Unicode
နွေးခနဲ အထိတွေ့နှင့်အတူ Tae Hyung ရဲ့မျက်ဝန်းလေးတွေ ပွင့်လာခဲ့သည်။ အခန်းအတွင်းဖြာကျနေသော ညနေခင်း နေရောင်ခြည် နုနုနှင့်အတူ နွေးထွေးသော အပြုံးကိုမြင်ရတော့ ရင်ထဲထိနွေးခနဲ။
" ဘာလို့အိပ်နေတာလဲ နေလို့မကောင်းလို့လား "
စိုးရိမ်မှုရောဖက်နေသောအသံနှင့်အတူ လက်တဖက်ကလည်းနှဖူးပေါ်မှာစမ်းလျက်သား။
" မဟုတ်ပါဘူး game ဆော့ပြီးခဏအိပ်ပျော်သွားတာ Jeon လည်းအလုပ်ကပြန်မလာသေးတော့ပျင်းနေတာနဲ့ "
" အော် ကိုယ်လည်းဒီနေ့အလုပ်တွေများနေတာနဲ့ နောက်ကျသွားတာ ... လာ ထ ကမ်းခြေဘက်လိုက်ပို့မယ် စက်ဘီးဝယ်လာတယ် "
" ဟင် "
" ထပါ မျက်လုံးပြူးမနေနဲ့ မင်းနဲ့စက်ဘီးအတူပတ်စီးချင်လို့ "
ရှပ်အင်္ကျီ အဖြူလက်ရှည်ကို တံတောင်ဆစ် နားထိခေါက်တင်ထားသောကြောင့် သန်မာသောလက်တွေက ကြည့်ကောင်းနေသည်။ ဘောင်းဘီအနက်အရှည်နဲ့တွဲဖက်ကာ ဝတ်ထားသောကြောင့် ကျစ်လစ်သော ခန္ဓာကိုယ် ကအထင်းသား။ မိမိရဲ့ ယောကျ်ား ဆိုသည်မှာတရေးနိုးထကြည့်လည်း ကြည့်ကောင်းနေတာမျိုးပင်။ တလောကလုံးမှာ ငါ့ယောက်ျား အချောဆုံးဆိုသော မာနအလံကြီးကလည်း ရင်ထဲမှာတလူလူလွင့်လို့။
" ဟုတ် "
....အခန်းရှေ့ထွက်လိုက်တာနဲ့ Jeon ဝယ်လာသည်ဆိုသော စက်ဘီးလေးကိုတွေ့လိုက်ရသည်။ ထိုင်ခုံတခုသာပါသော စက်ဘီးကိုကြည့်ကာ Tae Hyung မှာနားမလည်နိုင်စွာJung Kookအားကြည့်ကာ ...
" Jeonကျွန်တော်က ဘယ်နေစီးရမှာ "
" အရှေ့မှာတန်းလေးပါတယ်လေ ကိုယ့်ရင်ခွင်ထဲကနေစီး "
ရုတ်တရက် ပြောချလိုက်သော စကားမှာ Tae Hyung ပါးလေးတွေက ချယ်ရီ ရောင်လေးပြေးသွားသည်။ Jung Kook မှာထိုပုံလေးကိုကြည့်ကာမိန့်မိန့်ကြီးနဲ့ ပြုံးပြုံးကြီး။
" အကြာကြီး ထိုင်စီးနိုင်ပါ့မလား ဖင်တွေနာနေမှဖြင့်"
" ဟော အဲ့ကျရင် ကိုယ်တလှည့်ထိုင်မယ်လေ တန်းပေါ်မှာ "