#Unicode
" ဟယ်လို ဖိုးဖိုး "
" အေးမြေးလေး နေကောင်းတယ်မလား ။ ငါ့မြေးကမိန်းမရပြီးတည်းက ပျောက်ချက်သားကောင်းနေတော့ ဖိုးဖိုးကဆက်ရတာပေါ့ ဟား ဟား ဟား "
" အာ ... တောင်းပန်ပါတယ်ဖိုးဖိုးရယ် ကျွန်တော် အလုပ်တွေပိနေတာ။ ဟုတ်သားဘဲ ဖိုးဖိုးဆီမလာဖြစ်တာလည်းကြာပြီ။ ဖိုးဖိုးနေကောင်းတယ်မလား "
" ဒေါင်ဒေါင်မြည်ပါတဲ့ဗျာ။ ငါ့မြေးအလုပ်ရှုပ်နေတာဖိုးဖိုးသိပါတယ် ။ အဒါမလို့ ဒီညနေ ဖိုးဖိုးလာခဲ့မယ်။ မြေးမလေးကိုလည်းတွေ့ချင်လို့ "
မြေးမလေးကိုတွေ့ချင်လို့ဆိုသောစကားမှာ ငယ်ထိပ်တည့်တည့်မိုးကြိုးပြစ်ချလိုက်သလိုပင်။ ထိုင်နေရာမှပင် ဝုန်းခနဲထရပ်လိုက်မိသည်အထိ ။
"ဟို ကျွန် ... ကျွန်တော် တို့လာခဲ့မယ်လေဖိုးဖိုး "
" ရပါတယ်ငါ့မြေးရယ် မင်းအဖိုးကိုလူအိုကြီးလိုမဆက်ဆံပါနဲ့ သွားနိုင်လာနိုင်သေးပါတယ်။ ဖိုးဖိုးလာခဲ့မယ် မြေး company ကပြန်ရောက်တာကိုစောင့်နေမယ် "
" ဟိုလေ ဖိုးဖိုး "
" ကဲပါလုပ်စရာရှိတဲ့အလုပ်ဆက်လုပ်တော့ ။ ဒါဘဲနော်မြေးလေး "
ပြောပြောဆိုဆိုနဲ့ ph ချသွားပြီဖြစ်တဲ့အဖိုးဖြစ်သူကြောင့် သူ့ရင်ထဲ အလုံးကြီးစို့တက်လာခဲ့သလို။ သူမရောက်သေးဘဲနဲ့ အိမ်ကဟာကို ဖိုးဖိုးမြင်သွားခဲ့လျင်မတွေးရဲစရာကိစ္စတွေဖြစ်လာတော့မည်။ မတ်တပ်ကြီးရပ်လျက်ပင်ဟိုပြေးရမလို ဒီပြေးရမလို ။ အခုမှမြောက်မီးခဲကိုင်မိသလိုအဖြစ်။
ဒီအချိန်မှာ အလုပ်ထက်အရေးကြီးနေတာသူ့အိမ်က ကိစ္စ။ ဖိုးဖိုးမရောက်ခင် အိမ်ကိုသူအရင်ရောက်မှဖြစ်မည်။
" အတွင်းရေးမှုး Kim"
" ဟုတ်ကဲ့ရှင့် "
" 1: 30 meeting ကိုဖျက်လိုက်ပါ။ ကျွန်တော် အရေးကြီးကိစ္စရှိတယ် "
" ဟုတ်ကဲ့ CEO "
စကားပြော ရင်းဖြင့်အမြန်လိုနေသော သူဌေးဖြစ်သူကိုကြည့်ကာနားမလည်နိုင်။ အလုပ်အတူလုပ်လာသည့်သက်တမ်းတစ်လျောက် ဒီလိုအလျင်စလိုဖြစ်တာကိုတခါမှမတွေ့ဖူးခဲ့။ အိတ်ထဲကို ပစ္စည်း တွေကောက်ထည့်ကာ ချိတ်ထားသောကားသော့ကိုအလျင်အမြန်ဆွဲဖြုတ်လျက်ရုံးခန်းထဲကနေထွက်ခွာသွားပြီဖြစ်သည်။
![](https://img.wattpad.com/cover/208182820-288-k772245.jpg)