Unicode
ဧည့်ခန်း တစ်ခုလုံး အပ်ကျ သံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသည်။ အားလုံးက Tae Hyung ရဲ့သဘောထားအတိုင်း လိုက်နာရန်ဆုံးဖြတ်ပြီးသားမလို့ Tae Hyung ထံတွင်သာ အာရုံရှိနေသည်။
Tae Hyung သည် သက်ပြင်းတစ်ချကို ချရင်း မိသားစုဝင်များကို ကြည့်ကာ ...
" ကွာရှင်းမယ် "
မိခင်ဖြစ်သူရဲ့ မျက်ရည်တွေ ကိုမြင်တော့ Tae Hyung စိတ်မကောင်းဖြစ်ရသည်။ Mr Kim မှာ မိမိစခဲ့သော ပြသနာအတွက် ရင်ထဲမှာ တဆစ်ဆစ်နဲ့ခံစားနေရသည်။
" သားလေးရယ် မေမေတို့ကြောင့် "
" မဟုတ်ဖူး မေမေ သမီးကြောင့်ပါ သမီးကြောင့်မောင်လေး "
" ဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူး မေမေတို့ ကလည်း အဲ့လို လုပ်မနေကြပါနဲ့ "
" နင်မညာနဲ့မောင်လေး အဆင်ပြေချင်ယောင်လည်းမဆောင်နဲ့ နင် သူ့ကိုဘယ်လောက်ထိချစ်လဲဆိုတာငါတို့သိတယ် "
Tae Hyung ငိုင်ကျသွားခဲ့သည်။ ချစ်တာပေါ့ မချစ်ဘဲ နေမလားလေ။ ဒါပေမယ့် လည်း ရှေ့ဆက်ဖို့ ရေစက်တွေ မပါတော့တဲ့အခါ ဘယ်လို သူရှေ့ဆက်ရမှာတဲ့လည်း။
Tae Hyung သည် ပင့်သက်လေးကို ရှိုက်ရင်း ပြုံးလိုက်သည်။ ဆုံးဖြတ်ချက်ခိုင်မာနေသောကြောင့်လည်း သူ့ဆုံးဖြတ်ချက်ကို ဘယ်လို အကြောင်းပြချက်နဲ့မှ ပြန်ပြောင်းတော့မည်မဟုတ်။
" ဖေဖေတောင်းပန်ပြီးပြီ Jung Kook ရဲ့အဖိုးဖြစ်သူက လက်မခံဘူးသားရယ် သူ့ဘက်ကလည်း ကွာရှင်းဖို့အရေးကိုဘဲ ဆန္ဒ ရှိနေတယ် "
" ဟုတ်ကဲ့ သားသိပါတယ်။ အဒါမလို့ ဒီနည်းအပြင်မရှိတော့ဘူးလေ "
" ဒါပေမယ့် မေမေ့သားလေး အရမ်း ပင်ပန်းနေရပြီမလား "
Tae Hyung သည် တသိမ့်သိမ့်ရှိုက်ကာငိုနေသော မိခင်ဖြစ်သူရဲ့ ပုခုံးလေးကို ဖက်ကာ နှစ်သိမ့်သည်။ မတက်သာတဲ့အခြေအနေတွေကြားမှာ ဖြစ်ပျက်ခဲ့တာတွေမလို့ ဘယ်သူ့ကိုမှ ဘာအကြောင်းကြောင်းနဲ့မှ အပြစ်မတင်ချင်ပါ။
မေမေတို့လည်း ဒီကိစ္စကို ပျော်ပျော်ကြီး လုပ်ခဲ့ကြတာမှမဟုတ်ခဲ့ဘဲ။ မမဘက်ကကြည့်ရင်လည်း သူချစ်ရတဲ့သူနဲ့ တစ်သက်စာ ဝေးမသွားဖို့အရေး သူကြိုးစားခဲ့တာဘဲ။