Part-1

5.9K 240 2
                                    

Unicode

~~ကြာဖြူ~~
အပိုင်း(၁)

     "မင်းဒယ်ဒီဆုံးသွားပြီ ရိူင်း.."
      ဒယ်ဒီ့အိပ်ခန်းထဲကထွက်လာပြီး ဆိုလိုက်သောမာမီ့စကားက သူ့ရင်ကိုဓားနှင့် မွန်းလိုက်သည့် အလား။ နာကျင်မှုနှင့်အတူ ခေတ္တာငိုင်ကျသွားစဉ်..
     မာမီက မျက်ရည်တွေ သုတ်ချရင်း
     "သူ့နောက်ဆုံးချိန်ထိ အဲ့ဒီ့မိန်းမနာမည်ပဲ ရွတ်သွားခဲ့တယ် "
     "ဗျာ.."
     သူမယုံနိုင်လောက်အောင် ဖြစ်မိစဉ် ခံရခက်လွန်းဟန်ဖြင့် မာမီ့နူတ်ခမ်းတို့က မဲ့ကျသွား၏။ ငိုချင်နေသည့်တိုင် ဒက်ဒီလုပ်ရပ်ကြောင့် မာမီအတော် ခံပြင်းနေဟန်တူသည်။
     မျက်ရည်မကျအောင် ထိန်းရင်း ခပ်မဲ့မဲ့အပြုံးဖြင့်..
    "ဟုတ်တယ်... သူသတိရလာတဲ့ချိန် မင်းကိုသူမမေးဘူး မာမီ့နာမည်ကိုလည်း ယောင်ပြီးမခေါ်ဘူး "
    "........"
    "မင်းဒယ်ဒီတမ်းတခဲ့တာ အဲ့ဒီမိန်းမကိုပဲ ရိူင်း"
    "တောက်...."
   ဒေါသကြောင့် တက်ခေါက်လိုက်မိပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။
    အတော်ထိခိုက်ခံစားရဟန်ရှိသည့်မာမီက မျက်ရည်ကြားမှ ခြောက်ကပ်ကပ်ရယ်လိုက်ပြီး
    "ကြာဖြူ...တဲ့"
    "မာမီရယ်..."
   "သူသေခါးနီးထိ တဖွဖွရွတ်သွားခဲ့တာ "
    မာမီနာကျင်နေသကဲ့သို့ သူ့ရင်ထဲတွင်လည်း နင့်ခနဲ့။ အေးစက်တုန်ယင်နေသည့် မာမီ့လက်အစုံကို သူတင်းတင်း ဆုပ်ကိုင်ထားမိပြီး...
   "မာမီငိုချင်ငိုလိုက်ပါ ထိန်းမထားပါနဲ့ "
    "သူ့အတွက် ငါမျက်ရည်ကျသင့်သလား ရိူင်း"
    သို့သော် မာမီ့မျက်ဝန်းကား မျက်ရည်အပြည့်နှင့်။ သူအံကိုသာ ကြိတ်ထားမိသည်။ ဘယ်လိုစကားလုံးတွေနဲ့မာမီ့ကို နှစ်သိမ့်ရမလဲ...
    "ငါမျက်ရည်ကျဖို့ထိုက်တန်ရဲ့လား ရိူင်းရယ် သူ့ဇနီးမယား ငါ့ကိုဘေးနားမှာထားပြီး နောက်ဆုံးအချိန်ထိတောင် သူအဆက်မပြတ် တမ်းတနေတာ ကြာဖြူ"
  "တော်ပါတော့ မာမီ..."
   "မင်းဒက်ဒီ သိပ်ရက်စက်တယ် ရိူင်း"
   မာနတွေနှင့်ထိန်းနေသည့်ကြားမှ မာမီက သူ့ရင်ခွင်ထဲတွင် ကလေးတစ်ယောက်လို ငိုချလိုက်တော့သည်။ သူမာမီ့ကို နှစ်သိမ့်ဖို့စကား မရှိပါ။ သူ့ရင်ထဲတွင်လည်း မချိလှ....
