#Unicode
"မမရယ် ငါတကယ်ဖြစ်ပါ့မလား ""ဖြစ်ပါတယ်မောင်လေးရယ် နင်ကဒီလိုလေးပြင်လိုက်တော့ငါ့ထက်တောင်လှသေးတယ် ဟိဟိ "
မိတ်ကပ်ပါးပါးလေးသာလိမ်းခြယ်ပေးထားပေမယ့် နုနယ်သောပါးလေးတွေကမှုံညက်နေကြသည် ။ နှုတ်ခမ်းထူပြည့်ပြည့်လေးမှာ ပန်းနုရောင်နှုတ်ခမ်းနီလေးက လှပစွာ ။ သူ့ပုံစံအတိုင်း ခါးလယ်လောက် Hair wing လေးကိုတပ်ပေးလိုက်တော့ လုံးဝကိုမထိရက်မကိုင်ရက်စရာလေး။ကြည့်ပါအုန်း သူ့မောင်လေးကတကယ်ကိုမိန်းကလေးတွေထက်ပင်လှလွန်းပါသည် ။ Jeon Jung Kook နဲ့တွေမည်ဟုဆိုကာ သူမအိမ်မှအထွက် မောင်နှမနှစ်ယောက်တိုင်ပင်ထားသည့်အတိုင်း Tae Hyung ကသူ့သူငယ်ချင်းတွေနဲ့တွေ့ရန် မမနဲ့လမ်းကြုံလိုက်မည်ဟုဆိုကာ မိဘတွေကိုဘတ်ကာထွက်လာခဲ့ခြင်းဖြစ်သည် ။ ဒီရောက်တာနဲ့ချက်ချင်း သူ့မောင်လေးကို နာမည်ကြီးအလှပြင်ဆိုင်တခုကိုတန်းပို့သည် ။ ဟိုလူကြီးယုံဖို့လိုသည်လေ .... အလှဆုံးဖြစ်နေဖို့လိုတယ်။
"မမရယ် ငါမိတ်ကပ်တွေနဲ့မနေတတ်ဘူးဟ"
"မောင်လေးကလည်း မမကိုကူညီပါလို့ "
"အေးအေး ကူညီမယ် "
ကူညီမယ်သာပြောတာ မျက်နှာလေးကဆူပုတ်ပုတ် ။ မျက်စောင်းကြီးကလည်းတခဲခဲ ။
"မောင်လေး ဒါဆိုမမပိုက်ဆံသွားရှင်းလိုက်အုန်းမယ် .... ပြီးရင် အင်္ကျီ ဆိုင်သွားကြမယ် "
"ပြီးရော ပြီးရော "
အသံလေးကဆူဆူအောင့်အောင့် ။ ဒင်းလေးကသိပ်စိတ်ကြည်တာမဟုတ် ။ အတတ်နိုင်ဆုံးဖားထားရမည် ဒီအချိန်မှာ ဒါလေးကသာသူ့ရဲ့ကယ်တင်ရှင် ။
>>>>>>>>>
အဝတ်လဲခန်းကထွက်လာတဲ့မောင်ဖြစ်သူကိုကြည့်ကာ Kim Tae Tae တစ်ယောက်အားရပါးရအော်ရယ်တော့သည် ။ ကြည့်အုန်းလေ ပန်းနုရောင်ဂါဝန်တိုလေးက ပေါင်တဝက်လောက်သာရှိသည် ထိုအောက်မှာ ခြေတံသွယ်သွယ်လေးတွေက လှလွန်းလို့ ဘယ်သူကယောက်ျားလေးဟုထင်မည်လည်း ။ ဖြူဝင်းဝင်းပုခုံးသားလေးတွေမှာလည်း ကြိုးလေးတလုံးစီကသာ နေရာယူထားကြသည်မလို့ လှချင်တိုင်းလှနေသည် ။ သူ့မောင်လေးကတင်ပါးလေးကနဂိုအကောက်လေးမလို့ အတုအပတို့အကူညီကိုမလို ..... ပြားချပ်နေသောရင်ဘတ်လေးကိုသာ အုံထူထူဘော်လီလေးရဲ့အကူအညီနဲ့ပြည့်ဝန်းအောင်လုပ်ထားရသည်။