတဲ့ပဌာန်းဆက်တွေက လွယ်လွယ်နဲ့မပြတ်တောက်သေးပါဘူး ဒါပေမယ့်."
ဘာကြောင့်မှန်းမသိသူတော်စင်ကာ သက်ပြင်းရှည်ကြီးကိုချလိုက်ပြန်၏။ ထို့နောက်....
"တချို့တွေနဲ့တော့ အဘနဲ့ရေစက်တွေကုန်ဆုံးသွားပါပြီ စိတ်မကောင်းပေမယ့် ဒါဟာကံတရားပဲလေ ဘာများတတ်နိုင်မှာလဲကွယ် လူလေးတို့ဘေးကင်းကြပါစေ.."
"ဟင်..."
သူတို့အံ့သြတုန်လူပ်သွားစဉ်မှာပင် သူတော်စင်ကာတရွေ့ရွေ့နှင့် တောအုပ်တွင်းသို့ တိုးဝင်ပျောက်သွားသွားတော့၏။ သူတို့ကိုသွေးပျက်ကာ မလူပ်မယှက် မှင်သက်သွားစေသည်က သူတော်စင်ပြောသွားသည့်စကားများ..
တချို့တွေနဲ့တော့ရေစက်တွေကုန်ဆုံးသွားပါပြီဆိုသောစကားကာ ဘာအဓိပ္ပာယ်ပါလိမ့်.
ဟိုတစ်ခါတွေ့ခဲ့စဉ်က နောက်တစ်ခါပြန်ဆုံပါက လူမစုံဘူး အချို့လူတွေနဲ့ပြန်ဆုံဖို့ရေစက်မရှိတော့ဘူးဟု မိန့်ဆိုခဲ့ဖူးသည်။
သူတို့လုဇ်တို့ညီအစ်ကိုနှင့် မို့ကိုဆုံးရူံးခဲ့ရ၏။ တကယ်လည်း သူတော်စင်နှင့်ပြန်ဆုံသည့်အခါ သူတို့လူမစုံတော့လေရာ.....
ယခုသူတော်စင်ဆိုသွားသောစကားမျာက သူတို့စိတ်ကိုလေးသွားစေပြီး တုန်လူပ်သွားစေခဲ့၏။ သူတို့အားလုံး အတန်ကြာသည်အထိ ဘာစကားမှမဆိုနိုင်အောင် သွေးပျက်ကာ ငြိမ်သက်နေမိသည်..
ကြာဖြူဟာ သူတို့ထဲမှာဘယ်သူ့ကိုများ ထပ်ခေါ်ဆောင်သွားမည်နည်း။ ဆုံးရူံးမူတွေ သိပ်များလွန်းနေခဲ့ပါပြီ.... ။
သူတို့ဘာကိုမှထပ်ပြီးဆုံးရူံးမခံနိုင်တော့ပါ။ သူတော်စင်ကြီး၏စကားတွေ မှားယွင်းပါစေတော့....
မှားယွင်းသွားပါစေတော့လား.................။
.............................................................
YOU ARE READING
ကြာဖြူ(ကွာဖွူ)
Fantasy"ကြာဖြူ ငါတို့သေခြင်းတရားမှာ မင်းအငြိုးတွေပြေပါစေတော့" ပင်လယ်ဒဏ္ဍာရီတွင်ကြောက်စရာအကောင်းဆုံးသော ကျိန်စာဆိုးများနှင့်ကြာဖြူပုံပြင်... သို့သော်လွန်ခဲ့သောနှစ်သုံးရာတွင် အမှန်တကယ်ဖြစ်ခဲ့သော ရင့်နင့်စရာကြာဖြူမင်းသမီး၏ ဒဏ္ဍာရီတစ်ပုဒ်။ ဤဒဏ္ဍာရီတွင် သဘောင်စကား...