     အတန်ကြာအောင် စိတ်လွတ်ကိုယ်လွတ် ငိုပြီးမှ မာမီကမျက်ရည်တွေ ခပ်ကြမ်းကြမ်း သုတ်ပစ်ပြီး
     "မာမီခဏသွားနားမယ် ရိူင်း မင်းဒယ်ဒီနဲ့ တွေ့လိုက်ပါဦး"
     "အဆင်ပြေရဲ့လား မာမီ"
     "ရတယ် မာမီတစ်ယောက်တည်းနေချင်တယ် အခန်းထဲ ဘယ်သူ့မှဝင်မလာခိုင်းနဲ့ မင်းဒယ်ဒီကိစ္စအားလုံး မင်းပဲကြည့်စီစဉ်လိုက်ပါ"
   ပြောပြောဆိုဆိုနှင့်မာမီထွက်သွားတော့ သူတစ်ယောက်ထဲ ဒယ်ဒီ့အခန်းရှေ့တွင် ငိုင်ပြီးကျန်ခဲ့သည်။
     သူ... ဒယ်ဒီနှင့်မတွေ့ချင်ပါ။
နောက်ဆုံးချိန်ထိတောင် သူနှင့်မာမီ့အပေါ် ရက်စက်သွားသောဒယ်ဒီ့ကို သူတကယ် နာကျဉ်းမိသည်။ သို့သော် မာမီ့ဆန္ဒအတိုင်း ဒယ်ဒီနှင့်သူတွေ့ရဦးမည်....
    အခန်းထဲဝင်လိုက်တော့ အသက်မဲ့နေသော ဒယ်ဒီ၏ခန္ဓာက သူ့ကိုဆီးကြိုနေသည်။ ဒယ်ဒီ့လက်ထဲတွင် တင်းတင်း ဆုပ်ကိုင်ထားသည်က...
   အဖြူရောင်ကြာပန်းတစ်ပွင့်.....
   "တောက်..."
    ဒေါသစိတ်ကြောင့် ဒယ်ဒီ့ရုပ်ကလပ်ကိုမှ အားမနာနိုင်တော့ဘဲ သူတက်ခေါက်လိုက်မိသည်။
    နာမကျဉ်းဖြစ်ကတည်းက သူမတွေ့ဘဲနေခဲ့သည့် ဒယ်ဒီ့မျက်နှာကို သတိလက်လွတ် ငေးစိုက်ကြည့်မိရင်း အံကြိတ်ထားမိသည်။
    အဖေတစ်ယောက်ကို ဆုံးရူံးလိုက်ရသည့် ကြေကွဲမူထက် သူ့ရင်ထဲတွင်ရှိနေသည်က ခံပြင်းစိတ်နှင့်အတူ နာကျဉ်းမူတွေ....
    သူ....ဘာကိုဝမ်းနည်းရမလဲ...
    လွန်ခဲ့သောဆယ်နှစ်ကတည်းက သူဒယ်ဒီ့ကို ဆုံးရူံးခဲ့ရပြီးသားပါ။ သူနှင့်မာမီ့ကို ဥပေက္ခာပြုပြီး အချိန်နှင့်အမျှ ကြာဖြူဟူသောနာမည်နှင့်သာ အချိန်ကုန်ခဲ့သည့် ဒယ်ဒီ၏သေခြင်းတရားကို ဝမ်းနည်းပေးဖို့ သူ့နှလုံးသားကမနူးညံ့တော့ပါ။
    နောက်ဆုံးထွက်သက်ထိ ဒယ်ဒီ ဖက်တွယ်သွားသည်က ကြာဖြူတဲ့.....
     သူခြောက်ကပ်ကပ်ရယ်မိရင်းမှ...
     "ကျွန်တော် ဒယ်ဒီ့ကို ခွင့်မလွတ်ဘူးဗျာ"
     သူ့ရင်ထဲတွင် အမုန်းတရားအချို့က ဖြတ်ပြေးနေဆဲ..။ သို့သော် သူ့မျက်ဝန်းတွင်တော့ မျက်ရည်စများနှင့်...
    "ရှိုင်း...."
     ရုတ်တရက် အခန်းထဲအလောတကြီး ဝင်လာသူက ကြီးကြီး။ မျက်စိမျက်နှာ ပျက်ပျက်နှင့်...
    "ရှိုင်း... မင်းမာမီ.."
     "မာမီဘာဖြစ်လို့လဲ... ကြီးကြီး"
