အချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်သူတစ်ဦးတစ်ယောက်မျှ ကိုလေးအားပိုင်ဆိုင်ခွင့်ပေးမည်မဟုတ်ပေ။ သူပြောတာမှန်ပါသည်။ကျွန်မ၏အချစ်သည် မီးတောက်တစ်ခုပင်ဖြစ်ပေလိမ့်မည်။