#Unicode
ကားပေါ်က ဆင်းပြီး တဲ့အထိ Tae Hyung အိမ်ထဲကိုမဝင်ရဲသေးပါ။ ဒီနေ့ Jeon က သတင်းစာရှင်းလင်းပွဲလုပ်ရမည်။ ဖိုးဖိုးကို သေချာထပ်တောင်း ပန်ချင်တာလည်း ပါသလို သတင်းကြည့်ပြီး ဖိုးဖိုး တစ်ခုခုဖြစ်မှာစိုး၍လည်း လာလိုက်တာဖြစ်သည်။ပြီးတော့ မိမိကို စိတ်ခုကာ သူ့မြေးအရင်းနဲ့ပါမတွေ့သောကြောင့် ပိုပြီး စိတ်မကောင်းဖြစ်ရတယ်။ သူ့ကြောင့်နဲ့ မြေးအဖိုးသံယောဇဉ်ကိုလည်း မပြတ်တောက်စေချင်ပါ။
ရောက်ပြီးမှတော့ ပြန်တော့မလှည့်ချင်တော့။ အစတည်းက လာဖို့ တွေးပြီးလာခဲ့တာဘဲလေ။ ရှိသမျှ ခွန်အားတွေကို ဖျစ်ညှစ်ပြီး အိမ်တံခါးကို ခေါက်လိုက်မိသည်။ ခဏအကြာမှာ တံခါးလာဖွင့်တဲ့ ဖိုးဖိုး။ သူ့ကိုမြင်တော့ မျက်နှာကအလိုမကျပေမယ့် စကားကိုတော့ ပုံမှန်အတိုင်းသာပြောသည်။
" ဘာကိစ္စရှိလို့လဲ "
Tae Hyung က ဝဲတက်လာတဲ့ မျက်ရည်တွေကို ပုတ်ထုတ်ရင်း အားတင်းကားပြုံးသည်။ Mr Jeon သည် Tae Hyung ကိုမြေးအရင်းလေးပမာချစ်ခဲ့ပေမယ့် ခွင့်လွှတ်ဖို့ကိုတော့ခက်နေခဲ့သည်။
" ကျွန်တော် ဖိုးဖိုးဆီ လာတာပါ ... ဖိုးဖိုးကို သေချာလည်းတောင်းပန်ချင်လို့ပါ "
" မလိုဘူး ထွက်သွား "
တံခါးကို ပြန်ပိတ်ဖို့လုပ်တော့ Tae Hyung က အသဲအသန်တားထားသည်။ လူကြီးအားနဲ့ လူငယ်အားမလို့ တံခါးက ပိတ်ခြင်းအဖြစ်ကိုတော့မရောက်လိုက်။
" ထွက်သွားမှာပါဖိုးဖိုးရယ် မထွက်သွားခင်လေးတော့ တောင်းပန်ခွင့်ပြုပါ"
မြေပြင်မှာ ထောက်သွားတဲ့ ဒူးနှစ်ဖက်နဲ့အပြိုင် Tae Hyung မျက်ရည်တွေကျလာခဲ့သည်။
မုန်းချင်ပေမယ့်လည်း ကျန်ရှိနေသေးသည့် မေတ္တာ တရားတို့ကြောင့် နာကျင်နေရသောခံစားချက်ကို နားလည်နေသည်။ ဒီကလေးကို သူဘယ်လောက်ထိချစ်ခဲ့ရသလည်း သူ့ကိုယ်သူအသိဆုံး။ ညာရက်လေခြင်း လုပ်ရက်လေခြင်းဆိုတဲ့စိတ်တွေက ယနေ့ထိတိုင် ခွင့်မလွှတ်နိုင်သေးတာ။
" အိမ်ထဲဝင် ငါ့အိမ်ရှေ့မှာ ငိုမနေနဲ့ "
ခေါင်းမော့လာတဲ့ မျက်နှာလေးမှာ မျက်ရည်တွေနဲ့ ထို့အတူ အပြုံးလှလှလေးတွေနဲ့ ။ Mr Jeon က စကားများများစားစားမပြော ဘဲ အိမ်ထဲကိုအရင်ဝင်သွားနှင့်သည်။
![](https://img.wattpad.com/cover/208182820-288-k772245.jpg)