Part - 25

14.6K 1.4K 53
                                    

#Unicode
ပြသနာက တဟုန်ထိုး ပျံ့နှံ့ သွားခဲ့သည်။ ဆက်တိုက် ဝင်လာတဲ့ ph တွေကို ဥပေက္ခာ သာပြုထားလိုက်သည်။ ဒီအချိန်မှာ ဘာကိုမှ ဖြေကြားချင်စိတ်မရှိ။ Jung Kook ရဲ့ စိတ်သည် Tae Hyung တယောက်ထံတွင်သာရှိနေခဲ့သည်။

အကြိမ်ကြိမ်ခေါ်နေသော ph က ကိုင်မည့်သူမရှိတဲ့အခါ Jung Kook ရင်တွေပူလာရသည်။ ဒီအချိန် Korea မှာ ဘယ်လောက်တောင် ပွက်လောရိုက်နေပြီလဲဆိုတာ အတွေးနဲ့တင် မွန်းကြပ်သည်။

" ph ကိုင်ပါ Tae Hyung ရာ "

ငိုနေမည့် မျက်နှာလေးကိုမြင်ယောင်လာတဲ့အခါ ရင်မှာ သောကမီးတို့ကတောက်လောင်သည်။ ပုံအရ သူတို့ နှစ်ယောက် JeJu သွားတုန်းကပုံ။ ဘယ်သူတွေ့သွားခဲ့တာလည်းဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ်ပြန်မေးရင်း ဒေါသတွေကလည်းအလိပ်လိုက်။ ဘယ်ကောင်ဘဲဖြစ်ဖြစ် မိတဲ့တနေ့တော့ သူ့လက်ကနေပြေးလွတ်မည်မဟုတ်။

ပြသနာတွေကြားမှာ ငိုကြွေးနေမည့်ပုံရိပ်လေးကို မြင်ယောင်လာတဲ့အခါ ဝဲဘက်ရင်အုံဆီက ဆစ်ခနဲ ကျင်ခနဲ။ အရေးကြီးတဲ့အရာတွေရှိပေမယ့် အရေးကြီးဆုံးဆိုတဲ့အရာတခုအပေါ်မှာသာ ဆုံးဖြတ်ချက် ကိုပြတ်သားစေခဲ့သည်။

________________

" ဒါဘာတွေ ဖြစ်ကုန်တာလည်း Mr Kim ခင်ဗျားကအဖေဘဲ ခင်ဗျားအကုန်သိမှာ ကျုပ်ကိုတခုမကျန်အကုန်ရှင်းပြ "

တိတ်ဆိတ်နေသော ဧည့်ခန်းမကျယ်ထဲမှာ Jung Kook အဖိုးဖြစ်သူရဲ့ ဒေါသသံက ဖြိုခွဲသွားသည်။Mr Jeon က တော်ရုံဒေါသထွက်သူမဟုတ်။ မောက်မာ ရိုင်းပြသူလည်းမဟုတ်။ မည်မျှပင်ချမ်းသာပါစေ လူတိုင်းအပေါ် အဆင့်တန်းမခွဲခြားဘဲ ကြင်နာတတ်သူတဦး။ ဒါပေမယ့် အမုန်းဆုံးအရာသည်ကား သူ့ကိုလိမ်လည် လှည့်ဖြား ခြင်းပင်ဖြစ်သည်။

" ကျွန်တော် ရှေ့မျက်နှာ နောက်ထားပြီး တောင်းပန်ပါတယ် ဒါပေမယ့် ကျွန်တော် တို့လုပ်ရပ်ကခွင့်မလွှတ်နိုင်စရာ လုပ်ရပ်ဆိုတာ သိပါတယ် "

Mr Jeon ရဲ့မျက်နှာသည် ဒေါသအရှိန်ကြောင့် တည်တင်းနေသည်။ ခွင့်လွှတ်မည့် အရိပ်အယောင်ကား တစိုးတစိ မျှမတွေ့ရ။ Tae Hyung သည် ခါးကျိုးမတတ်တောင်းပန်နေသော ဖခင်ဖြစ်သူကိုကြည့်ကာ မျက်ရည်တွေကျလာခဲ့သည်။

MY LITTLE BRIDEGROOM [ Completed ]Tempat cerita menjadi hidup. Temukan sekarang