Part - 3

20.5K 2.1K 279
                                    

#Unicode
"ဒါဆိုရင် မင်္ဂလာပွဲ ကရှေ့လပေါ့ "

"ဟုတ်တယ်မမ "

Kim Tae Tae ၏မျက်ဝန်းမှမျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာခဲ့သည် ။ Tae Hyung မှာလည်းအမဖြစ်သူကိုကြည့်ကာ ရင်ထဲမကောင်း ။

"သူဘာထပ်ပြောသေးလဲ မောင်လေး "

"ရှေ့အပတ်ထဲ မင်္ဂလာပွဲ အတွက်လိုအပ်တာတွေအကုန်လုပ်မယ်တဲ့ "

"အင်းပါ "

မျက်ရည်တွေကြားမှပင်ချစ်ရတဲ့သူရဲ့ မျက်နှာအားမြင်ယောင်လာခဲ့သည် ။ မင်္ဂလာပွဲ ကိစ္စ သူမပြောပြတော့ မျက်ရည်တွေနဲ့နားထောင်နေရှာခဲ့တဲ့ Min Woo ရဲ့မျင်နှာမှာ ကိုယ့်ချစ်သူကို ဆုံးရှုံးရမှာကြောက်လို့ ထိတ်လန့်နာကျင်မှုတွေနဲ့ ။ ဘယ်လိုအင်အားနဲ့ လမ်းခွဲရက်မှာလဲ ..... ဘယ်လိုခွန်အားမျိုးနဲ့ မချစ်မနှစ်သက်တဲ့သူနဲ့သူမတသက်လုံးအတူနေရမလဲ။

"မငိုပါနဲ့မမရယ် မျက်လုံးတွေနာနေပါ့မယ်နော် "

"မောင်လေးရယ် "

ရင်ခွင်ထဲတိုးဝင်ကာ အားရပါးရအော်ငိုနေတဲ့ မမရဲ့ပုခုံးလေးကိုတင်းကြပ်စွာပြန်ဖက်ထားမိတယ် ။ မမလက်ထပ်သွားခဲ့ရင် သူ့အနားမှာ တိုင်ပင်ဖော်တိုင်ပင်ဖက် အားကိုးရာ မမမရှိတော့ပေ ။ မမနာကျင်ရသလို သူလည်းနာကျင်ရပါတယ် ။ မမငိုနေတာကိုသူတကယ်မကြည့်ရက်ပါ။

"မမသူနဲ့မခွဲနိုင်ဘူး ..... အီးဟီး ဟင့်ဟင့်"

"အင်းပါမမရယ်  omma တို့ကိုထပ်ပြောကြည့်ရအောင်လေ "

"မရဘူးမောင်လေးရဲ့ appa တို့ omma တို့အကြောင်းနင်သိရဲ့သားနဲ့"

မမပြောတာလည်းဟုတ်သည် ။ appa နဲ့ omma တို့ကိုဘယ်နည်းနဲ့မှပြောလို့ရမည်မဟုတ် ။ appa နဲ့ omma ကငယ်ငယ်တည်းကနေသူတို့မောင်နှမနှစ်ယောက်အပေါ်စည်းကမ်းတင်းကြပ်လွန်းသည် ...... ဒါဆိုဒါ ဟိုဟာဆိုဟိုဟာမှ။

"ငါရှေ့အပတ် Min Woo နဲ့ဘဲတွေ့ချင်တယ်မောင်လေး ..... မမကိုထပ်ကူညီပေးပါနော် "

ကြားလိုက်ရသည့်စကားက မိုးကြိုးအစင်းတစ်ရာပြစ်ချလိုက်သလို

"ဘာ မမ .... ဘာရယ် ငါကဟိုလိုကြီးတွေဝတ်ပြီး သူ့ကိုသွားတွေ့ရအုန်းမယ်"

MY LITTLE BRIDEGROOM [ Completed ]Donde viven las historias. Descúbrelo ahora