#Unicode
ဒီနေ့က ပိတ်ရက်ပေမယ့် ညနေကျရင် Mr Lee ရဲ့သားလေး Birthday party ရှိတာမလို့ လုပ်စရာရှိသည့်အလုပ်များကိုလက်စသတ်နေမိသည်။ ဘယ်လောက်ဘဲမအားပါစေ ကိုယ်နဲ့အလုပ်အတူတူလုပ်နေကြသည့် partner တွေမလို့မသွားလို့ကလည်းမကောင်း။
" Kim Tae Hyung .... Kim Tae Hyung "
" ဗျာ Jeon ရေ လာပြီ လာပြီ "
အသံနဲ့အတူ ပြာပြာသလဲပြေးဝင်လာသော Tae Hyung ကို Jung Kook ကမျက်မှောင်ကျုံ့ကာကြည့်သည်။ တီရှပ်အဖြူပွပွကြီးကို ဘောင်းဘီပန်းရောင်အတိုလေးနဲ့တွဲဖက်ကာဝတ်ဆင်ထားသောကြောင့် ဖြူဖွေးသွယ်လျနေတဲ့ခြေတံလေးတွေကအထင်းသား။ ဒါကို ယောက်ျားလေးဆိုဘယ်သူကယုံမတဲ့လဲ။
" မင်းဘာလုပ်နေတာလဲ "
" TV ကြည့်နေတာပါ "
" ကြည့်မနေနဲ့ ဗီရိုထဲက ငါချိတ်ထားတဲ့ အင်္ကျီ မီးပူသွားတိုက် အဲ့တစုံဘဲမတိုက်ရသေးတာ။ ညနေ Mr Lee ရဲ့သားလေးမွေးနေ့ရှိတယ် မင်းပါလိုက်ဖို့အသင့်ပြင်ထား ကြားလား ..."
" ဟုတ် Jeon မီးပူကခုတိုက်လိုက်ရတော့မလား "
" အေးတိုက်ထားလိုက်တော့။ သေချာတိုက်နော်ငါအဒါဝတ်မှာ "
" ဟုတ်ကဲ့ "
ပြောလိုက်ရင်ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ပင်။ လုပ်လိုက်ရင်သာတလွဲ။အဒါမလို့လည်းကိုယ့်ဘာသာလုပ်တာများသည်။ ခုကအလုပ်ကလည်းတဖက်ရှိသေးတာမလို့သာခိုင်းလိုက်ရခြင်းဖြစ်သည်။
***
မီးပူတိုက်ရန်ဗီရိုထဲက Jeon အင်္ကျီ နဲ့ဘောင်းဘီကိုယူလာကာ မီးပူတိုက်သည့်ခုံလေးပေါ်တင်လိုက်သည်။ ဘာဘဲဖြစ်ဖြစ် Jeon ကခိုင်းသည်မလို့ သေချာလေးလုပ်ပေးရန် မီးပူကြိုးကိုပလပ်ပေါက်တွင်ထိုးကာ အပူချိန်ကိုအနေတော်လေးတင်ထားလိုက်သည်။ အင်္ကျီ ကိုဖြန့်လိုက်ချိန် ရလိုက်သည့်ရနံ့သင်းသင်းလေးကြောင့် အင်္ကျီစလေးကိုကိုင်ကာအမှတ်တမဲ့ နမ်းရှိုက်လိုက်မိသည်။ ဘာရယ်မသိ ရင်တွေခုန်လာသောကြောင့် အင်္ကျီ ကိုပြန်ဆန့်ကာမီးပူတိုက်ရန်စတင်လိုက်သည်။
Tv ကလာသော ဟာသကားကလည်းကောင်းနေသောကြောင့် မီးပူတိုက်လျက်ပင်ဆက်ကြည့်နေမိသည်။ ဒီကားက တပတ်ကိုမှ ၂ ရက်ဘဲလာတာ လာတဲ့ရက်တွေမှာ Tae Hyung တို့ကအလွတ်မခံဘဲကြည့်နေကြ။ မီးပူလေးတိုက်လိုက် Tv လေးကြည့်လိုက်နဲ့ အင်္ကျီ တထည်တိုက်လို့ပြီးသွားခဲ့သည်။ ဘောင်းဘီကိုဆက်တိုက်ရန် ခုံပေါ်တွင်ဖြန့်လိုက်ပြီး Tv ကြည့်ကာဆက်တိုက်နေမိသည်။