Unicode
နေရောင်ခြည် နုနုလေးတွေဖျာ ကျနေတဲ့ အခန်းထဲမှာ မနက်ခင်းက သာသာယာယာ ။ ကုတင်ထက်မှာတော့ Jung Kook သည် Tae Hyung ရဲ့ ခန္ဓာကိုယ် လေးကို တင်းတင်းပွေ့ဖက်ကာ အိပ်မောကျနေခဲ့သည်။
မျက်နှာပေါ် ကျရောက်လာတဲ့ အလင်းတန်းကြောင့် Tae Hyung ရဲ့မျက်လုံးတွေက ကျိန်းစပ်စပ်။ အားယူပြီးဖွင့်ကြည့်တော့ ပထမဆုံးမြင်လိုက်ရတာက ဖက်တွယ်ထားတဲ့ လက်တဖက်။ တဆက်တည်းခံစားလိုက်ရတာက ကျောဘက်က နွေးနွေးထွေးထွေးရပ်ဝန်းတခု။
ထူပူသွားသောစိတ်နဲ့အတူ Tae Hyung က ဖက်ထားတဲ့လက်တဖက်ကို ဖယ်ထုတ်ကာ အတင်းကုန်းရုန်းထသည်။ ဖြူလွလွစောင်ကိုအလျင်မြန်ဖယ်ကြည့်လိုက်တဲ့အခိုက်မှာ ....
" အမလေး "
လွတ်ကျသွားတဲ့စောင်က ကုတင်ပေါ်မှာပုံခနဲပြန်ကျသည်။ အိပ်ယာခင်းဖြူဖြူထက်မှာမြင်လိုက်ရတာကဘာကြီးလဲ။ ပြီးတော့ Jeon တကိုယ်လုံး အဝတ်စားတွေမရှိသလို သူ့မှာလည်းမရှိ။ဘာလို့ Jeon က ကိုယ်တီးလုံးကြီးနဲ့အိပ်နေရတာလဲ သူကရောဘာလို့အဲ့လိုအိပ်နေရတာလဲ။ တဆစ်ဆစ်ကိုက်ခဲနေသော ခေါင်းက ညကအဖြစ်ပျက်တွေကိုတခုမှမမှတ်မိ။
" သောက်ဂွဘဲ ဘယ်သူကဘယ်သူ့ကိုဘာလုပ်ခဲ့တာလဲ "
ညစ်ထေးထေးအစွန်းကွက်ကို ကြည့်ပြီး Tae Hyung မှာအသဲအသန်စဉ်းစားခန်းဖွင့်သည်။ ထို့နောက် နာကျင်သွားသော တနေရာကြောင့် စိုးရိမ်စိတ်တွေကငယ်ထိပ်ထိစောင့်တက်လာသလို ။
" ဒုက္ခ ငါထိသွားတာလား ... ဟ ဟ မဖြစ်နိုင်တာ"
ကိုယ့်ကိုယ်ကို နှစ်သိမ့်နေပေမယ့် ရင်ထဲမှာတော့ အမှန်တရားကို လက်ခံထားပြီးဖြစ်နေသည်။ တဆတ်ဆတ်တုန်နေသော လက်လေးတွေက Jung Kook ရဲ့ ခါးထက်မှာ အုပ်ထားသော စောင်ကိုဖယ်ချလိုက်သည်။
" မလုပ်သင့်မှန်းသိပေမယ့် ကျွန်တော့်ကို ခဏကြည့်ခွင့်ပေးပါ အတည်ပြုမှရမှာမလို့ "
မျက်နှာသွယ်သွယ်လေးက ကြွက်သားတွေနဲ့ ကျစ်လစ်နေတဲ့ ခါးကို ဖြတ်ကျော်ကာ တစုံတခုသောနေရာကို စူးစမ်းသည်။ ဘာမှမတွေ့လေ Tae Hyung ရဲ့ ရင်လေးမှာတလှပ်လှပ်ဖြစ်လာလေ။ ထိုစဉ် သူ့ကို လည်ပြန်ကြည့် နေတဲ့မျက်ဝန်းတစုံကိုလည်းသတိမထားမိသေး။