     "မခတ်...မခတ်"
      ထေ့ထေ့ငေါ့ငေါ့ဖြစ်နေသည့် ကြီးကြီးကြောင့် သူ့ရင်ထဲထင့်သွားရင်း ကြီးကြီးဆက်ပြောမည့် စကားကို စောင့်မနေတော့ဘဲ အခန်းထဲမှ ချက်ချင်းထွက်လာလိုက်သည်။ သူ့ခြေလှမ်းတွေက မာမီ့အခန်းဆီသို့ အလျင်စလို....
      အခန်းထဲဝင်လိုက်သည်နှင့် ရှိုင်းခြေလှမ်းတွေ အထိတ်တလန့် ရပ်သွားမိသည်။ မြင်လိုက်ရသည့် မြင်ကွင်းကမကောင်း....
     မာမီကား အမြှပ်တစီစီနှင့် ကုတင်ထက်ပေါ်ဝယ် ဆန့်တငင်ငင်ဖြစ်နေရာ
     "မာမီ..."
     သူတုန်လှုပ်စွာနှင့် မာမီ့ကို အပြေးထွေးပွေ့လိုက်တော့ အဆိပ်မိနေသည့် လက္ခဏာနှင့် ပါးစပ်တွင်အမြှပ်တွေက မြင်မကောင်း...
     "ဒါဘယ်လိုဖြစ်ရသလဲဗျာ..."
     "မင်းမာမီညည်းသံကြားလို့ ကြီးကြီးဝင်ကြည့်တော့ အာ့လိုမြင်ရတာပဲ သား ကြည့်ရတာ မခတ်အဆိပ်သောက်လိုက်တယ် ထင်တယ်.."
    သူ့နောက်တွင်ပြေးလိုက်လားသည့် ကြီးကြီးကာ ကတုန်ကယင်ဆိုလိုက်တော့ သူထူပူသွားမိရင်း...
    "ဆရာဝန်... ဆရာဝန် မခေါ်ဘူးလာဗျာ.."
    "ဦးငယ်ကို ခေါ်ထားခိုင်းတယ်"
   "အမြန်ခေါ်ဗျာ... ခုထိဘာလို့မလာသေးရသလဲ အခု ချက်ချင်းလာခိုင်းစမ်းပါ"
     သူဆောက်တည်ရာမရစွာ အော်လိုက်မိသည်။ ကြီးကြီးကား မျက်ရည်တစမ်းစမ်းနှင့် ပြေးထွက်သွားသည်။ သူခြောက်ခြားတုန်လူပ်စွာဖြင့်...
    "မာမီ... မာမီ သတိရပါဦး မာမီဗျာ ဘာလို့ဒီလိုလုပ်ရသလဲ.."
     သူမာမီ့ကိုအတင်းလူပ်နိုးပြီး မချိစွာ ဆိုလိုက်မိသည်။ မာမီကား ဆန့်တငင်ငင်ဖြစ်ကာ အသက်ငင်နေဆဲ....
     ဆရာဝန်ရောက်လာခဲ့ချေပြီ..။ သို့သော် မာမီသည် သူ့လက်ထဲတွင် ငြိမ်သက်သွားပြီဖြစ်ရာ
     "ဝမ်းနည်းပါတယ် မခတ်အသက်မရှိတော့ဘူး သား သူသောက်လိုက်တဲ့ ပိုးသတ်ဆေးက အတော်ပြင်းတယ် အန်ကယ်စိတ်မကောင်းပါဘူး"
     "မဟုတ်ဘူး....."
     ရင်သည်... ပေါက်ကွဲထွက်သွားပြီလား....။
မာမီ့ကိုထွေးပွေ့ရင်း သူအရူးတစ်ယောက် အော်လိုက်မိ၏။ ဒယ်ဒီ့ရှေ့တွင်မကျခဲ့သော မျက်ရည်များက တပေါက်ပေါက်နှင့်...
     စားပွဲခုံပေါ်တွင်တော့ သူ့အတွက် ရေးထားဟန်ရှိသည့် စာတစ်စောင်.....

ၾကာျဖဴ(ကြာဖြူ) Where stories live. Discover now