#Unicode
ရောင်စုံမီးရောင်တွေကြားမှာ ဝတ်ထားရတဲ့ အဝတ်အစားတွေနဲ့အတူ လူက မွန်းကျပ် နေသည်။ ညီညာတဲ့ မြက်ခင်း ပေါ်မှာ စားပွဲတွေကအစီအရီ ။ စားပွဲပေါ်မှာ စားသောက်ဖွယ်ရာတွေကအပြည့်ပေမယ့် ဘာကိုမှမတို့ချင်မထိချင်။ လေကတဖြုးဖြူး တိုက်နေပေမယ့် စိတ်ကလည်းမလန်းပေ။ Jeon ကိုတော့ လှမ်းမြင်နေရသည်။ဒီလိုပွဲတွေဆိုရင် မလိုက်ချင်ပေမယ့် ကိုယ့်ယောက်ျား မျက်နှာမပျက်ရအောင် Tae Hyung ကလိုက်ပေးသည်။ တခြား လုပ်ငန်းရှင်တွေနဲ့အတူ စကားပြောနေသည် Jung Kook ကို Tae Hyung က အဝေးမှတစိမ့်စိမ့်ငေးကြည့်နေသည်။
ကံကြမ္မာ ရဲ့အလှည့်အပြောင်းကြောင့် Jeon နဲ့တွေ့ဆုံခဲ့ကြသည်။ မိမိသည် Jeon ဘဝထဲကို ကောင်းသောလာခြင်းတွေနဲ့ လာခဲ့သူမဟုတ်။ ဒုက္ခ တွေ တပွေ့ကြီးကိုပိုက်ပြီး လာခဲ့တဲ့သူမျိုးမဟုတ်ပါလား။
ရုတ်တရက် message ဝင်လာသံကြောင့် အတွေးစတို့ပြတ်တောက်သွားသည်။ Tae Hyung ရဲ့မျက်ဝန်းအစုံသည် ဝင်လာသည့်စာအား ဖတ်ကာ ပြူးကျယ်လာခဲ့သည်။
~ မင်းသရုပ်အမှန်ကဘာလဲ ~
ဤတကြိမ်တွင်တော့ မှားဝင်ခြင်းမဖြစ်နိုင်။ ဒီစာတွေက မိမိဆီ ဦးတည်ပြီး လာတဲ့စာတွေ မှန်း Tae Hyung နားလည်လာခဲ့သည်။ တဆက်တည်း ကြောက်စိတ်တွေ ဝင်လာပြန်သည်။ ဘယ်သူက သူ့ကိုဒီလိုပို့နေတာလဲဆိုတဲ့သိချင်စိတ်က ထိန်းမရ။ ph no ကတော့ အရင်ပို့တဲ့ no မဟုတ်တော့။
~ phမှားနေပါတယ် ~
အရဲစွန့်ကာ စာပြန်ပို့မိသည်။ ခဏအကြာမှာ စာတစောင်ပြန်ဝင်လာခဲ့သည်။
~ ငါပို့နေတာ မင်းကို Kim Tae Tae ~
ထိတ်လန့်စိတ်နဲ့အတူ phက မြေပြင်ပေါ်သို့ လှိမ့်ဆင်းသွားသည်။ ပြန်ကောက်မည်အပြု တစုံတယောက်က သူ့ ph ကိုကောက်ပေးလာသည်။
" ဟင် "
Tae Hyung သည် Seo Yoon လက်ထဲက ph ကိုအလျင်အမြန်ပြန်ယူလိုက်သည်။
" မတွေ့တာကြာပြီနော် "
" အင်း "
" ဘယ်ကနေ ဒီကို ..."
" အော် ဒီပွဲကို ကျမကိုလည်း ဖိတ်ထားတယ်လေ ဒီ company ပိုင်ရှင်ရဲ့အမျိုးသမီးနဲ့လည်း ရင်းနှီးတယ်ဆိုတော့ ကိစ္စလေးရှိလို့အခုမှရောက်တာ "