Part - 20

19.5K 1.8K 228
                                    

Unicode

ကမ်းခြေ ဘက်မှာ မီးပုံပွဲလုပ်ပြီး ပျော်ပွဲရွှင်ပွဲ လုပ်မယ်ဆိုတည်းက လိုက်ချင်တာမဟုတ်။ ကိုယ့်အခြေအနေနဲ့လူသူကြားထဲ သိပ်မသွားချင်တာလည်းပါတယ်။ Jeon က လိုက်ခဲ့ပါဆိုတော့ လိုက်
လာရတာဖြစ်သည်။

ကမ်းခြေဘက်ရောက်တော့ အကင်ကင်တဲ့သူကကင် အဖျော်ရည် စပ်တဲ့သူကစပ် ပြင်ဆင်စရာ ရှိတာတွေကို အသီးသီးပြင်ဆင်နေကြသည်။ ကိုယ့်မှာသာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိယောင်နနနဲ့။ Jeon က ဒီရောက်မှ ကိစ္စလေးရှိလို့ ခဏနေခဲ့ဦးဆိုပြီး ထွက်သွားလိုက်တာ ပြန်ကိုမရောက်သေး။

" ပျင်းနေပြီလား မသိဘူး "

လှည့်ကြည့်လိုက်တော့ သူ့ရဲ့အတွင်းရေးမှုးဆိုတဲ့ အမျိုးသမီး။ အချိုးစားလှတဲ့ ခန္ဓာကိုယ် ပေါ်မှာ လည်ဟိုက်ဟိုက် အင်္ကျီ ကိုဝတ်ဆင်ထားသည်။ နီဆွေးနေတဲ့ နှုတ်ခမ်းက ခါတိုင်းထက်ပိုရဲနေသလို။

ပင်လယ်ဘက်က လာတဲ့လေက အေးအေးလေးပေမယ့် သူ့ရင်ထဲမှာတော့အေးမနေ။ ဒီအမျိုးသမီးကိုမြင်တိုင်း အလိုမကျမှုတခုခုက ရင်ထဲရောက်နေတာချည်းသာ။

" မပျင်းပါဘူး "

နက်ပြာရောင် ဂါဝန်လေးနဲ့ Tae Hyung က အရုပ်လေးတရုပ်လို။ မီးပုံဘက်မှလာတဲ့အလင်းရောင်ကြောင့် မျက်နှာနုနုလေးက လှချင်တိုင်းလှနေသည်။ Seo Yoon က ဘေးနားက ခုံမှာဝင်ထိုင်ရင်း Tae Hyung ကို အအေးတခွက် လှမ်းပေးသည်။

မကြည်ဖြူသော်လည်း မရိုင်းချင်တာမလို့ Tae Hyung အသာတကြည်ပင်ယူလိုက်သည်။

" ကျေးဇူး "

" ရပါတယ် ... ဒါနဲ့ "

ဘာစကားတွေ ရှည်ဦးမလို့လဲဟု စိတ်ထဲရေရွတ်မိသည်။ အဆင်မပြေတဲ့ဟာတွေနဲ့ စကားပြောနေရတာလောက် ပင်ပန်းဖို့ကောင်းတာမရှိဘူး။ မရယ်ချင်ဘဲရယ်ပြရ မပြုံးချင်ဘဲ ပြုံးပြရ။ ပြုံးပြရင်လည်း သူ့မျက်နှာကြီးက အီလည်လည်ကြီးဖြစ်နေမှာသေချာပေါက်။

" ဟုတ်ပြောလေ "

Tae Hyung ကစကားထောက်ပေးတော့ Seo Yoon က Tae Hyung ကိုကြည့်လာသည်။ စူးစမ်းလိုသော စူးရဲတဲ့အကြည့်တွေကိုTae Hyung မကြိုက်။ ဒါပေမယ့်လည်း မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့စကားပုံက အလကားမှမဟုတ်တာ။ သည်း ခံဦး Kim Tae Hyung ရေ။

MY LITTLE BRIDEGROOM [ Completed ]Where stories live. Discover now