#Unicode
" မမရယ်ငါ့ဆီအကြောင်းမကြားဘူး ပြန်လာရင်ခ ဏလေးကို။တကယ်ဘဲ မွေးပြီးမှကိုသိရတော့တယ် "Tae Hyung အပြစ်တင်သလို ပြောတော့ TaeTae ကသွားတွေပေါ်အောင်ရယ်သည်။ သူမရဲ့မောင်လေးက ဦးလေးတယောက်ဖြစ်နေပြီ ခုထိကလေးလေးလိုပြုမူနေတုန်းဘဲမဟုတ်ပါလား။
" အလုပ်နဲ့သွားကြတာဆိုတော့မဆက်တော့တာ ပြီးတော့ ဖေဖေနဲ့မေမေရော Min Woo လည်းရှိတာဘဲလေ။ ပြီးတော့ ယောက္ခမကြီးတွေကလည်း ငါ့ကိုချစ်ကြပါတယ်ဟ"
" အေးပါဟာ အခုတော့ငါ့ကိုမေ့ပြီပေါ့ "
" အဲ့လိုလည်းမဟုတ်ပါဘူးမောင်လေးရယ် ဟီး "
" ကြည့်ဦး ကလေးကပေါက်စီလုံးလေးလိုဘဲ "
မိခင်ဖြစ်သူရဲ့နို့ကို တပြွတ်ပြွတ် စို့နေတဲ့ကလေးလေးကိုကြည့်ပြီး Tae Hyung ကဆိုတယ်။ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့လက်သီးလေးက တကယ့်ကိုပိစိလေး။ ထိုလက်ပိစိလေးတွေကို သူ့ရဲ့လက်နဲ့ဆုပ်ကိုင်ပြီး Tae Hyung ကသဘောကျမဆုံး။
" မမနင်ကံကောင်းတယ်နော် ကြင်နာတဲ့ခင်ပွန်းကိုလည်းပိုင်ဆိုင်ရတယ် ချစ်စရာကောင်းတဲ့ သားလေးကိုလည်းရတယ် "
Tae Hyung ကတွေတွေလေးဆိုတော့ အမဖြစ်သူကပြုံးကာ ...
" အမယ် မောင်လေးရယ် နင့်လူကြီးကလည်းနင့်ကိုအရမ်းချစ်တာဘဲလေ "
" အင်း "
Jeon ကသူ့ကိုသိပ်ချစ်သည်။ ချစ်ပေးလွန်းလို့လည်း ပိုပြီးအပြစ်မကင်းသလိုခံစားရသည်။ တချိန်ချိန်မှာ အဖြစ်မှန်တွေသာပေါ်လာခဲ့ရင် Jeon အတွက်ကောင်းကျိုးဆိုတာမြူတမှုန်စာတောင်မရှိ။
နို့စို့နေရင်း အသံစူးစူးလေးနဲ့ ထငိုတဲ့ နီတာရဲလေးကြောင့် အတွေးစတို့ ပြတ်တောက်သွားပြန်သည်။ သူသာမိန်းကလေးဆိုရင် ဒီအချိန်မှာ Jeon အတွက် ဒီလိုပိစိလေးမွေးပေးလို့ရမှာပေါ့။ အောင့်တက်လာတဲ့ ရင်တွင်းတနေရာက ဝေဒနာနဲ့အတူ မြင်ယောင်လာတဲ့ သူ့မျက်နှာ။
သူမိသားစုလေးအရမ်းလိုချင်မှာ။ သူ့ရဲ့သားလေးလား သမီးလေး လားမသိတဲ့ ရင်သွေးလေးကို သူမလိုချင်ဘဲနေမလား။