Part - 31 [ Final ]

28.3K 1.9K 286
                                    

Unicode

အေးစိမ့်စိမ့်မနက်ခင်းသည် ညတစ်ညကို ကျော်လွန်ကာ တစ်ပတ်ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါ၏။ မနက်တိုင်း နိုးတာနဲ့ ကြည့်မိတိုင်း ဘေးက လစ်လပ်နေသော နေရာကြောင့် အသားမကျသေးသော ရင်မှာ ဒဏ်ရာတွေက ထပ်ပိုးရမြဲ။

ညကငိုထားတဲ့အရှိန်ကြောင့် မျက်လုံးတွေကမို့အစ်နေမှာကို မှန်မကြည့်ဘဲနဲ့လည်းသိသည်။ တင်းတင်းကြီးဖြစ်နေတဲ့မျက်လုံးတွေ ကြောင့် နေရတာတော့သိပ်အဆင်မပြေလှ။

မထသေးဘဲ အိပ်ယာထဲမှာဘဲ ဟိုလှိမ့် ဒီလှိမ့် ဟိုတွေး ဒီတွေးနဲ့ ဘဝက အဓိပ္ပါယ် မရှိသလို။ ဘယ်အချိန်ထိ ဒီမှာ ဒီလို နေနိုင်မည်မသိပေမယ့် နေနိုင်သလောက်တော့နေဦးမည်။

အိပ်ယာထဲဘဲ လှိမ့်နေလို့ကလည်းမဖြစ် ။ ရင်ထဲက ဒဏ်ရာကမပျောက်သေးပေမယ့် အချိန်မှန်မှန် ဆာလာသော ဗိုက်ကိုလည်း ဥပေက္ခာ ပြုထားလို့ကလည်းမရပြန်။ နှလုံးသားရေးက နှလုံးသားရေး ဝမ်းရေးက ဝမ်းရေးမဟုတ်ပါလား။

တစ်ဖက်အခန်းက တံခါးဖွင့်သံကြောင့် Jung Kook သည် အခန်းတံခါးကို နည်းနည်းဟကာကြည့်လိုက်သည်။ သွားတိုက်တံ တစ်ချောင်း ရေခွက်လေးတစ်ခွက်ကို ကိုင်ကာ အိပ်မှုန်စုံမွှား နဲ့ ဆင်းသွားပါသော ဝက်ဝံပေါက်စလေး။

အခန်းထဲ ဝင်လိုက်တာနဲ့ ပြန့်ကျဲနေသော အိပ်ယာခင်းနဲ့ မုန့်အခွံလေးတွေ။ စားပွဲပေါ်မှာလည်း သောက်ပြီး မပြစ်ရသေးသော တစ်ဝက်ထိကျိုးကျနေတဲ့ အချိုရည်ဘူးတစ်ဘူး။

တစ်ယောက်တည်းကို နေချင်သလိုကို နေနေပါရောလား။

Jung Kook သည်ခပ်တိုးတိုးပြောရင်း အိပ်ယာတွေ စောင်တွေ ခေါက်သိမ်းလိုက်ပြီး ခေါင်းရင်းမှာ ထပ်ပြီး ပုံပေးထားလိုက်သည်။

အိတ်တစ်လုံးထဲကို ပြန့်ကျဲနေတဲ့ အမှိုက်တွေ အချိုရည်ဘူးခွံတို့ကို ထည့်ပြီး အသဲကွဲနေသော အညစ်ပတ်လေးရဲ့ အခန်းကို သန့်ရှင်းပေးလိုက်သည်။

" ဘယ်အချိန်ထိ ဒီလိုနေနေဖို့စိတ်ကူးထားတာလဲကွာ "

အမှိုက်ထုတ်ကို ပြန်သယ်လာရင်း ကိုယ့်အခန်းထဲမှာ ကိုယ်ပြန်ထိုင်နေရင်း တစ်ဖက်အခန်းကအသံလေးကို နားစွင့်နေမိသည်။

MY LITTLE BRIDEGROOM [ Completed ]Where stories live. Discover now